မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

စောင့်မျှော်ဖတ်ရှုပါရန်

အခြေခံ waveform အနေနဲ့ အတော်အတန်သင့် ပြည့်စုံပြီလို့ ယူဆပါတယ်။ အခြေခံ law တွေလည်း တင်ပြခဲ့ပါပြီ။ ဒါ့ကြောင့် ဆက်လက်တင်ပြဖို့ ရည်ရွယ်ထားတဲ့ ခေါင်းစဉ်လေးတွေကြေညာချင်ပါတယ်။
နောက်ထပ်အသစ်ဖွင့်မယ့် ခေါင်းစဉ်က ...

  • Transient Analysis
နည်းပညာတက္ကသိုလ် Btech year I (တတိယနှစ်) EP မှာ သင်ရတဲ့ခေါင်းစဉ်တစ်ခုပါ။ အထူးသဖြင့် သိုလှောင်တတ်တဲ့ Capacitor နဲ့ Inductor တွေရဲ့ ပြုမူပုံကို လှုပ်ရှားပြောင်းလဲမယ့် အပိုင်းလေးကိုပဲ ဖြတ်ထုတ်လေ့လာတဲ့ ဘာသာရပ်ပါ။ သိုလှောင်လို့(သို့)ပြန်ထုတ်လို့ ၀ပြီးတဲ့ အခြေအနေမဟုတ်ဘဲ သိုလှောင်စ(သို့)ပြန်ထုတ်စ အခြေအနေကို အသေးစိတ်တဲ့ ကဏ္ဍလေးပါ။
ဒီ့နောက်မှာတော့ ...
  • Transistors
Amplifier အမျိုးမျိုးကို စုဆောင်းတင်ပြမှာဖြစ်ပါတယ်။ အီလက်ထရောနစ် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာကျောင်းသားတွေ အတန်းတိုင်းလိုလို ပြေးမလွတ်တဲ့ Transistor တွေအကြောင်းပေါ့ဗျာ။
  • OpAmp IC
Transistor တွေပေါင်းပြီးတည်ဆောက်ထားတဲ့ အခြေခံ IC အကြောင်းပါ။ Analog Electronics မှာ မပါမဖြစ်ပေါ့ဗျာ။
  • AC to DC Converter (Rectifier)
အခြေခံ waveform မှာဖေါ်ပြခဲ့သော်လည်း Diodes ကိုသုံးတယ်လို့ပဲ ပါခဲ့တာပါ။ ဒီအပိုင်းမှာတော့ Rectify လုပ်ရာမှာ Transistor တွေ IC သေးတွေ နဲ့ Inductor တွေ Capacitor တွေသုံးပုံပါရွေးချယ်တင်ပြပါ့မယ်။
  • Thyristor
အခြေခံ SCR ကနေစလို့ လက်လှမ်းမှီသလောက် စုဆောင်းတင်ပြပါမယ်။ waveform တွေလည်း တော်တော်လေး ရှုပ်ထွေးနေပါလိမ့်မယ်။
  • 555/556 IC
အသုံးအများဆုံးနဲ့ အခြေခံအကျဆုံး IC ဖြစ်ပါတယ်။ တည်ဆောက်ပုံနဲ့ အသုံးဝင်ပုံများ တင်ပြပေးပါမယ်။
  • DC to AC Converter (Inverter)
555 လည်းတင်ပြပြီးပြီ Transistor တွေလည်း တင်ပြပြီးပြှီSCR တွေလည်း ပြောပြီးပြီဆိုတော့ Inverter တွေအကြောင်းပြောလို့ရပြီပေါ့ခင်ဗျာ။ နည်းပညာပညာတက္ကသိုယ် BE တန်းမှာ သင်ရတဲ့ DC to AC နဲ့ AC to DC Converter တွေအကြောင်း ခြုံငုံမိနိုင်ပါပြီလို့ ထင်ပါတယ်။
  • Basic Electronic Circuits
အပေါ်က ခေါင်းစဉ်တွေ လေ့လာမိပြီဆိုရင်တော့ အခြေခံ ဆားကစ်လေးတွေ ရှာဖွေစမ်းသပ် လေ့လာကြနိုင်ပြီပေါ့ဗျာ။
  • Digital Electronics
ကျယ်ပြန့်လွန်းတဲ့ ခေါင်းစဉ်ကြီးတစ်ခုပါပဲဗျာ။ သူ့အတွက်တော့ ခေါင်းစဉ်တွေ အပိုင်းတွေ ခွဲစိတ်ဖို့ မစဉ်းစားရသေးပါဘူးခင်ဗျာ။
  • Advanced Electronics
ဒါကိုလည်း သေချာ မစဉ်းစားရသေးပါဘူးခင်ဗျာ။ လေ့လာစုဆောင်းဖြစ်မယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။

