မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

Auto-CAD 3D-examples (၁၃)

တခြမ်းခြမ်းရာမှာ sl ကိုရိုက်သုံးလို့ရပါတယ်။ ဒီပို့တွေ အစမှာ ကျွန်တော် ခေါ်စေချင်တဲ့ toolbox တွေကို ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ပုံလေးတွေနဲ့ပြထားပါတယ်။ ကျွန်တော့်မှာ သေးသေးလေးတွေ upload ဖို့ မလွယ်တာ(အချိန်မရတာ)ကြောင့် icon လေးတွေနဲ့ မပြနှိုင်ပါဘူး။ စမ်းတာကြည့်တော့နော်။

လောလောဆယ် sl ကိုရိုက် enter ခေါက်လိုက်ပါ။ object ကို select ခိုင်းတဲ့အခါ ကျွန်တော်တို့ ခြမ်းချင်တဲ့ အစိမ်းတုံးကို ကလစ်လိုက်ပါခင်ဗျ။ enter ခေါက်တဲ့အခါ ဖြတ်နည်းတောက်နည်းတွေ မေးပါတယ်။ ကျွန်တော်အကြိုက်ဆုံးက အမှတ်(၃) မှတ်ပေးပြီး ဖြတ်ခိုင်းတာပါ။ default ကလည်း 3 point မိုလို့ enter ပဲခေါက်လိုက်ပါ။
first point တောင်းပါတယ်။ နောက်ထပ် နှစ်မှတ်ထပ်တောင်းပါတယ်။ အောက်ကပုံလေးအတိုင်း အစဉ်လိုက်လေး ၃ နေရာ သုံးချက် ကလစ်လိုက်ပါ။ ကလစ်အပြီးမှာ အောက်ကပုံလေးအတိုင်း မေးပါလိမ့်မယ်ခင်ဗျ။
လိုချင်တဲ့ ဘက်ကို ရွေးပါဆိုတော့ ပုံဝဲခြမ်းကို ကလစ်လိုက်ပါမယ်။ ဒီပိုင်းယူမယ် ဟိုပိုင်းလွင့်ပေါ့ဗျာ။ ( section နဲ့ ခွဲကြည့်ချင်တဲ့ အခါမှာတော့ နှစ်ဖက်လုံးလိုလို့ b ကိုရိုက်ပြီး နှစ်ပိုင်းလုံးယူလေ့ရှိပါတယ်ခင်ဗျ။)
အောက်ပါပုံလေးအတိုင်း ရလာပါလိမ့်မယ်ခင်ဗျ။
အ၀ါပြထားတဲ့ နေရာရဲ့ တစ်ဝက်ကို သူ့ကို ရွှေ့ဖို့လိုနေပါသေးတယ်ခင်ဗျ။

Comments :

0 comments to “Auto-CAD 3D-examples (၁၃)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်