မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

Auto-CAD 3D-examples (၂၉)

နောက်တစ်ပုံအနေနဲ့ အောက်မှာပြထားတဲ့ အစိတ်အပိုင်းလေးတွေအရင်ဆွဲဖို့ ရှိပါတယ်။
ပြီးရင် ပြန်ပေါင်းပါ့မယ်။ ဒီပုံလေးပေါ့ခင်ဗျာ။

EC,EP အခြေခံ waveform များ(၃၁)

ဒါလေးက ဒိုင်အုပ်အတွက်ပါခင်ဗျ။ တိုင်းရာမှာ ဒိုင်အုပ်ရဲ့ (+) စွန်းမှာတိုင်းလို့ (-) စွန်းမှာ ground ချထားတာကို ဂရုပြုပါခင်ဗျာ။ ဒီလိုပုံစံနဲ့ပဲ ခွဲတိုင်းသွားမှာ ဖြစ်ပါတယ်။
ဒီ wave မှာ ပထမ ကျွန်တော်တို့ပြောမှာ ac ဗို့ပါ။ သူ့ရဲ့ မူရင်း wave မှာ 7.071 ရကြောင်းပြောခဲ့ပါတယ်။ ခုခါမှာတော့ ထက်အောက် နှစ်ပိုင်းမညီတော့ပါဘူး။ အောက်ပိုင်းက ကြီးပါတယ်။ တနည်းအားဖြင့် ထက်အောက်နှစ်ပိုင်းမှာ မျှချေယူရပါတော့မယ်။ ဒီအခါမှာ ထက်အောက် SQUARE နှစ်ခုပေါင်းပြီး နှစ်နဲ့စားတာနဲ့နီးစပ်ပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ Source မှာ 7.071V ချည်းပဲ ထက်အောက်ရလို့ ပေါင်းပြီး နှစ်နဲ့စားတော့ ဒါပဲပြန်ရပေမယ့် အခု wave မှာတော့ အပေါ်ခြမ်းက ခန့်မှန်းခြေ 1V ရှိပါတယ်။(ပုံအရမှန်းကြည့်တာပါ။) အောက်ပိုင်းကတော့ sine မိုလို့ 7.071V ပါ။ နှစ်ခုပေါင်းပြီး ၂ နဲ့စားရာမှာ 4V ကျော်ကျော်ရပါမယ်။

DC-average ကတော့ ထူးခြားလာပါပြီ။ မူလအစိမ်းရောင်က အစိမ်းဧရိယာပါ။ အပေါ်က ပိုနေတာလေးက ယာခြမ်းကို မြှားအတိုင်း ကြည်ပြာရောင်ဧရိယာဆီ ရွေ့သွားဟန်ရှိပြီး၊ အောက်က ပိုနေတဲ့ ဧရိယာက ၀ဲဖက်ကြည်ပြာဆီ ရွေ့သွားဟန်ရှိပါတယ်။ ဒါ့ကြောင့် နောက်ဆုံးညှိလိုက်တဲ့အခါ ကြည်ပြာရောင်နဲ့ အစိမ်းဧရိယာတွေပေါင်းထားတဲ့ -2.841V ကိုရပါတယ်။ ဒါဟာ တစ်ဖက်တည်းဆီကို ညွှန်းတဲ့ DC ပေါ့ခင်ဗျာ။
အင်မတန်စိတ်ဝင်စားဖို့ချစ်ဖို့ကောင်းတဲ့ ကျွန်တော်တို့ရဲ့ Waveform လေးတွေပေါ့ခင်ဗျာ။

EC,EP အခြေခံ waveform များ(၃၀)