ကျွန်တော်က ကျောင်းသားတစ်ယောက်ဆိုတာ မိတ်ဆက်ပြီးခဲ့ပါပြီ။ ကျွန်တော်ကျောင်းတက်နေရချိန် နက်သုံးနေရချိန် (နောက် ၃ နှစ်တာ ကာလ) အတွင်း ကျောင်းသားဘ၀အမှတ်တရဖြစ်အောင် ဒါလေးတွေ စုဆောင်းတင်ပြသွားချင်ပါတယ်။
စောင့်မျှော်ဖတ်ရှုကြပါရန် အီလက်ထရောနစ်ဝါသနာအိုးများအား သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

EC,EP အခြေခံ waveform များ(၅၁)

ပုံမှန်တွေ့နေကျ INDUCTOR လေးတွေကတော့ ဒီပုံစံလေးတွေပါ။
အလယ်မှာတော့ လေထုအပြင်အခြားကြားခံတွေပါရှိနေနိုင်ပါတယ်ခင်ဗျ။
ဒါလေးတွေတွေ့လို့လဲ Capacitor လို့မှတ်မသွားပါနဲ့ဦးခင်ဗျ။
ဒါလေးတွေတွေ့လို့လဲ Resistor လို့ မမှတ်လိုက်ပါနဲ့ဗျ။
ဒါလေးတွေကတော့ Transformer တွေပဲလို့လည်း မထင်ပါနဲ့ဗျာ။ (အစွန်းလေးတွေကြည့်သိနိုင်ပါတယ်ခင်ဗျ။)
ဒီလိုပုံစံချစ်စရာလေးလည်း ထုပ်ပိုးထားတတ်ပြန်ပါတယ်။
ပေါက်တိပေါက်ရှာ ဒီလို ပေတီးပေစုတ်လေးတွေလည်းရှိပါသေးတယ်။ inductance နည်းနည်းလေးတွေပေါ့ဗျာ။
ပုံတွေကိုတော့ Google image ကလျှောက်ရှာထားတာပါခင်ဗျ။

EC,EP အခြေခံ waveform များ(၅၀)

အသစ်မရေးဖြစ်တာကြာလာလို့ ရေးချင်တာနဲ့ပဲ စာမေးပွဲကာလကနေ အသစ်ထရေးလိုက်ပါတယ်ခင်ဗျာ။

ကျွန်တော် အောက်ကပုံအတိုင်းပဲ ဆားကစ်လေးဆောက်ပြီး ပေးတဲ့ Voltage နဲ့ ဖြစ်ပေါ်လာမယ့် Current တွေကို တိုင်းပြလိုက်ပါတယ်ခင်ဗျ။
ဒီနှစ်ပုံကို တိုင်းတာ WAVE ထုတ်ရာမှာ Voltage နဲ့ Current ဖြစ်တာကြောင့် အဆင်မပြောတာတွေရှိနိုင်ပါတယ်။ Current ဟာ သိသိသာသာ မမြင်နိုင်လောက်အောင် သေးနေမယ်ဆိုရင် Current တိုင်းရာ Probe(ထောက်တံ) အရောင်အရ wave ပေါ်ရာရဲ့ ၀ဲဖက်က A B တို့ကို ရွေးပြီး တစ်ခုချင်းကို အနိမ့်အမြင့် ညှိနိုင်ကြောင်းပါခင်ဗျ။ Inductor ကို General မှာလွယ်လွယ်ကူကူ ရှာလို့ ရနိုင်ပါတယ်ခင်ဗျာ။

