မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

c++ in lab




Exercise-1
Using the switch statement to write a program that implements a simple calculator action. Exit the program implemented through dialogue calculate every five values, such as «Exit from program (Y / N)?».






ဒီပရို ဂရမ်လေးကတော့ ရိုးရိုး calculator ပရိုဂရမ် လေးပါ။ (+,-,*,/,^) ပေါင်း နှုတ် မြှောက် စား ထပ်ညွှန်းကိန်း တင် လက္ခ လေးတွေကို switch ကနေ ဖမ်းယူလိုက်တာပါ။အဲဒီ switch ကိုမှ အကြိမ်ငါးကြိမ် အလုပ်လုပ်
လုပ်ဖို့ အတွက် for loop နဲ့ ငါးကြိမ်ပတ်ပေးခြင်းဖြစ်ပါတယ်။အဲဒီငါးကြိမ်ပြီးတာနဲ့ Exist from program(Y/N)?
မေးပါလိမ့်မယ် ။ N လို့ type လိုက်မယ်ဆိုရင်တော့ ပရိုဂရမ်ဟာ နောက်ငါးကြိမ်အလုပ်လုပ်မှာဖြစ်ပါတယ်။
မဟုတ်ရင်တော့ ပရိုမရမ် end သွားပါပြီ။ Defaulf ကတော့ switch ရဲ့ အောက်မှထည့်သွင်းမထားတဲ့ အခြား သင်္ချာ လက္ခ ဏာတွေ့ ထည့်ရင် Synatx Error သဘောမျိုးလေးပေါ့ ။မဖြစ်မနေ လုပ်အပ်တဲ့အချက်တော့မဟုတ်ပါဘူး။break က တော့ဒီနေ ရာမဖြစ်မနေလို အပ်ပါတယ်။မဟုတ်ရင်တော့ ရိုက်လိုက်တဲ့ဂဏန်းတွေဟာရပ်မသွားပဲ
(+,-,*,/,^) ထဲက ရိုက်တဲ့ လက္ခရဲ့ အောက်က operations တွေပါဆက်ပြီးတော့ လုပ်လုပ်သွားပါလိမ့်မယ်။ အဲဒါကြောင့် break ထည့်ဖို့ တော့မမေ့ ဖို့ လိုတာပေါ့နော်။
ပုံက မရှင်းဘူးဖြစ်နေတယ် ။ပုံမှာသာ click ကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။



C++ အခြေခံများ

ကဲလာပါပြီ ....စာမေးပွဲ ကဒီနေ့မှ နှုတ်ဖြေပြီးလို့ ဗျို့။တစ်ခုနဲ့ တစ်ခုကြားlinkingတော်တော်ပြတ်သွားလို့ တောင်း ပန်ပါတယ်ဗျာ။စာမေးပွဲနဲ့ မအားလို့ပါ။ဆက်ရေးပါ့မယ်။အရင်တစ်ခေါက်တုန်းက conio.hမှာပြီးသွားတာ။ ဆက် ရေးမယ်နောက်ထပ်ကျန်တာလေးတွေပေါ့။ကဲစမယ်...................

5.Standar Library Header File(stdlib.h)
1)abs(int var)-အင်တီဂျာခေါ်ကိန်းပြည့် တန်ဖိုးတိတိကျကျရဖို့အတွက်။
2)atof(const char*s)-အက္ခရာကနေ floating pointလို့ခေါ်တဲ့ ဒဿမကိန်းပြောင်းဖို့အတွက်။
3)atoi(const char*s)-အက္ခရာကနေ intergerလို့ခေါ်တဲ့ ကိန်းပြည့်ပြောင်းဖို့အတွက်။
4)atol(const char*s)-အက္ခရာကနေ long integerလို့ခေါ်တဲ့တန်ဖိုးကြီးလွန်းသောကိန်းပြည့်ပြောင်းဖို့အတွက်။
5)div(int,int)-ကိန်းပြည့်နှစ်ခုစားပြီးနောက် စားလဒ်နဲ့ အကြွင်းတန်ဖိုးတွေကို ပြဖို့အတွက်ပါ။
ဥပမာ ဗျာ(x=div(15,4); x.quot=3 (စားလဒ်) x.rem=3(အကြွင်း))ပေါ့။
6)ltoa(long int)-ဒါကတော့ atolရဲ့ပြောင်းပြန် long integerလို့ခေါ်တဲ့တန်ဖိုးကြီးလွန်းသောကိန်းပြည့် က နေ အက္ခရာကိုပြောင်းဖို့အတွက်။
7)itoa(int)-ဒါလေးကျတော့ atoiရဲ့ပြောင်းပြန်ကိန်းပြည့်ကနေအက္ခရာကိုပြောင်းဖို့အတွက်။
8)rand( )%int-ဒါလေးက randomကိန်းသုံးဖို့ ။
ဥပမာဗျာ ၁ကနေ ၅၀အတွင်းကိန်းတွေကို ကိုယ်က ကီးဘုတ်ကနေရိုက်ထည့်စရာမလိုပဲ programက အော် တိုသုံးသွားအောင်သုံးရတာ ...ဒါဆိုရင်ဒီလိုလေးရေးလိုက်ပေါ့ a[i]=rand( )%50။

6.Character Type Header File(ctype.h)
1)toupper(int char)-ဒါလေးက အက္ခရာကို အက္ခရာအကြီး ပြောင်းဖို့ပေါ့။ဥပမာ a,b,cကနေA,B,C ဆိုပြီးပြောင်းတာ။
2)tolower(int char)-ဒါလေးက အက္ခရာကို အသေး ပြောင်းဖို့ပေါ့။ဥပမာA,B,Cကနေ a,b,cဆိုပြီးပြောင်းတာ။
3)toascii(int char)-ဒါကတော့အက္ခရာကို ASCII ကုဒ်ကို ပြောင်းဖို့ပါ။အရှည်ကတော့ American Stardar Code for Information Interchange ပါ။ASCII codeကို အသေးစိတ်လေ့လာချင်တယ် ဆိုရင်တော့ http://en.wikipedia.org/wiki/ASCII

7.Mathematical Header File(math.h)
1)sin(value)
2)cos(value)
3)tan(value)
4)sqrt(value)-square root တွက်ဖို့ပါ။
5)log(value)-natural logarithm တွက်ဖို့ပါ။(သင်္ချာမှာဆို ln လို့ရေးတာပေါ့ဗျာ...)
6)exp(value)-exponential functionတွက်ဖို့ ပါတဲ့။(သချာင်္မှာဆိုရင် e to the power x ပေါ့)
7)pow(base,exp)-ဒါက ကိန်းတွေကို ထပ်ညွှန်းတင်ဖို့သုံးတာ။ရှင်းပါတယ်။ 10 to the power 5 ဆိုရင် 10က base ၊5က expပေါ့။
8)ceil(x)-xထက်ငယ်တဲ့ အငယ်ဆုံးကိန်းပြည့်ကို ရှာဖို့ပါ။ဥပမာ x=3ဆိုရင် 3ထက်ငယ်တဲ့ ကိန်းကိုရှာပေးမှာပါ။ ကဲဒါတွေကတော့ C++မှာ ကျွန်တော်သိသမျှ Header Fileအကုန်ပါပဲ။အမှားပါရင်လည်း commentပေးပြီး ကူညီကျပါအုံး။စာရိုက်တာ အမှားပါမှာဆိုးလို့ပါ။ပြီးတော့ ကျွန်တော်လည်း အခုမှစလေ့လာသူပါ။ကျွန်တော် သိတာလေးကို လုံးဝမသိတဲ့ စတင်လေ့လာသူတွေကို ပြန်ပြောပြတဲ့သဘောပါ။ အခုလို့ လေ့လာသွားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။နောက်လည်းဆက်ရေးသွားပါအုံးမယ်။