အပေါ်ပို့က Source ကပေးတဲ့ wave ကိုပြန်စမ်းစစ်ကြည့်ပါမယ်။
သူရဲ့ peak value ရာ ၁၀ ရှိပါတယ်။ ၁၀ ကို sqrt2 နဲ့စားရင် 7.071 ရပါတယ်။ ဒါဟာ ကျွန်တော်တို့ Multimeter ကို AC Vဆိုတဲ့ mode မှာ ထားတိုင်းရင် ရမယ့်တန်ဖိုးပါ။ တနည်းအားဖြင့် Root Mean Square တန်ဖိုးပေါ့ခင်ဗျာ။
ဒီ wave မှာ တစ်ဖက်တည်း သီးသန့်မစီးပါဘူး။ နှစ်ဖက်ကိုမှ ဧရိယာမျှပါတယ်။ ဒါ့ကြောင့် DC-average က 0V နီးပါးမှာပါ။ အပေါ်ဆုံးက 0V ကတော့ Source အနေနဲ့ DC သီးသန့်ထူးခြားရှိမနေတာ။ တနည်းအားဖြင့် စ ON တည်းက တစ်သတ်မှတ်တည်း စီးနေတာမရှိတာလို့ပြပါတယ်။ ကျွန်တော်တို့ဟာ စတည်းက အခြေအနေကို ဆုပ်ကိုင်ထားလိုခြင်းမရှိပါဘူး။ စီးဆင်းလို့ ကြာလာမှ အခြေအနေ(တနည်းအားဖြင့် overall ) ကိုပဲကြည့်မှာပါ။ ဒါ့ကြောင့် အပေါ်ဆုံးက တိုင်းတာခြင်းကို မသုံးတော့ပါဘူးခင်ဗျ။

ကျွန်တော်တို့ ဆက်သုံးသွားမှာဟာ AC တန်ဖိုးနဲ့ DC-average တို့ပါပဲ။ ပြန်နွှေးရမယ်ဆိုရင် AC တန်ဖိုးဆိုတာ ပေးတဲ့ အသွားအပြန်ကို တစ်ဝက်ဝက် ပြီး တစ်ဖက်မှာ ဘယ်လောက်ပမာဏရှိတယ်တွက်တာပါ။ ပေးတဲ့ပုံဟာ ဘယ်လိုပုံဖြစ်စေတော့ တစ်ဖက်စီးမှာတော့ ထောင့်မှန်စတုဂံပုံ(သို့)square ပုံဖြစ်ရပါမယ်။ ပေးတဲ့ ပုံဘယ်လိုပုံဆိုရာမှာ sine မဟုတ်လို့ လွှသွားပုံဖြစ်ရင်လည်းရပါတယ်။ ထောင့်မှန်စတုဂံပုံ(သို့)square ဆိုတာ wave ဟာ တစ်ဖက်က volt တစ်ဖက်က time မိုလို့ ထောင့်မှန်ပုံဖြစ်ဖို့သာ အရေးကြီးပါတယ်ခင်ဗျ။
DC-average ဆိုတာကတော့ အသွားအပြန်နှစ်ဖက်မမျှတော့ရင် ဘယ်ဘက်ကို ဘယ်လောက်ပိုမလဲတွက်တဲ့ ပမာဏပါ။ သူလည်း RMS လို ထောင့်မှန်ပုံဖြစ်အောင်လုပ်ပြီးမှ တိုင်းပါတယ်။ ဘာ့ကြောင့်လဲ ဆိုတာကတော့ရှင်းပါတယ်။ တိုင်းတဲ့မီတာတွေကိုက တည်ငြိမ်တဲ့ အမြင့်တစ်ခုမှာမှ ညွှန်တံက မလှုပ်မယှက်ပြနှိုင်မှာကိုးခင်ဗျ။
နောက်ထပ် နှစ်WAVE ကို ဆက်လေ့လာကြစို့ခင်ဗျာ။

EC,EP အခြေခံ waveform များ(၂၉)