အပေါ်ကနှစ်ပုံမှာတော့ Voltage ထွက်စနဲ့ Current ထွက်စဟာ အချိန်တစ်ခုတည်းဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ ကွာလာပါတယ်။ လုံလောက်တဲ့ မျှခြေ(ပုံမှန်ချိန်) တစ်ခုမှာတော့ အောက်ကပုံအတိုင်း တိုင်းတာရပါတယ်ခင်ဗျ။
ပုံထဲမှာ Current ဟာ Voltage စချိန်နောက် (ပန်းရောင်မြှားပြအစနေရာ) မှ စတင်မြင့်တယ်လို့ ထင်လာရပါတယ်။ တနည်းအားဖြင့် Current ဟာ နောက်ကျတယ်လို့ လွယ်လွယ်ပြောနိုင်ပါတယ်။

ဘာ့ကြောင့်လွယ်လွယ်လို့ ပြောနိုင်သလဲဆိုတော့ အရမ်းနောက်ကျလွန်းတော့လည်း စောတယ်လို့ ပြောလို့ ရသွားနိုင်တယ်လေ။ တစ်ပတ် (1 cycle)ပြီး တစ်ပတ်(1 cycle) စဉ်ဆက်မပြတ်တဲ့ Wave တွေကိုးခင်ဗျ။

ခုဆိုရင်တော့ ကျွန်တော်တို့ရတဲ့ လျှပ်စစ်မှာ Current နောက်ကျတာစောတာ ရှိနေနိုင်ပြီလို့ တွေးလို့ ရနိုင်လောက်ပါပြီခင်ဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကို လျှပ်စစ်အားပေးတဲ့ Generator တွေမှာ inductance ကို ဖြစ်စေတဲ့ wire ကြိုးခွေတွေ ပါနေလို့ပေါ့ခင်ဗျ။ Generator ပေါ်က name-plate မှာ Ø ဆိုတာလေးကို တွေ့ဖူးနိုင်ပါတယ်ခင်ဗျ။ အပေါ်ကပုံမှာတော့ 30' နီးပါးနောက်ကျနေတဲ့ Current ကိုတွေ့ရပါတယ်ခင်ဗျ။

တွေ့ရလွယ်တဲ့ မြင်နေကျ inductor လေးတွေ လျှောက်ရှာကြစို့ဗျာ ...

EC,EP အခြေခံ waveform များ(၄၉)

wave တွေကို အမျိုးမျိုးပြင်ကြ (ညှိကြ)ရာမှာ Capacitor လို Voltage ကို သိုလှောင်သလို Current ကို သိုလှောင်တတ်တဲ့ inductor ဆိုတာလည်း ရှိသေးကြောင်းပါခင်ဗျာ။
အရင်ပို့စ်တွေမှာ ပြတားတဲ့ ဆားကစ်လေးကိုပဲ Inductor လေးတပ်လို့ ပြင်ပြလိုက်ပါတယ်။
ပုံထဲမှာ မူလ output က အစိမ်းရောင်ပါ။ အ၀ါရောင်က Capacitor နဲ့ပြင်ထားတာကိုပြပြီး၊ အပြာနုလေးကတော့ Inductor ကပြင်ပေးတာပါ။
Capacitor က အထပ်လိုက်ဆင့်ထားတဲ့ ဇလားချက်လေးတွေနဲ့တူပြီး၊ Inductor ကတော့ ရစ်ခွေထားတဲ့ ပိုက်လိုင်းလေးတွေနဲ့ တူပါတယ်။
နန်းကြိုးခွေတွေကို အစီအရီရစ်လုံးထားတာဟာ inductor ကိုရည်ညွှန်းပါတယ်။ Resistance ကိုဖြစ်စေတဲ့ ကြားခံမပါလို့ Voltage ကို မဖြစ်စေတော့ Current ကိုသာ ပြောင်းလဲဖြစ်တည်စေပါတယ်။
အကယ်၍သာ သူ့အခွေအလည်မှာ Resistance ကိုဖြစ်စေတဲ့ Iron Core လို အူထည်ထည့်တော့ သံလိုက်စွမ်းအင်တွေဖြစ်စေလာပါတယ်။ သံလိုက်စွမ်းအင်ကိုပဲ နောက်ထပ်နန်းကြိုးနဲ့ မျှယူခွဲဝေတော့ ကျွန်တော်တို့ ပြောခဲ့တဲ့ Transformer တွေဖြစ်လာတယ်ပေါ့ဗျာ။ ဒါကလည်း Current နဲ့ Voltage ကွဲကွာလို့ မရတဲ့ ဆက်စပ်မှုတွေပါ။
နောက်ပို့တွေမှာ inductor အကြောင်းပြောကြတာပေါ့ခင်ဗျာ။