လက်ဆောင်ရတဲ့ ကောင်မလေး

ဒီကောင်မလေးကတော့ 9Dragons ကနေ ကျွန်တော့်ကို လက်ဆောင်ပေးတဲ့ကောင်မလေးပါ။ အမြဲတမ်းတော့မဟုတ်ဘူးခင်ဗျ။ တစ်လပေးဆော့တာပါ။
ဒီလယ်ဗယ်ကတော့ ဂိမ်းအစောင့်တွေမှာသာထားရှိတဲ့ လယ်ဗယ်ပါ။ လယ်ဗယ် ၂၀၀ ဖြစ်ပါတယ်။ 9Dragons ရဲ့ ၆ နှစ်ခန့်သက်တမ်းအတွင်းမှာ လယ်ဗယ်အမြင့်ဆုံးက ၁၈၁ သာရှိပါသေးတယ်။
လွန်ခဲ့တဲ့လက တစ်လအတွင်း လယ်ဗယ်အမြင့်ဆုံးသုံးယောက်ကို ဆုပေးတာဖြစ်ပါတယ်။ သူများတွေကတော့ ဘယ်လို ဆုရတယ် မသိပါဘူး။ ကျွန်တော်ကတော့ ငွေတစ်ပြားမှ မကုန်ပဲ နာမည်လေးသစ်လေးနဲ့ ဒီကောင်မလေးကို ရတာပါပဲ။ မြန်မာအချင်းချင်းခေါ်ကြတဲ့နာမည်ကတော့ ThuKhoeGyi (သူခိုးကြီး) တဲ့ဗျာ။
စိတ်ပါဝင်စားသူ ညီကိုမောင်နှမများ ဆက်သွယ်နိုင်ပါကြောင်းခင်ဗျား။


C++ အခြေခံများ

စစချင်းဘာရေးရမှန်းမသိသေးလို့  C++ရေးရင်ကြေငြာရတဲ့ Header Filesတွေအကြောင်း ပြောပြချင်ပါတယ်။ သိပြီးသားဆိုရင်လည်း ကျော်ဖတ်သွားကြပါ။မသိသေးတဲ့ သူတွေအတွက်ပါခင်ဗျာ။
Standard Header File & Their Functions

1.Basic Input & Output Header File(iostream.h)
သူ့ ကိုတော့ cout နှင့် cin commands တွေကို ထည့်သုံးမှာမို့လို့ ကြေငြာရတာပါ။

2.Standard Input &Output Header File(stdio.h)
သူ့ ကိုတော့ printf နှင့် scanf commands တွေကို သုံးဖို့ ကြေငြာတာပါ။(cin & cout အစားသူတို့ကိုသုံးတာပါ။ ပုံစံတော့ နည်းနည်းကွဲတာပေါ့။
ဥပမာ
cout<<"My name is"; cin>>name;အစား
printf("My name is");
scanf("name");ဆိုပြီး ရေးရတာပါ။ပုံစံလေးပဲကွဲတာပါ။ဆိုလိုရင်းကတော့ အတူတူပါပဲ။

3.Formatting iostream output(iomaip.h)
သူ့ ကိုတော့ ဒသမကိန်းကိုလိုချင်သလောက်ဖြတ်ဖို့နဲ့ ကိန်းတစ်ခုနဲ့ တစ်ခုကြား space ခြားဖို့သုံးတာပါ။
1)setprecision(2)လို့ သုံးလိုက်ရင် အရင်က ရှိတာက x=123.4567ဆိုပါတော့။အဲ့ဒါကိုသုံးလိုက်တဲ အတွက် ဒသမကိန်းနောက်က ကိန်း၂လုံးကိုပဲပြပါတော့မယ်။ ဒီမှာကြည့်မှာ x=123.45 ဆိုပြီး ဖြစ်သွားပါတယ်။
2)setw(5)လို့ သုံးရင်တော့ ထွက်လာတဲ့ အဖြေတွေကို တစ်ခုနဲ့တစ်ခု space (၅)နေရာစာခြားခြားသွားပြီး ပြ သွားမှာပါ။"\t"လည်း ဒီလိုပါပဲ။ဒါပေမဲ့ ဒီကောင်ကတော့ တစ်ချက်စာပဲခြားမှာပါ။setw(-)ကတော့ ကိုယ်သတ် မှတ်ချင်သလောက်သတ်မှတ်ပြီး ခြားနိုင်တာပေါ့ဗျာ။

4.Console Input & Output Header File(conio.h)
1)clreol()-သူက လိုင်းတစ်လိုင်းကိုပဲ အဆုံးအထိ ရှင်းလင်းဖို့သုံးတာပါ။
2)clrscr()-သူကတော့ အရင်အဖြေထုတ်တုန်းက screenမှာပေါ်နေတဲ့ စာအာလုံးကိုရှင်းလင်းပေးဖို့ပါ။
3)getch()-သူ့ ကိုတော့ အဖြေကို မြင်ရအောင် အတွက် screenပေါ်မှာ ကီးဘုတ်မှ ကီးတစ်ခုခုမရိုက်မချင်း အဖြေကို ပြနေဖို့အတွက် သုံးတာပါ။
4)getche()-သူ့ ကိုတော့ အဖြေကို မြင်ရအောင် အတွက် screenပေါ်မှာ ကီးဘုတ်မှ ကီးကို တစ်ခါရိုက်လိုက်လျှင် screenပေါ်မှာ အဖြေနှင့် ရိုက်လိုက်သော ကီးကို ပြနေဖို့အတွက် သုံးတာပါ။
ကဲဒီနေ့အဖို့တော့ဒီလောက်ပါပဲ။ကျန်တာတော့ နောက်နေ့မှ ဆက်ရေးပါတော့မယ်။ အမှားပါရင်လည်း ပြင်ပေး ကျပါခင်ဗျာ။အခုကတော့ ညဥ့်နက်နေလို့ပါ။ကျေးဇူးတင်ပါတယ်။

C++ အိမ်စာများ(၉)