နမူဏာပုံလေးကိုကြည့်ပါခင်ဗျာ။ ဆားကစ်နှစ်ခုလုံးက အတူတူပါခင်ဗျ။ တိုင်းရာမှာရှင်းအောင် ကျွန်တော် နှစ်ပုံလုပ်ထားတာပါခင်ဗျ။
ကြည်ပြာရောင် ဒီ wave လေးဟာ source ကပေးတဲ့ wave ပါ။ အမြင့် 10V ရှိပါတယ်။ သူရဲ့ AC တန်ဖိုးဟာ 7V ကျော်ကျော်မှာ ရှိပါ့မယ်။ root 2 x 10V ပါ။ သူဟာ frequency 1kHz မိုလို့ T=1/f အရ ပုံထဲက 1 cycle စာတန်ဖိုးဟာ 1ms ရှိနေပါတယ်။
အစိမ်းရောင် wave ကတော့ ဒိုင်အုတ်က ခံစားရမယ့် voltage ပါ။ forward ပေးချိန်မှာ 1V မကျော်ပေမယ့် ဒုတိယခြမ်းမှာတော့ ပေးတဲ့ wave ဟာ reversed bias ကြောင့် Source ကပေးတဲ့အတိုင်းခံစားရပါမယ်။အ၀ါရောင် wave က load Resistor ကရမယ့်တန်ဖိုးပါ။ ပထမ cycle တစ်ခြမ်းမှာ source ကပေးတဲ့ ၁၀ မှာ diode ကရတဲ့ 1V မပြည့်တဲ့ တန်ဖိုးပါ။ ဒုတိယ Cycle တစ်ဝက်မှာတော့ diode က အကုန်ယူသွားလို့ သူက ဘာမှ မရတော့ပါဘူး။ ဒါ့ကြောင့် သူဟာ တစ်ဖက်စီးသာရပါတော့တယ်။ 0V အောက်တန်ဖိုးမရလို့ ပြောခြင်းသာဖြစ်ပါတယ်။ဒီပုံလေးကတော့ WAVE တွေအားလုံးပြန်ပေါင်းပြတာပါ။ ပေးတဲ့ Source Voltage ကို diode နဲ့ Resistor တို့ ခွဲယူကြတာကိုပြပါတယ်။ ဒီပုံက အစိမ်းနဲ့အ၀ါလေးတွေကို ကြိုက်ရာ အမှတ်မှာ ပြန်ပေါင်းပါ။ ကြည်ပြာရောင် Source Voltage ကိုရပါတယ်။ 0.250ms မှာ အစိမ်းက 0.7V ဆိုရင် အ၀ါက 9.3V ပါ ပေါင်းရင် 10V ပါ။
ဒါလေးက Wave တွေနားလည်စေဖို့ကျွန်တော်နမူနာပြတာပါ။ နောက်ပိုစ့်မှာ သူတို့ရဲ့ AC တန်ဖိုး DCaverage တို့ကို အသေးစိတ်ပြပါဦးမယ်ခင်ဗျ။

EC,EP အခြေခံ waveform များ(၂၈)

အောက်က နမူနာပုံလေးမှာ ဒိုင်အုပ်နှစ်ခုံကို ကွဲပြားတဲ့ အခြေနေ နှစ်မျိုးနဲ့ တင်ပြထားပါတယ်။ ဗို့ 100V ပေးထားပါတယ်။ ဒိုင်အုပ်ကရတာက 1V မကျော်တော့ သူ့ကို မရှိဘူးလို့ ယူဆတာပေါ့ဗျာ။
ပုံထဲမှာ Source ကနေ Current ထွက်လာတာကို ဂရုပြုပါ။ DIODE 1 မှာ FORWARD BIAS အနေနဲ့ဝင်တော့ သူ ON ပါတယ်။ ဒါ့ကြောင့်သူဟာ Voltage Drop 1V မကျော်ဘူးဖြစ်သွားပါတယ်။ DIODE 2 မှာ REVERSED BIAS အနေနဲ့ဝင်တော့ သူ OFF ပါတယ်။ သူ့ကိုစီးမယ့် Current ဟာ မစီးသလောက်နည်းသွားပါမယ်။
ပုံကို ထပ်အသေးစိတ်လိုက်မယ်ဆိုရင်
ဒီပုံမှာဆိုရင် i2 က မစီးဘူးလို့ ယူဆနှိုင်လို့
i1=i3=i4

i2 မစီးပေမယ့် V2 ဟာ V4 ကို ခွတိုင်းတာနဲ့တူလို့
V2=V4

V1 ကို 0V နီးပါးမှာလို့ယူဆတော့
V3+V4=100V

ဒီ Circuit အတွက် Resistor နှစ်လုံးတူလို့
V2=V4=50V

Diode 1 အတွက်
V1=0V
1=i3=V4/(1k)=V3/(1k)