EC,EP အခြေခံ waveform များ(၄၈)


အပေါ်ကပုံလေးကတော့ DC အထွက်ကို ချောမွေ့အောင်လုပ်ခြင်းကို ပြပါတယ်။ Capacitor လေးကြောင့်ဖြစ်စေ Inductor လေးကြောင့်ဖြစ်စေ Charging လုပ်ပြီး Rechargingလုပ်တာတွေဖြစ်စေပါတယ်။ အဲဒီအမြင့်လေးကိုပဲ RIPPLE VOLTAGE (သို့) RIPPLE CURRENT လို့ခေါ်တာပါ။ ပုံထဲမှာတော့ အစိမ်းနဲ့အပြာရဲ့ ထိပ်စထိပ်ဆုံးဟာ ထက်အောက်လွှဲတဲ့ RIPPLE တွေပေါ့ခင်ဗျာ။
အကယ်၍များ မတည်မငြိမ်ဖြစ်နေတဲ့ ၁၀ ဗို့မှာ ၁ ဗို့စာလောက်ကို RIPPLE ဖြစ်စေချင်တယ်။ (1V စာကိုပဲ အလှုပ်အရှားရှိစေချင်တယ်ဆိုရင်)
အောက်က ဖေါ်မြူလာလေနဲ့ တွက်နှိုင်ပါတယ်။
ကျွန်တော့်နမူနာမှာတော့ ဒိုင်အုပ်နှစ်လုံးစာအလျော့ကြောင့် 12V ပေးပြီး 10V ကျန်ခိုင်းလိုက်ပါတယ်။ Output Current ကလည်း 10A ခန့်ပေါ့ဗျာ။ frequency က 50 ထားလိုက်တော့ 10% Ripple တန်ဖိုးအတွက် C က 83mF ပါ။ အောက်မှာ ပုံနဲ့တကွ ဆွဲပြထားပါကြောင်း။

EC,EP အခြေခံ waveform များ(၄၇)

Bridge rectifier ကို အသေးစိတ်မယ်ဆိုရင်
ပေးတဲ့ Source က wave က
အပေါ်က ဒိုင်အုပ်တစ်လုံးခံစားရမယ့် wave က
Source ထဲက ဒိုင်အုပ်ကို သွားနှုတ်လိုက်တော့ အောက်က wave ရဲ့ ရှေ့တစ်ခြမ်းကို ရပါတယ်ခင်ဗျ။
အွန်လိုင်းက ec ဆိုဒ်တစ်ခုမှာတော့ ဒီလို သရုပ်ဖေါ်ပါတယ်ခင်ဗျ။

EC,EP အခြေခံ waveform များ(၄၆)

Program ကနေပြီး GENERAL ကနေပြီး DIODES ထဲကနေပြီး FW BRIDGE ကိုရွေးပါတယ်။
BRIDGE အချို့ကိုဖေါ်ပြလိုက်ပါတယ်ခင်ဗျ။
သူ့မှာ လွဲလို့မရတဲ့ အစွန်းတွေပါတာကြောင့် AC နဲ့ DC အစွန်းတွေကိုပြထားလေ့ရှိပါတယ်ခင်ဗျ။
WAVE ကိုအသေးစိတ်ပေးပါဦးမယ်ခင်ဗျ။

EC,EP အခြေခံ waveform များ(၄၅)

half wave ရဲ့ DC average ကို အရင်က ပို့စ်တွေမှာ ပြောခဲ့ပါတယ်။ full wave မှာတော့ DC average အားဖြင့် ၂ ဆ ရကြောင်း အောက်က ဆားကစ်လေးနှစ်ခုကို ယှဉ်ပြီးသိနှိုင်ပါတယ်။ ဒါ့ကြောင့်လည်း DC ကို လိုချင်တော့ half wave ကို မသုံးပဲ full wave ကိုပဲ ရအောင်ထုတ်သုံးတာပေါ့ခင်ဗျာ။ဒါပေမယ့်လည်း full wave ချင်းတူတာတောင်မှ ဒီနည်းကို မသုံးကြပါဘူး။ အများသုံးတဲ့ နည်းလေးရှိပါသေးတယ်။ သူကတော့ ဆားကစ်လေးတိုင်း (ဥပမာ LED လက်နှိပ်ဓာတ်မီးလေးတွေ ကစ ဓာတ်ခဲအားသွင်းတာတွေအဆုံး) အသုံးများတဲ့ ဒိုင်အုပ် ၄ လုံးနဲ့ DC ထုတ်နည်းပါ။
အပေါ်မှာ ပြတဲ့ နည်းကို ဘာလို့ မသုံးတာလဲ ဆိုတာကတော့ ရှင်းပါတယ်။ သူက ac တန်ဖိုး နှစ်ခုတူ အစွန်းနှစ်ခုရမှ ဖြစ်မှာလေ။ ခက်ခဲတာပေါ့ဗျာ။ ac ထုတ်ပေးတဲ့ အစွန်း တစ်ခု ရှိယုံမျှနဲ့ full wave ထုတ်နိုင်လေးက ရှိနေတာကိုးဗျ။
နောက်နေ့မှ ဆက်မယ်နော်...