ဒီတစ်ပုဒ်ကတော့ Square Matrix ပါပဲခင်ဗျ။ Main Diagonal ရဲ့ အထက်ပိုင်း (အစိမ်းရောင်) entry တွေဟာ -100 to 20 ကိန်းဖြစ်ရမှာဖြစ်ပြီး ကျန်နေရာတွေဟာ -1 to 50 ကိန်းတွေဖြစ်ရပါမယ်တဲ့ခင်ဗျာ။ အစိမ်းရောင် entry တွေရဲ့ row column တွေမှာ j သည် i ထက်ကြီးပါတယ်ဆိုတဲ့ concept လေးတွေးနိုင်လိုက်တော့ ရေးလို့ ရသွားတာပေါ့ခင်ဗျာ။

html မှာ code တွေ ဖဲ့ချန်ခဲ့လို့ အပြည့်အစုံဖြစ်အောင် print screen နဲ့ပဲ ဖေါ်ပြလိုက်ရပါတယ်ခင်ဗျာ။



ရလာမယ့်အဖြေကတော့

ဆက်လက်ရေးသားသွားပါဦးမယ်ခင်ဗျာ။









C++ အိမ်စာများ(၈)

ဒီတစ်ပုဒ်ကတော့ Square Matrix တစ်ခု ဆောက်ခိုင်းတာပါခင်ဗျ။ ရလိုတဲ့အဖြေက အောက်ကပုံလေးအတိုင်းပဲ စုံတွေမတွေနဲ့ Random တွက်ချင်ပါသတဲ့ခင်ဗျာ။
ဒီပုစ္ဆာမှာတော့ ပထမ ပန်းရောင် ပထမတန်းအတွက် i မကိန်းဆိုလျှင် j စုံကိန်းဖြစ်နေတာနဲ့ ဒုတိယတန်းအတွက် i စုံကိန်းဖြစ်လျှင် j မကိန်းဖြစ်နေတာနဲ့ ကန့်သတ်ရေးပါတယ်။
စုံကိန်းဆိုတာကတော့ ဘယ်ကိန်းကို ၂ နဲ့မြှောက်မြှောက်ရတာပေါ့ခင်ဗျာ။ မကိန်းဆိုတာကလည်း ၂ နဲ့မြှောက်ပြီး ၁ နှုတ်ပေါ့ဗျာ။

#include <iostream.h>
#include <stdlib.h>
#include <conio.h>
void main()
{
int m,a[100][100];
cout<<"Enter the number of Row of square Matrix =\t";
cin>>m;
for (int i=0;i<m;i++)
for (int j=0;j<m;j++)
{
a[i][j]=rand()%10;
if ((i%2==0)&&(j%2==0)||(i%2!=0)&&(j%2!=0))
{
a[i][j]=a[i][j]*2;
}
else
a[i][j]=a[i][j]*2-1;
}

for (int i=0;i<m;i++)
{
cout<<'\n';
for (int j=0;j<m;j++)
{
cout<<a[i][j]<<" \t";
}
}
getch ();
}


အဖြေပုံစံကတော့

C++ အိမ်စာများ(၇)

ဒီတစ်ပုဒ်ကတော့ -10 ကနေ 10 ကြားကို Random ခေါက်ခိုင်းတာပါခင်ဗျ။
rand()%20 က 0 ကနေ 20 ထိကြားကို ထုတ်ပေးမှာဖြစ်ပါတယ်။ သူ့ကို 10 နှုတ်လိုက်တဲ့အခါမှာတော့ -10 to 10 ဖြစ်သွားပါရောခင်ဗျာ။

#include <iostream.h>
#include <stdlib.h>
#include <conio.h>
void main()
{
int m,a[100][100];
cout<<"Enter the number of Row of square Matrix =\t";
cin>>m;
for (int i=0;i<m;i++)
for (int j=0;j<m;j++)
{
a[i][j]=rand()%10;
if ((i%2==0)&&(j%2==0)||(i%2!=0)&&(j%2!=0))
{
a[i][j]=a[i][j]*2;
}
else
a[i][j]=a[i][j]*2-1;
}

for (int i=0;i<m;i++)
{
cout<<'\n';
for (int j=0;j<m;j++)
{
cout<<a[i][j]<<" \t";
}
}
getch ();
}


အဖြေကတော့

C++ အိမ်စာများ(၆)

ဒီတစ်ခါပုစ္ဆာကတော့ 1 ကနေစတဲ့ integer တွေကို Row ကနေ မဟုတ်ဘဲ Column လိုက်စီထည့်သွားမှာဖြစ်ပါတယ်ခင်ဗျ။

#include <iostream.h>
#include <stdlib.h>
#include <conio.h>
void main()
{
int m,n,a[100][100];
cout<<"Enter the number of Row =\t";
cin>>m;
cout<<"Enter the number of Column=\t";
cin>>n;
int start=1;
for (int j=0;j<n;j++)
for (int i=0;i<m;i++)
{
a[i][j]=start;
start++;
}
for (int i=0;i<m;i++)
{
cout<<'\n';
for (int j=0;j<n;j++)
{
cout<<a[i][j]<<" \t";
}
}
getch ();
}
ရလာမယ့်အဖြေကတော့

9Dragon က MgGyi

ကျွန်တော် လယ်ဗယ်တင်လိုက်တာ ဘယ်လောက်ကောင်းလဲဆိုတော့ဗျာ 9Dragons Online Game က ဆာဗာ သုံးခုရှိတဲ့အနက်က အမေရိကန်ဆာဗာ Nivana ကနေ အောက်ပါ link ကနေ ဖေါ်ပြခြင်းခံရပါတယ်။ (ဟီး ဟီးကြွားတာ)

http://phpbb.acclaim.com/9dragons/viewtopic.php?t=120016&start=0&postdays=0&postorder=asc&highlight=

login မရှိသူတွေအတွက် ဒီလိုဖေါ်ပြထားပါတယ်ခင်ဗျာ။



Reply with quote
Warriors, I am pleased to announce the winners of the 9D Immortals Contest.

The task was to show how you might do it all differently were you to begin again, and many of you took Acclaim up on the offer. I wonder, did you find it easier the second time around? Did it make you nostalgic? Did you choose a very different path through The Land? First, I congratulate all who competed, I am sure it was an adventure, and training hard should have given you a taste of what it would be like to be under the tutelage of a true Sifu.

Now here we have 9 winners, each of whom having leveled up the highest, all of whom having been painstakingly verified by our noble GMs (and we apologize for the delay but there are a few new bugs ingame that could have been utilized to cheat... and we needed to make sure they had not been employed, in fairness, hence the delay). I find it quite heartwarming that Non-Item Mall Users earned second place on both Bardo and Asura instead of third place as promised!

These 9 will now each take on an Immortal Character and walk The Land for a little over a month. Some will be light, others dark, each according to their own path. A Post will also be created for each along with a screenshot (so you will know them when you see them), and we hope they shall chronicle their adventures. For rights of privacy, I shall not name their ingame Main Characters... though they may do so in the posts as they wish.