Di0de 2 အတွက်
V2=50V
I2=0A
အားလုံးကို အနီးစပ်ဆုံးယူထားပါတယ်ခင်ဗျာ။ နောက်ပုံတွေမှာတော့ အနီးစပ်ဆုံးမလုပ်တော့ပါဘူး။ အတိအကျတွက်တာပေါ့ဗျာ။

Auto-CAD 3D-examples (၂၈)

အလယ်က ဆလင်ဒါလေးကို နှုတ်ပြီး Gouraud shaded ကိုပြောင်း၊ 3D orbit နဲ့ ကြည့်လိုက်တဲ့ အခါမှာတော့ အောက်က ပုံလေးအတိုင်းရလာပြီပေါ့ခင်ဗျာ။
နောက်ထပ် ပုံတွေလည်း စောင့်မျှော်အားပေးပါလို့ ....

Auto-CAD 3D-examples (၂၇)

ခုခါမှာတော့ ဆလင်ဒါနဲ့ ထောင့်မှန်စတုဂံတုံးကြားလေးတွေမှာ ကွေးချင်နေပါပြီ။ f ကိုရိုက် enter ခေါက်ပါမယ်။ အချင်းဝက်ပေး ကွေးမှာမို့ r ကို ရိုက်ပါတယ်။ ကွေးမယ့် အချင်းဝက်ကို တောင်းတော့ 0.25 ကိုရိုက်ပါတယ်။ ပထမမျက်နှာပြင်နားတောင်းပါတယ်။ အောက်က ပုံရဲ့ ပထမအစိမ်းမြှားစွန်း တစ်ခုကို ကလစ်လိုက်ပါ။ အချင်းဝက် ထပ်တောင်းရင် 0.25 ပေးပြီးသားမို့ ထပ်ရိုက်ချင်လည်းရိုက်၊ မရိုက်ချင်လည်း enter သာခေါက်လိုက်ပါ။ တတိယ မျက်နှာပြင်စွန်းတောင်းတဲ့အခါ ဒုတိယအစိမ်းမြှားပြထားရာကို ကလစ်လိုက်ပါ။
အဲလိုလေး ကလစ်ပြီးတဲ့အခါမှာတော့ အောက်က ပုံလေးအတိုင်းရလာပါလိမ့်မယ်ခင်ဗျ။
ဒီပုံမှာ အလယ်က ဆလင်ဒါလေးကို မနှုတ်ရသေးပါဘူးခင်ဗျ။

Auto-CAD 3D-examples (၂၆)

သူတို့နှစ်ခုကို union လုပ်ပြီး ပေါင်းလိုက်တဲ့ အခါမှာတော့ အောက်က ပုံလေးအတိုင်းရလာပါတယ်။
အောက်ကပုံလေးအတိုင်းပဲ အချင်းဝက် ၁ ရှိတဲ့ circle လေးတစ်ခုဆွဲလိုက်ပါတယ်။
သူ့ကိုလည်း z direction အတိုင်း အမြင့် ၄ တင်ပါတယ်။ အောက်ကပုံလေးအတိုင်းရလာပါ့မယ်။
အောက်ခံပုံထဲက ခုနပဲ ထုတင်လိုက်တဲ့ ဆလင်ဒါကို နှုတ်တဲ့အခါ အောက်ကပုံလေးရလာပါမယ်ခင်ဗျ။

Auto-CAD 3D-examples (၂၅)