EC,EP အခြေခံ waveform များ(၄၄)

FULL WAVE ဖြစ်ပေါ်လာပုံကို ရှင်းချင်လို့ ကျွန်တော် ဒီဆားကစ်လေး ကြိုးစားတည်ဆောက်လိုက်ပါတယ်။ ပုံထဲကအတိုင်း ၄ နေရာကို တိုင်းပါတယ်။
ထရန်စဖေါ်မာရဲ့ နှစ်ဖက်စွန်းအထွက်တွေကို တိုင်းတော့ ဒီလိုရပါတယ်။တစ်ခုချင်းကို DIODE က FORWARD ကိုသာဖြတ်စေတော့ အောက်ကအတိုင်း ဖြတ်ပြီးသား နှစ်ခုကို ရတာပေါ့ဗျာ။သူတို့နှစ်ခုကို ပေါင်းမှတော့ FULL WAVE ကိုရပြီပေါ့ခင်ဗျာ။

EC,EP အခြေခံ waveform များ(၄၃)

ဒိုင်အုတ်တစ်လုံးနဲ့တင်မကဘဲ နောက်ထပ်တစ်လုံးတိုးပြီး ချိတ်ဆက်ကြည့်ကြပါစို့ဗျာ။
အောက်က ဆားကစ်လေးကို ကြည့်ပါ။ ရလာမယ့် wave တွေက အောက်က အတိုင်းပါ။ကျွန်တော်တို့ လိုချင်တာလေးကတော့ အောက်က wave လေးပါ။ သူ့ကိုတော့ ဆာကယ်အပြည့် အလုပ်လုပ်လို့ FULL WAVE လို့ခေါ်ပါတယ်။ AC မှ DC ကိုစစ်ယူလို့ RECTIFIER လို့ ခေါ်ပါတယ်။ TRANSFORMER မှာ အလယ်မှာ GROUND ချထားလို့ FULL WAVE RECTIFIER WITH CENTER-TAPPED TRANSFORMER လို့ခေါ်ကြပါသေးတယ်။

EC,EP အခြေခံ waveform များ(၄၂)

အောက်ကပုံလေးနှစ်ပုံကို ယှဉ်ကြည့်ပါ။ သတိထားမိဖို့ မလွယ်တဲ့ အခြေခံသဘောတရားတွေပါ။
သူ့ရဲ့ အချိုးက တစ်ဝက်ချိုးပါ။ ၂၂၀ ကို ၁၀၀ ရဖိုရှိရာမှာ တစ်ခြမ်းအတွက် ၅၅ ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုလေး ဟိုဘက်ဒီဘက်အစွန်းလေးတွေကို သုံးတဲ့အခါမှတော့ နဂိုတန်ဖိုးရဲ့ ၂ ဆကိုရပါတယ်။
ဒီသဘောတရားကို တစ်ခါက ကျွန်တော် လက်တွေ့အသုံးချဖူးပါတယ်။
မန္တလေးမှာ သူငယ်ချင်းတစ်ယောက်က PhD thesis အတွက် Control System တစ်ခုတည်ဆောက်ဖို့ PLC လေးတစ်လုံးမှာဝယ်လာပါတယ်။ ၀ယ်ပြီးတော့ ကျွန်တော့်ဆီပြေးလားတယ်လေ။ run အောင်လုပ်တဲ့ဗျ။ ကျွန်တော်လည်း သူဝယ်လာမှ ဒီလိုသေးတဲ့ PLC လေးတစ်လုံးကို မြင်ဖူးတာပါ။ အရွယ်အစားကတော့ လက်သီးတစ်ဆုပ်စာပါ။

