မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။
Showing posts with label Auto-CAD. Show all posts
Showing posts with label Auto-CAD. Show all posts

Auto-CAD 3D-examples (၄၈)

ကျောင်းလေးပိတ်တုန်း နားကောင်းကောင်းနဲ့ နားလိုက်တာဗျာ မိသားစုနဲ့ တော်တော်လေးတောင် အဆက်ပြတ်သွားပါတယ်ခင်ဗျ။ ကဲဗျာ ပုံလေးတွေ ဆက်ဆွဲကြပါစို့ခင်ဗျ။ ပေးထားတဲ့ပုံက အောက်မှာပါ။
ပထမဆုံးတော့ အောက်ကပုံလေးအတိုင်းပဲ အလျှားအနံအမြင့်ရှိတဲ့ ကိုယ်ထည်လေး ဆွဲလိုက်ပါတယ်ခင်ဗျ။
ပြီးတာနဲ့ layer လေးတွေ အောက်ကအတိုင်း ၀ါစိမ်းနီပြာရယ်လို့ ထားလိုက်ပါတယ်။

အ၀ါနဲ့ စ ဆွဲမှာနော်။ ထောင့်မှန်စတုဂံတုံးရဲ့ အလယ်ကို မသိလို့ ကန့်လန့်ဖြတ်မျဉ်းလေးဆွဲပြီး Center ရှာလိုက်ပါတယ်။
အချင်း ၄၀ အမြင့် ၃၀ တုံးလေး လုပ်လိုက်ပါတယ်။ သူ့ရဲ့ အပေါ်မျက်နှာပြင်မှာ အစိမ်းရောင် layer ကို သုံးပြီး အချင်း ၆၀ အမြင့် ၄၀ ဆလင်ဒါကို ဆွဲလိုက်ပါတယ်။
ပြီးတော့ အနီရောင် layer ကိုသုံးပြီး အချင်း ၁၂၀ အမြင့် ၁၈၀ ဆလင်ဒါကို ဆွဲလိုက်ပါတယ်ခင်ဗျ။
ဒါက အကြမ်းထည်ပါ ကျွန်တော်တို့ အောက်ကပုံလေးရအောင် ဆက်လက် ဖြတ်ထုတ်ကြပါစို့ဗျာ။

Auto-CAD 3D-examples (၄၇)

Gouraud Shaded လုပ်ကြည့်တဲ့အခါမှာ အောက်ကပုံလေးတွေအတိုင်းရလာပါတယ်ခင်ဗျ။

တစ်ပိုင်းချင်းစီကို အရောင်ခြယ်ကြည့်မယ်ဆိုရင်တော့

ကျွန်တော်ကတော့ ဆွဲပြီးပါပြီ။ လိုက်လံဆွဲသားတဲ့ ဧည့်သည်တော်များ အဆင်မပြေတာရှိရင် comment မေးမြန်းနိုင်ပါတယ်။ ကျွန်တော်ပြန်ဆွဲကြည့်ပြီး ပြန်ဖြေပေးပါ့မယ်ခင်ဗျာ။

Auto-CAD 3D-examples (၄၆)

အောက်ကပုံလေးအတိုင်း layer ပြောင်းပြီး
UCS ကိုလှည့်လိုက်ပြီး mirror ပါတယ်။ (လိုင်းပါပြထားပါတယ်။) mirror မလုပ်ချင်က copy လုပ်ပါ။ copy ကလွယ်ပါတယ်။ mirror သဘောကို သိစေချင်လို့ mirror ပဲ လုပ်ပြလိုက်ပါတယ်ခင်ဗျာ။
ရလာတဲ့ နှစ်ခုကိုပဲ UCS ပြောင်းပြီး mirror လုပ်လိုက်ပါတယ်။ အောက်ကပုံလေးအတိုင်းပါခင်ဗျာ။

ခုအခါမှာတော့ အောက်ကပုံကို ရရှိပါကြောင်း။

Auto-CAD 3D-examples (၄၅)

UCS ကိုလည်း ပုံပါအတိုင်းပြောင်းလိုက်ပါတယ်။
ဒီပုံလေးအတိုင်း layer တွေကို ပြောင်းလိုက်ပါတယ်။
နှစ်သက်ရာ ဆင်တူတစ်နေရာမှာ အောက်ကစက်ဝိုင်းလေးနှစ်ခု ဆင့်ဆွဲလိုက်ပါတယ်ခင်ဗျာ။
အဲဒီနှစ်ဝိုင်းကို မြင်ရအောင်သာ layer တွေကို ဖျောက်လိုက် လင်းလိုက်လုပ်ကြည့်တဲ့အခါ
စက်ဝိုင်းသေးကို (-)၁၃၀ စက်ဝိုင်းကြီးကို (-)၅၀ ext တင်တဲ့အခါ အောက်ကပုံကို ရလာပါ့မယ်ခင်ဗျ။
union လုပ်ပြီး ပေါင်းလိုက်တဲ့အခါမှာတော့ အောက်ကပုံလေးအတိုင်းရလာပါတော့တယ်ခင်ဗျာ။