ဒီအပေါ်က ပုံလေးမှာ ပြထားတဲ့ အမှတ်လေးတွေကိုသုံးပြီး မျဉ်းနှစ်ကြောင်းဆွဲပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆလင်ဒါခြမ်းကို ထောင့်မှန်စတုဂံတုံးအပေါ်ကို တင်ချင်လို့ ဖြစ်ပါတယ်။ ဒါက ကျွန်တော့်စိတ်ကူးပါလေ။ ကျွန်တော့်လိုမဟုတ်ဘဲ နှစ်ပွိုင့်ထပ်လို့ရမယ့် နည်းတွေ ရှိရင်လည်း ရကြမှာပါပဲ။ ခုတော့ ကျွန်တော်ဆွဲသလိုပေါ့ဗျာ။
move ကို သုံးပါမယ်။ ဆလင်ဒါခြမ်းကို ရွေးပေးပြီး ရွှေ့လိုတဲ့ နှိုင်းရအမှတ်ရွေးခိုင်းပါတယ်။ အောက်မှာ အစ်မ်းနဲ့ပြထားသလို နှစ်နေရာကလစ်လိုက်ပါ။
အောက်ကပုံလေးအတိုင်း ထပ်မိလျှက်သားဖြစ်သွားပါတယ်။

Auto-CAD 3D-examples (၂၄)

စက်ဝိုင်းလေးကို z direction အတိုင်း အမြင့် ၄ ရှိတဲ့ ဆလင်ဒါအဖြစ်ဆွဲထုတ်လိုက်ပါတယ်။ အောက်က ပုံလေးအတိုင်းမြင်ရပါမယ်။
သူ့ကိုပဲ sl ကိုသုံးပြီး အမှတ် ၃ မှတ်ရွေးပေးပြီး ခြမ်းထုတ်လိုက်ပါတယ်။ (ရှေ့ကပို့တွေမှာ ခြမ်းပုံခြမ်းနည်းတွေ ပြောပြခဲ့ပြီးပါပြီခင်ဗျ။)
ဒီပုံလေးရလာပါလိမ့်မယ်။
သူ့ကို နေရာရွှေ့ဖို့ ကြိုးစားရပါဦးမယ်ခင်ဗျ။

Auto-CAD 3D-examples (၂၃)

ခုခါမှာတော့ ကျွန်တော်တို့ ဆွဲသားမယ့် xy plane ကို ပြောင်းဖို့လိုနေပါပြီ။ ကျွန်တော်တို့ လိုချင်တဲ့ တွင်းကို ဖေါက်ပြီးပြီလေ။ ခုတော့ အောက်က ပုံလေးအတိုင်းပဲ UCS ကို လှည့်လိုက်ပါမယ်။
အောက်ကပုံလေးလို xyz တွေ ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်ခင်ဗျ။
ပုံရဲ့ ၀ဲဖက်ထောင့်လေးကနေ မျဉ်းလေးတစ်ကြောင်းဆွဲထုတ်လိုက်ပါတယ်။ မိမိနှစ်သက်ရာ အကွာအဝေးပေါ့ဗျာ။ မျဉ်းရဲ့ အဆုံးမှာ အချင်းဝက် 1.5 ရှိတဲ့ စက်ဝိုင်းလေးဆွဲပါတယ်။ အောက်ကပုံလေးအတိုင်းပေါ့ဗျာ။

Auto-CAD 3D-examples (၂၂)