PLC လေးက အလုပ်လုပ်ဖို့ DC 24V ကျွေးရပါမယ်တဲ့။ အဖြတ်အတောက်လုပ်မှာက AC 220V ပါ။ INPUT ၄ ခုနဲ့ OUTPUT ၅ ခုထင်ပါတယ်။
ကွန်ပျုတာနဲ့ ချိတ်ဆက်ပြီး PROGRAM ရေးပါတယ်။ PROGRAM က သူ့ကို ၀ယ်တည်းက ပါလာပြီးသားပါ။ နှစ်သိန်းလောက်ကျတယ်ထင်ပါတယ်။ ကျွန်တော် အစမ်းရေးပြီးစမ်းတာက ON/OFF မှန်မမှန်ပါ။ ကျွန်တော့်တာဝန်က သူ့ကို POWER ပေးဖို့ပေါ့ဗျာ။

ဒါနဲ့ပဲ မန္တလေးက မျိုးသိန်းအီလက်ထရောနစ်ဆိုင်တန်းတွေဖက်ဆီလှမ်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ AC 220V ကနေ AC 24 V TRANSFORMER လေးဝယ်မယ်ပေါ့ဗျာ။ ပြီးရင် DI0DE လေး ၄ လုံး ( 1A လောက်နိုင်ရင်ရပါတယ်။ သူ့ပစ္စည်းရဲ့လိုအပ်ချက်မှာ mA လောက်ပဲတောင်းတယ်ထင်ပါတယ်။) ၀ယ်မယ်။ CAPACITOR 50V ကို CAPACITANCE များများ ၀ယ်မယ်။ REGULATOR IC လေးတစ်လုံးဝယ်မယ် ပေါ့ဗျာ။

စိတ်ကူးထဲမှာတော့ အိုကေပါတယ်။ ဆိုင်လည်းရောက်ရော လစ်တာပါပဲ။ AC 24V က ၀ယ်မရဘူးလေ။ ရှိတာက ထရန်စဖေါ်မာသေးလေးမှာ တစ်ဖက်က AC ရေးထားတယ်။ တစ်ဖက်မှာ 0V 9V 9V 12V 12V ဆိုပြီးအထွက် ၅ ခုရေးထားတာလေးတွေတွေ့တယ်။ ထူးပါဘူးလေဆိုပြီး ၀ယ်ခဲ့တာပေါ့ဗျာ။ အဆောင်ရောက်တော့ ကြံရာမရတော့ဘူးဗျ။ ဒါနဲ့ HOBBY ELECTRONICS က စာအုပ်လေးလှန်ရှာဖတ်တော့ အပေါ်က ထရန်စဖေါ်မာမှာ 12V နှစ်စွန်းကို သုံးပြီး 24V ရနှိုင်ပါတယ်လို့ပါတယ်။

ကျွန်တော်ကတော့ ယုံဘူး။

စာအုပ်တွေထဲ ကောက်ခြစ်တော့တာပဲ။ ဟုတ်တော့ ဟုတ်သလိုလိုပဲဗျ။ အပေါ်က CENTER-TAPPED မှာ ဆွဲခဲ့သလို ကြိုးနှစ်ချောင်းပူးတော့ နှစ်ဆအကွာအဝေးသွားတယ်။ ဖြစ်နိုင်တယ်ပေါ့။ ဒါပေမယ့် PHASE အယူအဆနဲ့ကျတော့ သံသယတွေဝင်လာပြီး လက်မခံနှိုင်တော့ဘူးလေ။ CIRCUIT-MAKER မှာ အပေါ်က ပုံတွေ အတိုင်းစမ်းတော့ကျမှာ နည်းနည်းယုံရမလိုဖြစ်လာတယ်။ တကယ်လည်း ဆားကစ်ဆင်ပြီး တိုင်းတော့မှ ယုံရတော့တယ်ဗျာ။
ဒါကတော့ ကျောင်းသားတစ်ယောက်ရဲ့ အခက်အခဲပါ။ ကျွန်တော့်လို ထူပေပေကျောင်းသားအတွက် ထရန်စဖေါ်မာမှာ 12V အစွန်းနှစ်ခုက ထုတ်ရင် 24V ထွက်တယ်ဆိုတာ လက်ခံရတော်တော်ခက်ခဲ့တယ်ဆိုတဲ့အကြောင်းပါခင်ဗျ။

