မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

EC,EP အခြေခံ waveform များ(၁၆)


ဒီပုံလေးက V နဲ့ I ကို ရှာကြည့်ကြပါစို့ဗျာ။
Current ဟာ Source ရဲ့ အပေါင်းကနေထွက်လာပြီး ပတ်လမ်းတစ်လျှောက်ကိုဖြတ်လို့ အနှုတ်စွန်းဆီသွားရာမှာ short နဲ့ အပြိုင် Resistance တွေကို မ၀င်ပဲစီးဆင်းနေတာကို အောက်မှာ ပြထားပါတယ်။
Voltage တိုင်းမှာနဲ့ Current စီးတာကို မှတ်ပြီး သာမန်လေးရှင်းရှင်းပြန်ဆွဲပါမယ်။ နောက်တော့ မြင်သာအောင် Resistor လေးတွေကို နေရာရွှေ့လိုက်ပါတယ်။ အောက်မှာပြထားပါတယ်။အစတည်းက တွက်ရလွယ်အောင် Resistance တွေကို ရွေးပေးထားလို့ စိတ်တွက်နဲ့ပဲ Current တန်ဖိုးတွေ ရကြမှာပါ။
ကျွန်တော်တို့ လိုချင်တဲ့ Current က ပုံမှာ ပြထားတဲ့အတိုင်း Current တန်ဖိုးနှစ်ခုပေါင်းမှ ရမှာမို့ ပေါင်းပေးရပါမယ်။
Voltage ကလည်း i loop တစ်လျှောက် (Resistor တွေရဲ့ Voltage ကို V=IR နဲ့ တွက်ပြီးသားမို့) KVL ပတ်လိုက်ပါမယ်။ V တန်ဖိုးလည်းရလာပါလိမ့်မယ်။ခုဆိုရင် Resistance သဘောတရား KCL KVL Short-open သဘာဝတွေစုံပြီမို့ layer တစ်ခု(Resistor) မှသည် layer နှစ်ခု ဖြစ်တဲ့ ဒိုင်အုပ်တွေဆီသွားကြပါစို့ဗျာ။
အဲဗျ မေ့လို့ အရေးကြီးတာ ကျန်ခဲ့ပြီ သွားကြမယ် AC ဆီသို့ ...

Comments :

0 comments to “EC,EP အခြေခံ waveform များ(၁၆)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်