ဒီခါမှာတော့ အောက်ကပုံလေးအတိုင်းရလာပါတော့တယ်ခင်ဗျ။ XYZ မြှားလေးတွေပြောင်းသွားတာကို သတိပြုစေချင်ပါတယ်။
စတုဂံတုံးရဲ့ အောက်ခြေမျက်နှာပြင်ရဲ့ အလယ်ကနေပြီး အပေါ်ကို အမြင့် ၁ အကွာမျဉ်းတစ်ကြောင်းထောင်ဆွဲပါမယ်။ မျဉ်းအဆုံးမှာ အချင်း 0.75 ရှိတဲ့စက်ဝိုင်းကို ဆွဲလိုက်ပါတယ်။ အောက်ကပုံလေးအတိုင်းရလာပါတယ်။
သူ့ကို -Z direction အတိုင်း အမြင့် 5 မြှင့်လိုက်ပါမယ်။ (ပေးထားချက်မှာ တွင်းဟာ ဘယ်လောက်နက်တယ်။ တိုးယိုးပေါက်မယ် စသည်ဖြင့်ပြောမထားပါဘူး။ ဟိုး ဘက်ထိပေါက်တယ် ယူဆပြီး ထုတ်ချင်းဖေါက်လိုက်ပါတယ်ခင်ဗျ။) အောက်ကပုံလေးအတိုင်းရပါလိမ့်မယ်ခင်ဗျ။

Auto-CAD 3D-examples (၂၁)

ကဲဗျာ ပုံလေးကို စဆွဲကြပါစို့။
အောက်ကပုံမှာ ပြထားတဲ့အတိုင်း ISO view လေးချလိုက်ပြီး အလျှား ၅ အနံ ၂ ရှိတဲ့ စတုဂံလေးဆွဲလိုက်ပါတယ်။ l ရိုက် enter ခေါက်တာကစလို့ ပြောခဲ့ပြီးသားပါခင်ဗျ။
ပြီးတာနဲ့ pe လုပ်ပြီး join ပါမယ်။ အမြင့် ၂.၅ ရအောင် ext လုပ်လိုက်ပါမယ်။ အောက်ကပုံလေးအတိုင်းရပါလိမ့်မယ်ခင်ဗျ။
ဒီခါမှာတော့ ညာမှ ဘယ်ကို တိုးဝင်သွားတဲ့ အခေါင်းပေါက်လေးတစ်ခု ဖေါက်ချင်တာပါ။ ပုံရဲ့ ယာဘက်မှာ စက်ဝိုင်းလေးဆွဲပြီး ထုတင်ဖို့စိတ်ကူးရှိပါတယ်။ ဒါ့ကြောင့် ဆွဲမယ့် မျက်နှာပြင်ဟာ အောက်ခံမျက်နှာပြင်မဟုတ်ဘဲ ထောင်လျှက်ဖြစ်ချင်လာပါတယ်။ အပေါ်က ပုံအတိုင်းပဲ ပထမ 3 လေးရေးထားတာလေးကို ကလစ်ပါမယ်။ (ဒီပုံလေးကို မတွေ့ရင် View>Toolbars>UCS မှာသွားကလစ်လိုက်ပါ။)
ပုံလေးကလစ်တဲ့အခါ Origin point ကိုတောင်းပါတယ်။ ကျွန်တော်ပြထားတဲ့ မြှားအစဉ်တိုင်း သုံးမှတ်ကလစ်ပေးလိုက်ပါ။ ပထမကလစ်တစ်ချက်ဟာ Origin ကိုပြပြီး၊ ဒုတိယတစ်ချက်က X-axis တတိယတစ်ချက်က Y-axis ကိုပြပါတယ်။

Auto-CAD 3D-examples (၂၀)

ကျွန်တော့်အတွက် ဆွဲစရာပုံအသစ်လေးတွေကို stability09 က ရှာပေးလာပါတယ်။ သူပေးတဲ့ သုံးပုံဟာကိုဆွဲပြပေးပါမယ်ခင်ဗျ။ အောက်မှာ ပေးထားပုံနဲ့ ကျွန်တော်ဆွဲထားတဲ့ပုံတွေကို ယှဉ်ပြထားပါတယ်။ အထက်က ဆွဲပုံတွေကို လေ့လာထားသူတွေ(လိုက်ဆွဲသူတွေ)အတွက် ကြိုတင်စဉ်းစားလို့ ရအောင် တင်ပြလိုက်ပါတယ်။ မကြာခင်တစ်ပတ်အတွင်း ကျွန်တော်ကြိုးစားတင်ဆက်ပေးပါ့မယ်ခင်ဗျာ။
ဒီလိုပေးထားပါတယ်ခင်ဗျ။
ကျွန်တော်လက်ကမြင်းတော့ ဒီလိုလေးရပါတယ်ခင်ဗျ။