Nirvana Immortal Winners:

Acct Char Name Level
1) firestorm StormmWor1d 157
2) lithomas12 PumpkinQueen 148
3) colorlessqua MgGyi 144 (Non Item Mall User)

ဒီ ဆာဗာ မှာတော့ တတိယ နေရာလိုက်တယ်ပေါ့ခင်ဗျာ။


ဒါကတော့ MgGyi ရဲ့ ရုပ်သွင် သဏ္ဍန်လေးပေါ့ခင်ဗျာ။
လယ်ဘယ်နဲ့ ဆင်ထားတာလေးတွေကတော့ အနုတ်စုတ် ဂုတ်စုတ်လေးပါ။


C++ အိမ်စာများ(၅)

ဒီပေးထားတဲ့ Matrix လေး အတိုင်းရအောင် ဆောက်ခိုင်းတာပါခင်ဗျ။
n 0 0 0 0 ...
n-1 n 0 0 0 ...
n-2 n-1 n 0 0 ...
n-3 n-2 n-1 0 0 ...
. . . . .
. . . . .
. . . . .
ကျွန်တော့်ကိုတော့ 6x6 ပဲဆောက်ခိုင်းတာပါ။ ပုံစံတူ အစုံ ၄၀ လောက် ရှိပါသေးတယ်။ စိတ်ထဲရှိသလိုတာ ပုံထုတ် ရေးသားနိုင်ကြပါစေလို့ ...
#include<iostream.h>
#include<conio.h>
#include<stdlib.h>
void main ()
{
int i,j,a[6][6];

for (i=0;i<6;i++)
for (j=0;j<6;j++)
if(j>=i)
a[j][i]=6-j+i;
else
a[j][i]=0;
cout<<'\n';

cout<<endl;
cout<<"Matrix=\n";

for (i=0;i<6;i++)
{
cout<<endl<<'\t';
for (j=0;j<6;j++)
cout<<a[i][j]<<" ";
}

getch();
}

ရလာမယ့်အဖြေကတော့

C++ အိမ်စာများ(၄)

ဒါလေးကတော့ အပေါ်က Matrix ကို column လိုက် ကြီးစဉ်ငယ်လိုက် စည်လိုက်တာပါခင်ဗျ။
#include <iostream.h>
#include <conio.h>
#include <stdlib.h>
void main ()
{
int i,j,a[6][6];

for (i=1;i<7;i++)
for (j=1;j<7;j++)
a[i][j]=-rand()%100-50;

cout<<"Matrix A=";

for (i=0;i<6;i++)
{
cout<
for (j=0;j<6;j++)
cout<<<" ";
}

int k,bk;
for (i=0;i<6;i++)
for (j=0;j<6;j++)
for (k=0;k<6;k++)

if (a[j][i]>a[k][i])
{
bk=a[j][i];
a[j][i]=a[k][i];
a[k][i]=bk;
}

cout<
cout<<"Matrix B=\n";

for (i=0;i<6;i++)
{
cout<
for (j=0;j<6;j++)
cout<<<" ";
}

getch();
}

C++ အိမ်စာများ(၃)

ဒီနေ့တော့ ဆရာမပေးတဲ့ Matrix အိမ်စာလေးတွေ တင်လိုက်ပါတယ်ခင်ဗျာ။ (i)*sin(j)/cos(j) ဖန်ရှင် အတိုင်း Matrix လေး ဆောက်ခိုင်းတာပါခင်ဗျ။

iostream ရဲ့ နောက်မှာလည်း > ဒါလေးတွေ ချန်ခဲ့ပါတယ်။ ဒီမှာက အဖွင့်အပိတ်တွေအတွင်းကို ဖေါ်ပြမပေးလို့ပါခင်ဗျ။

#include<iostream.h>
#include<conio.h>
#include<math.h>
#include<iomanip.h>
void main ()
{
int i,j;
float a[6][6];

for (i=1;i<7;i++)
for (j=1;j<7;j++)
a[i][j]=(i)*sin(j)/cos(j);

cout<<"Matrix A=";

for (i=0;i<6;i++)
{
cout<<endl;
for (j=0;j<6;j++)
cout<<setw(10)<<a[i][j]<<" ";
}


getch();
}

C++ အိမ်စာများ(၂)

နောက်တစ်ပုဒ်က 2+6 3-8 5*5 5/9 5^4 စတဲ့ အခြေခံလေးကို ကီးဘုတ်ကနေ Calculator တွက်သလို နှိပ်တွက်နှိုင်အောင် ရေးပြပါတဲ့ခင်ဗျ။ ၅ ကြိမ်အပြီးမှာ နောက်ထပ် ထပ်တွက်မလား မတွက်ဘူးလား မေးပါတဲ့ ထွက်ချင်မှ ထွက်စေလိုပြီး ဆက်တွက်လိုက နောက်တစ်ကြိမ် ထပ်တွက်ဖို့ စီစဉ်စေချင်ပါတယ်တဲ့ခင်ဗျ။
#include <iostream.h>
#include
<conio.h>
#include
<math.h>
void main()
{
e:
clrscr();
float result,a,b;
int i;
char choice,op;
cout<<"Please Enter Your Calculation:"; for(i=0;i<5;i++){>>a>>op>>b;
switch(op)
{
case '+':result=a+b;break;
case '-':result=a-b;break;
case '*':result=a*b;break;
case '/':result=a/b;break;
case '^':result=pow(a,b);break;
default:cout<<"Syntax Error!!!";break; } cout<<"Answer="<<<<"Please Enter Your Calculation:"; } cout<<"\nExist from program(Y/N)? \n"; cin>>choice;
if(choice=='N')
goto e;
else if(choice=='Y')
goto q;
getch();
q:
}

ထပ်မံကြိုးစားတင်ပြပါဦးမည်၊

C++ အိမ်စာများ(၁)

ကျွန်တော့်ရဲ့ မေဂျာရင်းက EC ပေမယ့် လောလောဆယ်ယူရမယ့်ဘွဲ့က IT ဖြစ်နေတော့ ပထမနှစ်အနေနဲ့ C++ နဲ့ MabLAB တွေသင်နေရပါတယ်။

ကျွန်တော်နဲ့ အတူ ကျောင်းသား ၃၀ လောက် C++ သင်ယူနေကြရာမှာ ကျွန်တော်တို့အားလုံး အပတ်တိုင်း ပရိုဂမ်တွေ (အတူတူ) ရေးနေကြရပါတယ်။ ခုမှ တစ်လမပြည့်သေးတာမို့ အိမ်စာတွေကနည်းနေပါသေးတယ်။ ဒါပေမယ့်လည်း ဧည့်သည်တော်တွေ (စိတ်ဝင်စားမယ်ဆိုရင်) လိုက်ရေးကြည့်မယ်ဆိုရင် ကျွန်တော်လည်း အကူအညီ ရမှာပါပဲ။ ပြန်လည် စာနွှေးပြီးသားလည်း ရတာပေါ့ခင်ဗျာ။

အခုမှ ကကြီးရေကမို့ ဘာက ဘာကြောင့်တွေတော့ မသိဘူးနော်။ ကျွန်တော်ရေးပြမှာက ကျွန်တော်တို့ရဲ့ အိမ်စာတွေပါပဲ။ အိမ်စာတွေကို ကျောင်းက အစဉ်လိုက်လေးအတိုင်း အခြေခံ့ အခြေခံလေးက စရေးမယ်နော်။ ကျွန်တော်ကလည်း အဲဒီလောက်ပဲသိတာကိုးဗျ။