Auto-CAD 3D-examples (၄၄)

mirror ကိုလည်း အလေ့အကျင့်ရသွားပြီမို့ အ၀ါရောင် ဆလင်ဒါကိုလည်း အောက်ကပုံလေးအတိုင်းသာ UCS ပြောင်းပြီး ပွားလိုက်ပါတော့ခင်ဗျာ။
အောက်ကပုံကတော့ ပွားပြီးသားပုံပေါ့ခင်ဗျာ။
ပုံကို စဆွဲစမှာ အစိမ်းရောင် ဒေါင်လျက် ဆလင်ဒါ လေးခုဆွဲခဲ့ပေမယ့် တစ်ခုက အပေါက်ဖေါက်ဖို့ သုံးလိုက်ရတယ်လေ။ ဒါ့ကြောင့် ပြန်အလျော်ပေးပါဦးမယ်။ copy ကိုရိုက်ပြီး အောက်ကပုံအတိုင်း အစိမ်းရောင်ကို ကလစ်ပါခင်ဗျာ။
base point ကို အစိမ်းဆလင်ဒါ အလယ်ကို ရွေးပြီး ဟိုဘက်အလယ်ကို ကလစ်လိုက်ပါဗျို့။
ဒီမှာဆို ၄ ခုလုံးစုံသွားပြီပေါ့ဗျာ။
Gouraud Shaded ကကြည့်မယ်ဆိုရင် ဒီလိုလေးတော့ မြင်နေရပြီပေါ့ဗျာ။

Auto-CAD 3D-examples (၄၃)

အနီရောင်ကို ရွေးလိုက်တယ် ဆိုပါစို့ခင်ဗျာ။
ဒီခါမှာလည်း အရင်လိုပဲ mirror ကိုသုံးပြီး ဟိုဘက်ဒီဘက် ခွဲချချင်ပါတယ်။ mirror ကိုရိုက် ပစ္စည်းလေးကို ကလစ်ပြီး mirror line ရဲ့ point တွေကိုလည်း အောက်ပါအတိုင်းပေးလိုက်ပါခင်ဗျ။
ဒီပုံရမယ်ပေါ့ခင်ဗျာ။
UCS ကို အောက်ကပုံလေးအတိုင်း ပြောင်းလိုက်ပါတယ်။
mirror ကိုရိုက်ပြီး အောက်ကလိုင်းအတိုင်း ပွားလိုက်ပါခင်ဗျ။
ဒီပုံလေးကို ရလာပါတယ်ခင်ဗျ။

Auto-CAD 3D-examples (၄၂)

သူ့တပြုံလုံးကို ဒီဘက်မှာလည်း ရောက်လာစေချင်တယ်လေ။ (ဒါ့ကြောင့်မို့ ပေါင်းစဉ်မှာ ဒေါင်လျက် ဆလင်ဒါကို ကျွန်တော် ထည့်မပေါင်းခဲ့တာကို သတိရစေချင်ပါတယ်။)
MIRROR ကိုရိုက်ပြီး ENTER ခေါက်ပါတယ်။ ပစ္စည်းကို ရွေးခိုင်းတော့ အောက်ကပုံလေးကို ကလစ်ပါတယ်ခင်ဗျ။
MIRROR LINE အတွက် POINT ကိုမေးတော့ အောက်ကပုံလေးအတိုင်း ၂ မှတ်ကို ကလစ်ပေးလိုက်ပါတယ်ခင်ဗျ။
ဒီပုံလေးရသွားတာပေါ့ခင်ဗျာ။
ဒီခါမှာတော့ အလယ်က ဒေါင်လျက်ဆလင်ဒါကို ပေါင်းလိုက ပေါင်းနိုင်ပြီးဖြစ်ပါတယ်ခင်ဗျ။ union ကိုကလစ်ပြီး အောက်ကပုံအတိုင်း အလယ်ဆလင်ဒါနဲ့ ဘေးက အတွဲနှစ်ခုကို ကလစ်တဲ့ပြီး ပေါင်းလိုက်ပါတယ်ခင်ဗျာ။
ပုံကြီးက ပြတ်တိပြတ်တောင်းကြီး ဒီလို
ကြီးဖြစ်နေရင် ကလစ်ပြီး အရောင် ရွေးလိုက်ပေါ့ခင်ဗျာ။

Auto-CAD 3D-examples (၄၁)