Band-in-a-box 2008

သီချင်းရေးလို့ရတဲ့ software လေးပါ




345MB

Auto-CAD 2002

တခြားသူတွေများ auto CAD 2002 လိုချင်မလားလို့ ကျွန်တော့်ရှိတာလေး တင်ပေးလိုက်ပါတယ်။
ကျွန်တော့်စက်လေးကျတော့လည်း ဒါလေးနဲ့မှ အဆင်ပြေတာပါ။

Auto-CAD 3D-examples (၁၉)

View >Shade>Gouraud Shaded ကနေ ပြောင်းပြီး လှည့်ကြည့်လိုက်မယ်ဆိုရင် အောက်ကပုံလေးတွေ ရလာပါပြီခင်ဗျ။
ကဲပုံတော့ဆွဲပြီးသွားပါပြီ။ အခုဆွဲပြီးတာထိ အဆင်မပြောတာရှိရင် ပြောပါခင်ဗျ။ ကျွန်တော်လည်း စာမေးပွဲတွေရှိလို့ နားပါဦးမယ်ခင်ဗျ။ လာလာတော့ကြည့်ပါဦးမယ်။ အသစ်တင်ဖို့ပုံတော့ရှာတွေ့ပြီးပါပြီ။ ဒီဆွဲပြခဲ့တဲ့ပုံအဆင်ပြေတယ်ဆိုရင်တော့ ဆက်တင်တာပေါ့ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ မှားတာရှိရင်လည်း ပြင်ပေးပါနော်။

Auto-CAD 3D-examples (၁၈)

ရလာတဲ့ပုံကို အောက်ကပုံအတိုင်း ၃ မှတ်ပေးပြီးခြမ်းလိုက်ပါမယ်။ ( ခြမ်းတာလေးတော့ မှတ်မိဦးမယ်ထင်ပါတယ်။ sl ရိုက် ပုံကို ကလစ်ပေး၊ 3 Point ကိုရွေး သုံးမှတ်ကလစ်ပေးတာလေ။) ပြီးရင် နှစ်ဖက်လုံး ပေါ်စေချင်လို့ b ရိုက်ပြီး Both Sides နော်။
ဒီဘက်အခြမ်းကို ကလစ်ပြီး ညာဖက်ကို ဆွဲထုတ်လိုက်ပါတယ်။ အောက်မှာပြထားပါတယ်။
တစ်ခါ ကျန်ခဲ့တဲ့ အပိုင်းမှာလည်း အောက်က သုံးမှတ်အတိုင်း sl လုပ်ပါ့မယ်။ both sides ပဲနော်။ ပြီးရင် အောက်ကို ဆွဲထုတ်လိုက်ပါ့မယ်။ ( ဒါနဲ့ဆွဲထုတ်တယ်ဆိုတာ ကလစ်ပြီး ပေါ်လာတဲ့ အပြာစွန်းလေးတွေကို ဖိဆွဲတာကိုပြောတာပါ။ မကျေနပ်သေးရင် Cont+z နှိပ်ပြီး ပြန်ရွှေ့ပေါ့ခင်ဗျာ။)
ပြီးတာနဲ့ ပုံတွေကို မြင်ကွင်းအပြည့်မြင်ချင်ရင် z enter a enter လုပ်ပြီး ကြည့်နှိုင်ပါတယ်။ အရောင်ခြယ်တာကတော့ အပိုင်းတစ်ပိုင်းကို ကလစ် အပေါ်က ByLayer မှာ အရောင်ချိန်းရင်ရပါပြီ။ တစ်ခုချိန်းပြီးရင် တစ်ခါတော့ ecs နှိပ်ဖို့ မမေ့ပါနဲ့နော်။ အောက်မှာတော့ ဒီလိုခြယ်လိုက်ပါတယ်။