တစ်ခုသောအတန်းချိန်မှာပေါ့ဗျာ ...
ကျွန်တော်တို့ဆရာမက ကျွန်တော့်ကို a နဲ့ b integer နှစ်ခုကို ရိုက်ထည့်ရင် a ရဲ့ အဖြေက b ထွက် b ရဲ့ အဖြေက a ထွက် နေရာလည်း ထုတ်ပေးပါတဲ့။ သူကပြောသေးတယ်ဗျ။ a နဲ့ b ကလွဲလို့ တခြားဟာတွေ မသုံးရဘူးတဲ့။ အဲဒါနဲ့ပဲ ကျွန်တော်က အောက်ပါအတိုင်း စာရွက်ပေါ်မှာ ရေးပြလိုက်တယ်ခင်ဗျာ။

Code:
#include <iostream.h>
#include
<conio.h>
void main ()
{
int a,b;
cout<<"a="; cin>>a;
cout<<"b="; cin>>b;
cout<<"a="<
<b; cout<<"b="<<a;


ဆရာမက ရယ်တာပေါ့ဗျာ။ မဟုတ်သေးဘူးတဲ့။ တွက်ချက်ပြီးမှ ပြတဲ့။ equation နဲ့ တွက်ဦးတဲ့ဗျာ။ ဘာရမလဲ အောက်ကအတိုင်းရေးပြလိုက်တယ်။


Code:
#include <iostream.h>
#include
<conio.h>
void main ()
{
int a,b,x,y;
cout<<"a="; cin>>a;
cout<<"b="; cin>>b;
x=a;
y=b;
cout<<"a="<<y; cout<<"b="<<x;


အဲဒီလိုပြတော့ ဆရာမက အဲလို လိုချင်တာလည်း မဟုတ်ဘူးတဲ့ဗျ။ x နဲ့ y ကိုလည်း မပါချင်တော့ ပြန်ပါဘူးတဲ့။ a နဲ့ b သာပါရမယ်တဲ့။ ကျွန်တော် စဉ်းစားမိတယ် a=b ဒါဆို b ထဲကဟာ a ထဲထည့်။ a နဲ့ b က တူသွားပြန်ပြီ။ b=a ဆိုပြီး ထပ်ရေးတော့ b ထဲကို a ကဟာထည့်တော့ ဘာထူးလည်း ဗျာ a နဲ့ b ဟာ b တန်ဖိုးတိုင်းရတော့တာပဲလေ။ ဟုတ်ပါ့မလား ဆရာမရယ် ဆိုတော့ လည်း ဆရာမက ဟုတ်တယ် စဉ်းစားတဲ့။ သူက ကူပြောပါသေးတယ် +-*/ သုံးလို့ ရတယ်တဲ့။

ဒါနဲ့ပဲ စဉ်းစားလိုက်ရတာဗျာ။

x=a;
y=b;

ဒီနေရာမှာ ပြင်ဖို့အရေး စဉ်းစားရာက နောက်ဆုံးမှာတော့ ဒါလေးစဉ်းစားမိတယ်ဗျ။

a=10 b=9 ဆိုရင် a-b=1 အဲဒီ 1 ကို b နဲ့ ပေါင်းရင် a နဲ့တူပြီး b ကို ရမယ်လေ။ အဲဒီရတဲ့ b ထဲက 1 ကို နှုတ်ရင် a ကိုရရောပေါ့။

a=a-b;
b=a+b;
a=b-a;

အဲလို ရေးတော့မှ မှန်သွားသတဲ့ဗျာ။ တတ်လည်း တတ်နိုင်တဲ့ ဆရာမပဲ။

Code:
#include <iostream.h>
#include
<conio.h>
void main ()
{
int a,b;
cout<<"a="; cin>>a;
cout<<"b="; cin>>b;
a=a-b;
b=a+b;
a=b-a;
cout<<"a="<<a; cout<<"b="<<b;


Run တဲ့ပုံကတော့

a=31
b=25
a=25
b=31


ပေါ့နော်။

ဆက်လက်တင်ပြပါ့မယ်ခင်ဗျာ။


Guitar ပေါ်က မြန်မာသံ

အွန်လိုင်းပေါ်က မြန်မာမောင်နှမများအတွက် အပမ်းတော်ပြေစေခြင်းအလို့ငှာ လက်ထဲရှိတဲ့ ဂစ်တာလေးကို ကာပိုလေးတပ်ပြီး မယ်ဒလင်လိုကြိုးညှိပြီး "ချစ်ပြုံးနှင်းဆီ" သီချင်းလေးနဲ့ ဖျော်ဖြေလိုက်ပါတယ်ခင်ဗျာ။

ကျွန်တော့်ကို မယ်ဒလင်သင်ပေးခဲ့တဲ မန္တလေးနည်းပညာတက္ကသိုလ် မက္ခရာဆောင် စာဖိုဆောင်က ကိုကြီးကိုစိုးကို ဂါရ၀ပြုလျှက် ကျွန်တော်ပထမဆုံးမယ်ဒလင်စတီးတတ်တဲ့ သီချင်းလေးနဲ့ အမှတ်တရ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။




ချစ်ပြုံးနှင်းဆီ

ဖြူ ပြာ လဲ့ မူယာသွယ်နွဲ့ ချစ်တဲ့သူခင်ရယ် ...
မာန်ငြိုမျက်နှာထားတွေရယ် အငြိုးကြီးနဲ့ စိမ်းနိုင်လေအားတယ် ...
ရွှေနှင်းဆီ ငုံလေးရယ် နှုတ်ခမ်းတော် ဆူလွန်းတယ် ...

နေ့စဉ်စောင့်ပါလို့ရယ် နေပေမယ့်ကွယ်
ပွင့်နှိုင်ခဲပါဘိတယ် သန္တာလဲ့ရယ်
ဘယ်ခါချစ်ပြုံးမာလာကိုကွယ် ခူးဆွတ်လို့ ဘုန်းမောင်နမ်းလာမယ် ...

ချစ်ပြုံးနှင်းဆီတစ်ပွင့်ကို မျှော်ကာတလင့်လင့် ကြိုတင်မှန်းဆရွယ် ...
ဘယ်ရာသီဝယ် မာလာရယ်ပွင့်မှာလဲ အချစ်ရယ် ...
တစ်ငုံတည်း မစုံဘဲ နည်းနည်းလေး လျှော့စေချင်ပါတယ် ...
သဘာဝတရားရဲ့ မတားသာဘဲမို့ကွယ် ...
ပြုံးလိုက်ပါတော့လားကွယ် သနားမမျှတဲ့ လှနှင်းဆီရယ် ...

