မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

EC,EP အခြေခံ waveform များ(၁၂)


ဒီပုံလေးကိုကြည့်ပါ။ ဒီပုံလေးက resistor တွေဟာ series လည်း မဟုတ်သလို parallel လည်း မဟုတ်ကြပါဘူး။
ဥပမာ R1 နဲ့ R2 တို့ဟာ တစ်ခု နဲ့တစ်ခု series လို့ပြောရအောင်လည်း ကြားထဲမှာ R4 နဲ့ R5 ဆီက လာနှောင့်ယှက်လို့ series မဖြစ်ပါ။
R4 နဲ့ R7 တို့ဟာ series လို့ ပြောရအောင်လည်း R3 ကရှုပ်နေလို့ series လို့ ပြောမရပါ။
R4 နဲ့ R1 ဟာ parallel လို့ပြောရအောင်လည်း R7 က၀င်ရူပ်လို့ parallel လို့ပြောမရပါ။
ဒါ့ကြောင့် ဒီ circuit မှာ parallel နဲ့ series ဖြစ်စေမယ့် connection တို့ရှိမနေပါ။

R1 နဲ့ R4 ကြားက node နဲ့ R5 နဲ့ R2 ကြားက node နှစ်ခု ကြားမှာ ဘာပစ္စည်းမှ ရှိမနေလို့ သူတို့ကို တစ်ခုတည်းပေါင်းလိုက်မယ်ဆိုရင်


ဒီပုံလေးရလာပါတယ်။
R4 R5 နဲ့ R3 တို့ဟာ တြိဂံပုံလေးဖေါ်နေလို့ သူ့ကို Delta connection လို့ခေါ်ပါတယ်။ ဒီပုံစံလေးကို အလွယ်ပြောင်းတဲ့ Y-Δ transform
နည်းရှိပါတယ်။ ဒီ link [/COLOR][url]http://en.wikipedia.org/wiki/Y-%CE%94_transform[/url] [COLOR="Blue"]မှာ အလွယ်တစ်ကူဖတ်နိုင်ပါတယ်။ သူတို့သုံးလုံးကို ပုံစံပြောင်းလိုက်ရင် ရလာမယ့် သုံးလုံးက အောက်က ပုံလေးအတိုင်းပါ။
R8=(R4*R5)/(R3+R4+R5)= 25/15= 1.67
R9=(R4*R3)/(R3+R4+R5)= 25/15= 1.67
R10=(R3*R5)/(R3+R4+R5)= 25/15= 1.67
ဆိုပြီး node A B C မှာ Delta ကနေ အလယ်ပွိုင့် X လေးထပ်လောင်းပြီး Star(Y) ပုံစံလေးကို ပြောင်းသွားပါတော့တယ်။

အခုဆိုရင်မူလပုံဟာ အောက်ပါအတိုင်းပြောင်းသွားပါတယ်။

ဒီမှာလည်း DEF တို့ဟာ အလယ်မှတ် Y ကို ဗဟို ပြုလို့ Star ပုံပေါ်နေပါတယ်။ သူ့ကို delta ပုံဖြစ်အောင် ပြောင်းကြည့်မယ်ဆိုရင်

R15=(R1*R2+R2*R11+R11*R1)/R2 = (25+8.35+8.35)/5= 8.34
R16=(R1*R2+R2*R11+R11*R1)/R1 = (25+8.35+8.35)/5= 8.34
R15=(R1*R2+R2*R11+R11*R1).R11 = (25+8.35+8.35)/1.67= 25 ဆိုပြီး ပြောင်းသွားပါတယ်။
ခုချိန်မှာ ကျွန်တော်တို့ရဲ့ မူလ circuit လေးဟာ အောက်ပါအတိုင်းပြောင်းသွားပါတယ်။

နောက်ဆုံးမှာတော့ source ကထွက်တဲ့ Current ဟာဆိုရင် 10/5.7=1.75 ရရှိပါကြောင်း။
ဖတ်တဲ့ ကျောင်းသားတွေတော့ မသိပါဘူး ကျွန်တော်ကတော့ မျက်လုံးအောင့်နေပြီဗျ။
နောက်ပိုစ့်မှာ ဆက်တာပေါ့ဗျာ။

Comments :

0 comments to “EC,EP အခြေခံ waveform များ(၁၂)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်