Auto-CAD 3D-examples (၁၇)

ညာဘက်ဘေးက အစွန်းကို ဆွဲပါ့မယ်ခင်ဗျ။ အောက်က ပုံမှာပြထားတဲ့အတိုင်း ပန်းရောင်က ၁၅၊ အ၀ါက ၂၂.၅၊ အနီရောင်က ၈ ဆွဲလိုက်ပါမယ်ခင်ဗျ။
အဖြူရောင်ကို ဖျောက်ပြီး အောက်က ပုံအတိုင်း ဆက်ဆွဲပါမယ်။ 10 အချင်းရှိတဲ့ circle နဲ့ ၂၂.၅ ၁၅ နဲ့ ၄၅ ရှိတဲ့ မျဉ်းသုံးကြောင်းပါဆက်ဆွဲလိုက်ပါမယ်။
ပြီးတော့ အနားထောင့်လေးနှစ်ဖက်ကို အချင်းဝက် ၈ နဲ့ လုံးချင်ပါသေးတယ်။ ( ရှည်ရှည်ဝေးဝေးဆွဲချင်ရင်တော့ လုံးချင်တဲ့အနားတွေဆီက လုံးချင်တဲ့ အချင်းဝက် အလျှားအတိုင်း မျဉ်းပြိုင်နှစ်ကြောင်းပြစ်ပြီး ဆုံမှတ်ကိုရှာ။ အဲဒီအမှတ်ကနေ circle သို့မဟုတ် arc ဆွဲ ပိုတာဖြတ်လို့လည်း ရနိုင်ပါတယ်။ ဒါပေမယ့် fillet ကို ပြောချင်သေးတာဗျ။)
f ကိုရိုက် enter ခေါက်လိုက်ပါ။ Polyline/Radius/Trim ဆိုပြီး တစ်ခုကို ရွေးခိုင်းပါတယ်။ r ကိုရိုက် enter ခေါက်လိုက်ပါ။ radius မေးပါတယ်။ 8 ကိုရိုက် enter ခေါက်လိုက်ပါ။ first object ဆိုပြီး တောင်းပါတယ်။ ကွေးချင်တဲ့ အနားနှစ်ဖက်က ပထမအနားကို ကလစ်ပါ။ second object ဆိုပြီးမေးပြန်ပါတယ်။ ဒုတိယအနားကို ကလစ်လိုက်ပါ။ အောက်က ပထမပုံမှာ ကလစ်ရမယ့် နေရာနှစ်ခုကို ပြထားပါတယ်။ ဒုတိယပုံက second object ရွေးအပြီးမှာ ရလာမယ့် result ပါ။
ုပြီးတာနဲ့ enter တစ်ချက်ထပ်ခေါက်ပါ။ enter တစ်ချက်ထပ်ခေါက်တာဟာ နဂိုက f ကိုပဲ ပြန်ညွှန်းပါတယ်။ အသစ်ရိုက်ရသက်သာတာပေါ့ဗျာ။ ဒီလိုနဲ့ပဲ အောက်ကပုံလိုဖြစ်အောင် ကွေးလိုက်ပါဦးခင်ဗျ။
သူ့ကို တစ်စုတည်းဖြစ်အောင် pe နဲ့ပေါင်းလိုက်ပါမယ်။ ပြီးရင် အမြင့် ၈ နဲ့ ဒုတင်ပါမယ်။ ပြီးရင် အလယ်က စလင်ဒါကို အပြင်ဘက်ထဲက နှုတ်ပါမယ်။ အောက်ကပုံလေးအတိုင်းရပါလိမ့်မယ်ခင်ဗျ။
အဖြူရောင် layer ကို ပြန်ဖေါ်ပြီး သူနဲ့ ပေါင်းလိုက်တဲ့ အခါ ဒီလိုလေးရလာပါမယ်ခင်ဗျ။
သူ့ကို section ခွဲ color ခြယ်လိုက်ရင် ပြီးသွားပြီပေါ့နော်။

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်