အနီးစပ်ဆုံး နုတ်ထုတ်ပေးလိုက်ပါတယ်ခင်ဗျာ။

နုတ်လေးတွေ ခွဲထားပုံကို (အနောက်တိုင်းစတိုင်နဲ့) နားထောင်ကြည့်လိုတယ်ဆိုရင်တော့ ဒီမှာကလစ်ပါ။

အချိန်ပေးပြီး မြန်မာ့ဂီတအကြောင်း ကျွန်တော်သိသလောက် မွှားတိမွှားတားလေးတွေနဲ့ မယ်ဒလင်တီးတတ်သလောက် သင်ပေးချင်ပါသေးတယ်ခင်ဗျာ။

ဆင်နွှဲခဲ့တဲ့ အာဆီယံပွဲတော်



သိပ်မကြာခင်ကာလကပဲ အပေါ်က ပွဲတော်လေးဆီ ရောက်သွားဖြစ်ခဲ့ပါတယ်။ အားလုံးပဲ အပန်းတော်ပြေစေဖို့ အာဆီယံက နှမများနဲ့တကွ ဦးရွှေရိုးဒေါ်မိုးအကနဲ့ ဖျော်ဖြေလိုက်ရပါတယ်ခင်ဗျာ။

ဒီအကကတော့ ဘယ်နိုင်ငံက တင်ဆက်သွားလိုက်မှန်းမသိပါဘူးခင်ဗျ။ (အင်ဒိုနီးရှားထင်ပါတယ်။) နှစ်ယောက်ထဲနဲ့ ပွဲကြမ်းသွားတာ ကောင်လေးတွေလား ကောင်မလေးတွေလားတောင် မသိလိုက်ပါဘူး။


ဒါကတော့ လာအိုမလေးတွေရဲ့ ပထမ ကကွက်တွေပါ။ သူတို့တတွေကတော့ မော်စကိုမှာ စီးပွားရေးတက္ကသိုလ်လာတက်တဲ့ ကျောင်းသူလေးတွေပါတဲ့။ ၆ နှစ်တောင် တက်ကြမှာလို့ ဆိုပါတယ်ခင်ဗျ။ ကျွန်တော်တို့နဲ့တော့ တော်တော်လေး ရင်းနှီးသွားပါတယ်။ :D


ဒါကတော့ကျွန်တော်တို့ရဲ့ ဦးရွှေရိုးဒေါ်မိုးအကပါ။ ပွဲမှာတော့ အမြိုင်ဆိုင်ဆုံးနဲ့ အတက်ကြွဆုံး ဖျော်ဖြေဖြစ်ခဲ့တယ်လို့ ထင်ပါတယ်ခင်ဗျ။


ဒါကတော့ တစ်ယောက်တည်း လာကဲတဲ့ ဗီယက်နမ်မမပါ။ ကျွန်တော်တို့ ယောက်ျားလေးတွေကြား အေးအေးဆေးဆေးပဲ ၀င်လာပြီး တစ်ယောက်တည်းထိုင် အလှပြင်တယ်။ အေးဆေးပဲ။ ပြုံးပြုံး ပြုံးပြုံးနဲ့ ဖျော်ဖြေသွားတော့လည်း တကယ့်ဒေါင်းမလေးလိုပါပဲ။


ဒါကတော့ ပွဲသိမ်းအက လာအိုမလေးတွေဖြစ်ပါတယ်။ အားပေးလိုက်ကြပါဦးဗျာ။


ဒါတွေကို မှတ်တမ်းတင်ပေးတဲ့ အစ်ကိုကြီးကို ကျေးဇူးတင်လျှက်ပါ။

ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြပါစေခင်ဗျာ။

Perfect World

နည်းပညာမှတ်စုများ ဆိုပြီး အွန်လိုင်းဂိမ်းကို ၀င်ကြေညာတာ ကြည့်လို့တော့ ကောင်းမယ်မထင်ပါဘူးဗျာ။ လောလောဆယ်တော့ ဂိမ်းဆော့ဖြစ်နေတာရယ် 9Dragons ဂိမ်းက lvl ခိုးနည်းလေးတွေရယ် ပြောပြချင်တာကြောင့် မရမကဇွတ်အတင်း ဂိမ်းသတင်းပါးအပ်ပါတယ်ခင်ဗျာ။

ကွဲကွာနေတဲ့ ချစ်သူတွေအချင်းချင်း ဂိမ်းထဲမှာ တွေ့လိုလို့ဖြစ်ဖြစ်၊ သူငယ်ချင်းအသိ ရှာချင်ရင်ပဲဖြစ်ဖြစ်၊ တနေ့တာ မောပမ်းမှုလေးတွေကို ဖျေဖျောက်ချင်ရင်ဖြစ်ဖြစ်၊ ချစ်သူရည်းစားမရှိသူများ ရလိုရငြားကြိုးစားချင်ရင်ပဲဖြစ်ဖြစ် Perfect World ကိုလာခဲ့ပါလို့ မိတ်ဆက်ပါရစေခင်ဗျာ။

အောက်ကပုံလေးတွေကိုကြည့်လိုက်ပါခင်ဗျ။ သာယာလှပတဲ့ တောတောင်ယံ အန္တရာယ်တွေကြားက အမှတ်မထင်ဆိုသလို ဆုံတွေ့ခဲ့တဲ့ ချစ်သူစုံတွဲလေး တစ်ခုပေါ့ဗျာ။ ပွေ့ဖက်ပါရစေခွင့်တောင်းပြီး သူသဘောတူတယ်ဆိုတာနဲ့ ရင်ခွင်ထဲကို စွေ့ခနဲရောက်လာတဲ့ ချစ်သူလေးပေါ့ခင်ဗျာ။

ဓားပျံအတူစီးရင်း တိမ်တွေပေါ်ပျံသန်းမယ် မြစ်ပြင်မှာ စီးမြောမယ်၊ မြင်းဖြူစီးပြီး လည်ပတ်မယ်ဆိုတာလေးတွေနဲ့ အပျင်းတော်ပြေစေမယ့်အကြောင်း အကျွနိုပ်ရဲရဲ အာမခံပါတယ်ခင်ဗျ။




တောတောင် ရေမြေသဘာဝလေးတွေကိုလည်း လှည့်လည်သွားလာရင်း ဓာတ်ပုံရိုက်ထားလိုက်ပါတယ်ခင်ဗျ။


ရေထဲမှာလည်း ရေကူးလို့ရပါတယ်။

သစ်ပင်ပေါ်ခုန်တက်ပြီး တရားထိုင်ဦးမလား ရပြန်ပါသေးတယ်။


ချစ်သူစုံတွဲလေးတစ်တွဲလောက်ရလို့ နှစ်ဦးလက်ထပ်ချင်ရင်တောင် တစ်ဆာဗာလုံးသိအောင် လက်ထပ်လို့ ရပါသေးတယ်တဲ့။ အဲ လက်ထပ်စရိတ်တော့လိုမယ်နော်။ တစ်ယောက်ကို သိန်း ၃၀ ကုန်မယ်တဲ့။

ဂိမ်းကို စ၀င်တယ်ဆိုကတည်းက မိမိနှစ်သက်ရာ ရုပ်ရည်ကို ရွေးရပါတယ်။ မျက်နှာ အတိုအရှည် မျက်လုံး အရှည်အကျယ် အရောင် ပုံစံ နှုတ်ခမ်း အပေါ်အောက် အထူအပါး အကျယ် မေးရိုးကျပုံကစလို့ စိတ်တိုင်းကျရွေးနိုင်ပါသေးတယ်။ ကျွန်တော်ဆို တစ်ရက်လုံးပြင်တာတောင် စိတ်တိုင်းမကျဘူးဗျာ။ ကျွန်တော့်လောက်ချောအောင်ပြင်တာကို ဂိမ်းခမျာ တော်တော်နဲ့ မတတ်နိုင်ရှာဘူးလေ :D