EC,EP အခြေခံ waveform များ(၄၁)

Center-Tapped တည်ဆောက်ပုံကို ကျွန်တော်ကြိုးစားတည်ဆောက်ပြလိုက်ပါတယ်။
လက်ဝဲဘက်မှာ အပေါ်မှ အောက်ကို လက်ဝဲရစ်ပတ်လိုက်ပါတယ်။ ယာဘက်မှာတော့ ရစ်ပတ်ပုံပြောင်းလိုက်ပါတယ်။ ပတ်မယ့်ကြိုးကို နှစ်ချောင်းပူးပြီး အပေါ်မှအောက်ကို လက်ယာရစ်ပတ်ချလိုက်ပါတယ်။ ပြီးတော့ ကြိုးနှစ်ချောင်းရဲ့ အပေါ်က အစွန်းနဲ့ အောက်ကအစွန်းကိုပေါင်းလိုက်ပါတယ်။ (တစ်ချောင်းတည်းမဖြစ်ဖို့လိုပါတယ်။)
အဲဒီအခါမှာ ယာဘက်က အစွန်းနှစ်ဖက်မှာ မတူညီတဲ့ အစွန်းနှစ်ဖက်နဲ့ ကွဲပြားဆန့်ကျင်တဲ့ Current Direction တွေထွက်လာပါတယ်။ (ပေါင်းထားတဲ့အစွန်းကို Ground ချရင်ပေါ့ဗျာ။)ကျွန်တော် ဆော့ဖ်ဝဲနဲ့ စမ်းပြပါ့မယ်။ပုံထဲက အထွက် wave နှစ်ခုမှာ အပေါ်ဖက်အစွန်းအတွက် wave ဟာ မူရင်း အကျွေး wave အတိုင်းရပေမယ့် အောက်ဖက်အစွန်းအတွက် wave ကတော့ မူရင်းအကျွေး wave နဲ့ ဆန့်ကျင်ဘက်ကိုရပါတယ်။
အလယ်က အစွန်းကိုမသုံးဘဲဆိုရင်ရော ဘယ်လိုရမလဲနော်။

EC,EP အခြေခံ waveform များ(၄၀)

အောက်ကပုံလေးတွေကို ကြည့်ပါ။ လက်ဝဲနဲ့လက်ယာကို ၅ ပတ်နဲ့ ၁၀ ပတ် ပြောင်းပတ်ထားပါတယ်။ လွယ်လွယ်နဲ့ မှတ်သားနှိုင်ပါတယ်။
မြင်နေကျပုံလေးတွေ ရှာတွေ့လို့ ကူးယူဖေါ်ပြလိုက်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့ Center-Tapped တည်ဆောက်ပုံကို လေ့လာကြပါစို့။

EC,EP အခြေခံ waveform များ(၃၉)

များသောအားဖြင့် transformer တွေဟာ သံပြားအထပ်ထပ်မှာ ကော်ရည်သုတ်ထားတဲ့ ကြေးနီကြိုးကိုရစ်ပတ်လေ့ရှိပါတယ်။ သံပြားကိုတော့ ခံနှိုင်ရည် ဗို့အားပေါ်မှာ မူတည်ပြီး ဧရိယာကို ဆုံးဖြတ်လေ့ရှိပြီး၊ အမ်ပီယာ အနည်းအများအလိုက် ကြိုးအတုတ်အသေးကို ဆုံးဖြတ်လေ့ရှိပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက ရစ်ပုံပါ။ အောက်က ပုံလေးနှစ်ပုံရဲ့ ထူးခြားချက်ကို ကြည့်ပါ။
ပထမပုံကိုလေ့လာပါ့မယ်။
လက်ဝဲဖက်က ကွိုင်ပတ်ပုံက အပေါ်မှ အောက်ကို လက်ဝဲရစ်ဆင်းပါတယ်။ လက်ယာဘက် အထွက်မှာတော့ အပေါ်မှအောက်ကို လက်ယာဘက်ရစ်ပါတယ်။ Current ထွက်ပုံက ဘယ်ဘက်မှာ အထက်မှအောက်ကိုစီးသလို ယာဘက်မှာကျတော့ အောက်မှ အထက်ကို စီးပါတယ်။အောက်ကပုံလေးကို ကြည့်ပါ။

