မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

EC,EP အခြေခံ waveform များ(၂၃)

အလုပ်တွေမအားတာနဲ့ ဒီမှာ မရေးဖြစ်တာ တော်တော်ကြာသွားတယ်ဗျာ။ အစကတော့ ဒိုင်အုပ်တွေအကြောင်းသွားမလို့ဗျ။
ရေးခဲ့သမျှပြန်ဖတ်တော့ ရေးဖို့ကျန်နေတာလေးတွေတွေ့လို့ ပြန်ဖြည့်လိုက်ပါတယ်။ အောက်က ပုံလေးက point A နဲ့ B ကြားက resistor ပေါင်းတာလေးမှာ အဲဒီပုံအတိုင်း CircuitMaker မှာ တိုင်းနိုင်ကြောင်းပြခဲ့ပါတယ်။
ခုတစ်ခါကတော့ ပေးထားတဲ့ Resistor တွေ တန်ဖိုးတူရင် အလွယ်တကူတွက်ချက်နိုင်ကြောင်းပြမှာပါ။
အောက်ကပုံလေးမှာ အမှတ် B ကနေ A ကို Current စီးလိုက်မယ်လို့ယူဆပါ့မယ်။ ဒီအခါမှာ Resistor တန်ဖိုးတွေတူနေတော့ စဉ်စားလို့ရလာမယ့် Current အခြေအနေလေးတွေရလာပါတယ်။
B က၀င်လာတဲ့ Current ဟာ ပန်းရောင် သုံးလိုင်းအဖြစ် အညီအမျှခွဲပါမယ်။ နောက်ထပ်တစ်ခါ အဆုံးဘက် A ဆီကိုထွက်ရာမှာလည်း ပန်းရောင် သုံးလိုင်းအဖြစ်အညီအမျှခွဲထွက်ပါလိမ့်မယ်။ အလယ်က အစိမ်းတွေကတော့ အားလုံးတူပါ့မယ်ခင်ဗျ။ဒါ့ကြောင့်ကျွန်တော်တို့ဟာ သူ့ကို အောက်ပါပုံအတိုင်း စုပြစ်လိုက်လို့ရပါပြီ။ ဒီအခါမှာ သုံလုံးအပြိုင် နှစ်ခုနဲ့ ခြောက်လုံးအပြိုင်တစ်ခုရလာပါ့မယ်။ Delta Star တွေသုံးစရာမလိုတော့ဘူးပေါ့ဗျာ။ လွယ်လွယ်နဲ့ပဲတိုင်းတာရပါလိမ့်မယ်ခင်ဗျာ။ ဒါဟာ ပေးထားတဲ့ Resistance တွေ တူမှရမယ်ဆိုတာကတော့ မေ့မပစ်သင့်ပါဘူးဗျာ။နောက်ထပ်နမူနာတစ်ပုဒ်ကျန်သေးတယ်ခင်ဗျ။

Comments :

0 comments to “EC,EP အခြေခံ waveform များ(၂၃)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်