မိန်းကလေးများဆိုရင်တော့ ဆွဲဆောင်မှုရှိအောင်ပြင်ရပါလိမ့်မယ်။ မလှတဲ့သူကိုတော့ ဘယ်သူက ချီပွေ့ချင်မှာလဲနော်။ မိန်းကလေးတွေကရော ခေါ်တိုင်းလိုက်မတဲ့လား။ မလိုက်ဘူးဗျ။ LVL 30 လောက်ကျမှ လေပေါ်ပျံလို့ ရတယ်လေ။ LVL နိမ့်မိန်းကလေးတွေမှာ ကိုယ်တိုင် မပျံနိုင်တော့ မရောက်ဖူးသေးတဲ့ နေရာတွေကို ဒီလို ချီပွေ့ခေါ်သွားသူရှိမှ ရောက်ရ ပျော်ရတာကိုး။

တချို့မိန်းကလေးများကတော့ သူ့ကို နိုင်အောင်တိုက်နှိုင်မှ ချီပွေ့ခွင့်ပေးပါတယ်။ ဒီလိုနိုင်အောင်လည်း သိုင်းကွက်တွေ လူတစ်ယောက်အတွက် လိုအပ်မယ့် အသက် ခံနိုင်ရည် စွမ်းအား မှော်အတတ်တွေ နားလည်မှ ဖြစ်မှာပါခင်ဗျ။ လွယ်လွယ်နဲ့တော့ ပန်းတွေ မပွင့်ဘူးပေါ့ခင်ဗျာ။

ကျွန်တော်လည်း အတွေ့အကြုံလေးတွေ လိုချင်လို့ သူများရဲ့ lvl မြင့်တဲ့ Char ကိုငှားပြီး ဓာတ်ပုံရိုက်တင်လိုက်တာပါ။ ကျွန်တော့်အကောင်ကတော့ ခုမှ ကြိုးစားဆဲပါ။

စိတ်ဝင်စားတယ်ဆိုရင်တော့ 2.8GB လောက် ဒေါင်းလုပ်ချရပါမယ်။ နာရီအတန်ကြာအောင် update လုပ်ရပါမယ်။ အဲဒီဆိုဒ်က ဒေါင်းလို့ အဆင်မပြေရင် ကျွန်တော် upload ခွဲတင်ပေးရမလိုလိုပါပဲ။ ၀ါသနာရှင်များကို ဖိတ်ခေါ်လျှက်ပါခင်ဗျ။

player သန်း ၅၀ ကျော်တယ်ဆိုပါတယ်။ မြန်မာတော်တော်များများကတော့ Sanctuary Sever မှာ ကစားကြတယ်လို့ သိထားပါတယ်ခင်ဗျာ။ ဒီ link မှာ လေ့လာကြည့်နိုင်ပါတယ်ခင်ဗျ။ သူ့အတွက်ဖိုရမ်က ဒီမှာပါ။

လန်းဆန်းပျော်ရွှင်နိုင်ကြပါစေခင်ဗျာ။

တစ်နှစ်ပြည့်အလွမ်း

ဒီနေ့ ၁၂.၉.၂၀၀၉
အမိမြန်မာပြည်နဲ့ ခွဲခွာလာလိုက်တာ တစ်နှစ်တောင်ပြည့်သွားပြီဗျာ။
ဘလော့လေးမှာ တစ်နှစ်ပြည့် အထိမ်းအမှတ် ပိုစ့်လေးတစ်ခုလောက် တင်မလို့ဟာကို ဘာမှကို လုပ်ချင်ကိုင်ချင်စိတ်မရှိတာနဲ့ပဲ ပေါက်တတ်ကရတွေ ချရေးလိုက်တယ်ဗျာ။

ဆိုလိုရင်းကတော့ လွမ်းပါသည်ပေါ့ဗျာ။
လွမ်းတာတွေ ရင်ဖွင့်ရရင်တော့ ပြောလို့တောင် ဆုံးမယ်မထင်ပါဘူးဗျာ။
လတ်တလော အခြေအနေနဲ့ယှဉ်လွမ်းရတာတော့ ရပ်တည်နေရတဲ့ ဘ၀ပေါ့ဗျာ။ လောလောဆယ်က ကျောင်းသားတစ်ယောက်ပေါ့ဗျာ။ မနှစ်ကတော့ ကျောင်းဆရာတစ်ယောက်ပါ။

တာဝန်ကျခဲ့တာက ထားဝယ်မြို့မှာပေါ့ဗျာ။
ထားဝယ်မှာ သုံးနှစ်လောက်ကြာခဲ့တာမှာ ရှားရှားပါးပါး ဓာတ်ပုံလေး တစ်ပုံပဲ ရိုက်ဖြစ်ခဲ့တယ်။ ဘလော့ကို အလည်လာတဲ့ ဧည့်သည်တော်တစ်ဦးတစ်လေအတွက် အဲဒီပုံလေး တင်ပေးလိုက်ပါတယ်ဗျာ။

ဒီပုံလေးကတော့ ထားဝယ်နားက ကလိန်အောင်မြို့မှာ ကိန်းဝယ်စံပယ်တော်မူတဲ့ ကလိန်အောင်ဆံတော်ရှင်စေတီတော် ပစ္စယံပေါ်မှာပါ။ ပထမနှစ်ကျောင်းသားလေးတွေနဲ့ ဘုရားဖူးထွက်ရာက ဓာတ်ပုံရိုက်ဖြစ်ခဲ့တာလေ။

ဆိုနေတဲ့သီချင်းလေးက ကိုယ်လာရင်ကြိုမှာလား ဆိုတဲ့ သီချင်းပေါ့ဗျာ။ ထားဝယ်ကနေ မိုင် ၇၀၀ ကျော်ဝေးတဲ့ မွေးဌာနေ ပခန်းဒေသက အညာသူ လုံမေချောလေးကို ရည်ရွယ်ပြီး ဆိုမိတယ်ထင်ပါရဲ့ဗျာ သေချာတော့ မမှတ်မိတော့ပါဘူး။ :D

ခုတော့လည်း အရာအားလုံးက မဆိုသလောက် ပြောင်းလဲခဲ့ပါပြီလေ။
မပြောင်းလဲခဲ့တာကတော့ ဆရာတစ်ယောက်ရဲ့ ကလေးတွေအပေါ်တွယ်တာမှုပါ။ တကယ်တော့ ဆရာတစ်ယောက်ဟာ ဆရာဘ၀ကိုမက်မောတယ် မစွန့်လွှတ်နိုင်ဘူးဆိုတာ ကျွန်တော့်အထင်တော့ ကလေးတွေရှိနေတဲ့ ပတ်ဝန်းကျင်က မစွန့်ခွာနိုင်တာပါပဲ။