လက်ဝဲဖက်က ကွိုင်ပတ်ပုံက အပေါ်မှ အောက်ကို လက်ဝဲရစ်ဆင်းပါတယ်။ လက်ယာဘက် အထွက်မှာတော့ အပေါ်မှအောက်ကို လက်ဝဲဘက်ရစ်ပါတယ်။ Current ထွက်ပုံက ဘယ်ဘက်မှာ အထက်မှအောက်ကိုစီးသလို ယာဘက်မှာကျလည်း အထက်မှ အောက်ကို စီးပါတယ်။

EC,EP အခြေခံ waveform များ(၃၈)

TRANSFORMER တွေရဲ့ အခန်းကဏ္ဍရောက်ရှိလို့လာပါပြီ။
ပထမဆုံးအနေနဲ့ ဘယ်လိုနေရာတွေမှာအဓိကသုံးတယ်ဆိုတာကို ပြပါ့မယ်။ အောက်က ဆားကစ်ကိုကြည့်ပါ။
ကျွန်တော်တို့ရဲ့ အနီအနက် လိုင်းကြီးပေါ့ဗျာ။ မီးစက်/စက်ရုံဝမှာ ဖန်သီးလေးတစ်လုံးထွန်းထားမယ်။ အဲဒီဖန်သီးလေးနဲ့ အဝေးတစ်နေရာမှာ ဖန်သီးလေးတစ်လုံး တပ်ဆင်ထားပါတယ်။ သူတို့ နှစ်လုံးဟာ ဝေးနေတော့ ကြိုးထဲမှာ resistance 1k စီရှိတယ်ဆိုပါစို့။ (ကြိုးတစ်ဖက်ကို 500 ပေါ့ဗျာ။)
ဒုတိယဖန်သီးဟာ မူလစက်ရုံက ပေးတာရဲ့ တစ်ဝက်ပဲရတော့တယ်လေ။ ac220V အထွက်ဟာ ac110 ပဲရတော့တယ်။ ကျွန်တော်ဟာ နောက်တစ်လုံးထပ်ချိတ်ချင်တယ် မီးကိုလည်း အပြည့်အ၀လင်းချင်တယ်ဆိုရင် ဗို့ ၂ ဆမြှင့်မယ့် transformer လေးတပ်လိုက်မယ်ဆိုရင် တတိယဖန်သီးဟာ စက်ရုံက ပေးတဲ့ မီးအားအတိုင်းပြန်ရပါလိမ့်မယ်။ အောက်က ဆားကစ်လေးကို ဆန်းစစ်နိုင်ပါတယ်။
(lamp က display အောက်မှာပါ။ ဒီဆားကစ်မှာ resistance 1k စီထားရှိပါတယ်ခင်ဗျ။)တစ်ဝက်ပဲရတော့တာကို waveforms အားဖြင့်
မြှင့်ပြီးတဲ့ အခါမှာတော့

EC,EP အခြေခံ waveform များ(၃၇)

ကျွန်တော်တို့ အောက်က ဆားကစ်လေးဆောက်ကြပါစို့။ TRANSFORMER ကို အောက်က ပုံလေးအတိုင်း အရင်ရှာပါခင်ဗျ။
ဆင်ရမယ့် ဆားကစ်နှစ်ခုက အောက်မှာပါ။
ထွက်လာမယ့် WAVEFORMS တွေက အောက်က အတိုင်းပါ။ဒီဆားကစ်ကို အသေးစိတ်ကြစို့ရဲ့ဗျာ။

EC,EP အခြေခံ waveform များ(၃၆)

CAPACITOR ပုံလေးတွေကို GOOGLEIMAGE ကနေ ရှာဖွေတင်ဆက်လိုက်ပါတယ်ခင်ဗျာ။
သူ့ရဲ့တည်ဆောက်ပုံက ဒီလိုလေးပါတဲ့ခင်ဗျ။
အတွေ့နည်းတဲ့ VARIABLE RESISTOR ကတော့ ဒီလိုပုံလေးပါ။ သူ့ကိုတော့ ရေဒီယိုမှာ TURNING လုပ်ဖို့ (လိုင်းချိန်ဖို့)သုံးလေ့ရှိပါတယ်။
ကျွန်တော်တို့ရဲ့ ဒိုင်အုပ်ဆီပြန်လှည့်ကြပါစို့ဗျာ။

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်