အားလုံကို ပြန်ဖေါ်လိုက်ပြီး UCS ကို အောက်ပါပုံအတိုင်း ပြောင်းလိုက်စေချင်ပါတယ်ခင်ဗျ။
move ကိုရိုက်လိုက်ပါခင်ဗျ။ ပစ္စည်းရွေးခိုင်းရင် အောက်ကပုံလေးကို ကလစ်ပေးလိုက်ပါခင်ဗျ။
point ရွေးခိုင်းတဲ့ အခါ ပစ္စည်းပေါ်က တစ်နေရာကို ကလစ်ပြီး ပုံပါအတိုင်း x direction အတိုင်းဆွဲထုတ်လိုက်ပါတယ်ခင်ဗျ။
ပြီးရင် ၅ ကိုရိုက်ပြီး enter ခေါက်လိုက်ပါခင်ဗျ။ ပုံပါအတိုင်း ၅ အကွာအဝေး ရွှေ့ပြီးဖြစ်ပါတယ်ခင်ဗျ။

Auto-CAD 3D-examples (၄၀)

အောက်ကပုံလေးအတိုင်းပဲ လိုချင်တာလေးချန်ပြီး ကျန်တာတွေကို ဖျောက်လိုက်ပါတယ်ခင်ဗျ။
ဒေါင်လျက်မျဉ်းကနေ စက်ဝိုင်းဆီကို tangent မျဉ်းဆွဲချလိုက်ပါတယ်။ line enter နဲ့ ပထမအမှတ်ကို ကလစ်ပြီး ဒုတိယ tangent ကို ကလစ်ယုံပါပဲ။ tangent မပေါ်ရင် OSNAP ကို right click ပြီး setting ၀င်ပြီး tangent ကိုလည်း ပြပေးပါဗျာလို့ တောင်းဆိုလိုက်ပေါ့ ခင်ဗျာ။
အောက်အနားကနေပြီး နောက်ထပ်မျဉ်းတစ်ကြောင်း tangent ဆွဲချလိုက်ပါဦးမယ်ခင်ဗျ။
ပြီးတဲ့အခါ tr ကိုရိုက် enter နှစ်ချက် ဆင့်ခေါက်ပြီး မလိုတဲ့ အောက်က အပိုင်းလေးကို ကလစ်လိုက်ပါခင်ဗျ။
ပုံပါအတိုင်း အချင်း ၂၀ ရှိတဲ့ စက်ဝိုင်းလေးကို ဆွဲလိုက်ပါဦးခင်ဗျ။
ပြီးရင်တော့ pe ကိုရိုက်ပြီး အားလုံးကို join လိုက်ပါခင်ဗျ။ join ပြီးတဲ့အခါ အမြင့် ၁၀ တင်လိုက်ပါခင်ဗျ။ အောက်ကပုံလေးအတိုင်းရလာပါမယ်ခင်ဗျ။
ပြီးတဲ့ အခါ အပြင်ဘက်ထုမှ အလယ်က ဆလင်ဒါကို su ရိုက်ပြီး နှုတ်လိုက်ပါခင်ဗျ။ Gouraud Shaded နဲ့ကြည့်ရင် ဒီလိုလေးမြင်မှ ဖြစ်ပါနော်။ မမြင်ရရင် control နဲ့ z တွဲနှိပ်ပြီး လိုချင်တဲ့အစတိုင် ပြန်ခေါ် ပြန်ဆွဲပေါ့ခင်ဗျာ။

Auto-CAD 3D-examples (၄၀)

ကဲဗျာ ခုပဲ စလိုက်ကြပါစို့ ....
အဆင့်တိုင်းလိုလိုမှာ UCS တွေ အပြောင်းများမှာမို့ တစ်ချို့အပိုင်းတွေကို ကျော်ခွပြီး အသေးမစိတ်တော့ပါဘူးခင်ဗျ။ သေချာတာကတော့ ပြောခဲ့ပြီးသား command တွေကိုပဲ ကျွန်တော်သုံးပါမယ်ခင်ဗျ။
ပထမဆုံး အောက်ကပုံလေးအတိုင်း layer တွေကို ဖွင့်ပိတ်လုပ်ပါ့မယ်ခင်ဗျ။
အနက်ရောင် layer ကိုသုံးချင်တော့ အနက်ရောင်ကို အရောင်ပြောင်းလိုက်ချင်ပါတယ်။ အောက်ကပုံလေးအတိုင်းပေါ့ဗျာ။
အောက်ကပုံလေးအတိုင်း UCS ကိုပြောင်းပါတယ်။ ကျွန်တော်ကတော့ 3 point နဲ့ပြောင်းတာပဲ ပြောခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မူရင်း အဖြူဘောင်ကို မစွန့်ပယ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။
ပြထားတဲ့ ပွိုင့်လေးမှာပဲ အချင်း ၃၀ ရှိတဲ့ စက်ဝိုင်းလေးဆွဲပါတယ်။
အောက်က ပုံလေးအတိုင်းပဲ မျဉ်းလေးတစ်ကြောင်းဆွဲပါတယ်။
အတော်လေးကို ရှုပ်ရှက်ခပ်သွားလို့ ရှင်းကြည့်ကြစို့ရဲ့ဗျာ။

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်