ကျွန်တော်မမေ့နိုင်တဲ့နေ့လေးတွေလည်း ရှိခဲ့သေးတယ်ဗျ။
တစ်ခါက လက်တွေ့ချိန်လေးတစ်ချိန်မှာပေါ့ဗျာ။ မီးက ညပိုင်းလာတော့ လက်တွေ့ပိုင်းက ညမှ ဆင်ရတာကိုး။ ည ညဥ့်နက်ရင်လည်း ကျောင်းသူလေးတွေအတွက်မသင့်တာနဲ့ နေ့ခင်းမှာပဲ ညမှာ ဆင်မယ့် ဆားကစ်အတွက် အစမ်းကြိုထိုးတာမျိုးတွေ လုပ်ရတယ်။

အဲဒီအချိန်မှာ ဌာနကို အလည်လာတဲ့ ကျောင်းသားတစ်ယောက်မိဘက မြင်ပြီး ချက်ချင်းဆိုသလို သူ့အိမ်က မီးစက်လေးနဲ့ ဓာတ်ဆီတစ်ပုံးလာပို့ပြီး လျှပ်စစ်မီးအတွက် ကြံဖန်ပေးတယ်ဗျာ။ ဒါနဲ့ပဲ ကျွန်တော့်ဌာနမှာ နေ့ခင်းကြောင်တောင်ကြီး မီးစက်သံ တထိုင်းထိုင်းနဲ့ ဆားကစ်တွေ ဆင်လိုက်ရသေးတယ်။

အဲဒီအချိန်မှာ ကျွန်တော် ၀မ်းသာလို့ မျက်ရည်လည်နေတာကို ကျောင်းသားတချို့ မြင်လိုက်ရနိုင်ပါသေးတယ်။ အရာအားလုံးကတော့ စေတနာကို အရင်းခံတာပါပဲ။ ကျွန်တော့်ခေါင်းထဲမှာတော့ ကလေးတွေကို ကိုယ့်လို မဖြစ်စေချင်တာပါပဲ။

ကျွန်တော့်လို မဖြစ်စေချင်ဘူးဆိုတာက ကျွန်တော်က စာညံ့တယ်လေ။ စာညံ့တယ်ဆိုတာကလည်း ကျွန်တော့်စရိုက်ကိုက တကယ်အခြေအမြစ်မရှိဘူးထင်တာကို ခေါင်းထဲ လွယ်လွယ်မထည့်တတ်တာမျိုးပါ။ ကျောင်းသားဘ၀ စာတွေသင်ရတယ်။ စာတွေကို လက်တွေ့ကျကျမသိရတော့ ကြားဖူးတဲ့ ဆရာကံချွန်ဟာသံဆိုတာလေးလို ဖြစ်နေတယ်။

လက်တွေ့မသိတဲ့ ကျောင်းသားတစ်ယောက်အဖြစ်ဟာ လက်သည်းညှပ်နည်းကျမ်းလိုပေါ့ဗျာ။
လက်သည်းညှပ်ကိုယူပါ။ အပေါ်မှ မောင်းတံလေးကို ၁၈၀ ဒီဂရီလှည့်ပါ။ ထို့နောက် ကျောဖက်သို့ ၁၃၅ ဒီဂရီ အပေါ်လှန်လိုက်ပါ။ ထို့နောက် လက်သည်းထိုးထည့်ပါ။ မောင်းတံကို ဖိချပါဆိုသလို ဖြစ်နေတယ်။

တကယ်တော့ ဒီလိုလုပ် ဒီလို ညှပ်ကွာဆိုပြီးပြရင် ပြီးသွားတဲ့ လွယ်လွယ်ပုစ္ဆာတစ်ပုဒ်ပါ။ လက်တွေ့မမြင်ရတော့ အရှိကို နားလည်ဖို့ ခက်နေတာပေါ့ဗျာ။

တစ်ခါကလည်း ကြုံပါသေးတယ်။
ရန်ကုန်မြို့က သင်္ဘောသားတစ်ယောက်အိမ်ကို အလည်(ဗေဒင်ဟော) ရောက်သွားတုန်းကပေါ့ဗျာ။ အိမ်ရှင်က ကျွန်တော့်အလုပ်အကြောင်းမေးရင်းနဲ့ GTC ကျောင်းသားတွေအကြောင်းရောက်သွားတယ်။ ပြောတာ ခုခေတ်ကျောင်းသားတွေ အင်မတန်ညံ့တာတဲ့။ ဟိုတုန်းကလို မဟုတ်ဘူးတဲ့။ ပြောတဲ့သူက သင်္ဘောသားရဲ့ ဇနီးကပါ။ ကျွန်တော်လည်း တော်တော်လေးနားထောင်နေလိုက်ပါတယ်။ နောက်တော့ သည်းမခံနိုင်လို့ ပြန်ပြောလိုက်ပါတယ်။

ဟိုတုန်းကလူတွေ တတ်တယ်ဆိုတာလက်ခံပါတယ်ဗျာ။ ခုခေတ်ကလေးတွေ ညံ့တယ်ဆိုတဲ့ စကားကိုတော့ ပြင်ချင်တယ်ဗျလို့။ ဟိုတုန်းက အခြေခံပိုင်ကြမယ်ထင်ပါတယ်။ ဒါကလည်း အဲလို တတ်မှဖြစ်မှာပါ။ ဟိုတုန်းက ကတ်ဆက်ပြင်တာမျိုးနဲ့တော့ ဒီခေတ်မှာ ကွန်ပျူတာပြင်လို့ မရဘူးလေ။

ကွန်ပျူတာတစ်လုံးပျက်တယ်ဆိုပြီး ခဲဂန်းတွေကိုင်ပြီး ဂရေဆော်ပြင်လို့ မရဘူးလေ။ ဘယ်အပိုင်းပျက်တယ်ဆိုတာ နားနဲ့ signal နားထောင်သိတာနဲ့ အစားထိုးပြင်တာမျိုးက များပါတယ်။ ဟိုတုန်းခေတ်က ကွန်ပျူတာဆိုတာမျိုးမှ မပေါ်ပဲလေ။ ဒါလည်းထားပါတော့။ ဟိုတုန်းက အကြီးတွေဟာလည်း ကျွန်တော့်အတွက် ဆရာတွေပါပဲလေ။

ကလေးတွေ လက်တွေ့မတတ်ဘူးဆိုပြီး ဘယ်မိဘက လက်တွေ့သင်ပေးတဲ့ ဆရာဟောင်းတွေကို အရေးပေးလို့လဲ။ (ကျောင်းတွေမှာ လက်တွေ့ပိုင်းကို မြန်မာလိုဝေါဟာရနဲ့ ပိုင်နိုင်ကျွမ်းကျင်တဲ့ ဆရာဟောင်းတော်တော်များများရှိပါတယ်။) အမှတ်လက်ထဲမှာ ကိုင်ထားတယ်လို့ သူတို့ယူဆတဲ့ ဌာနမှုးတွေ ဆရာပေါက်စတွေ (အမှတ်ရှာပေးတဲ့) ကျူရှင်ဆရာတွေကိုပဲ အရေးပေးတယ်။ ကျူရှင်ဆို အပြိုင်ထားချင်ကြတယ်။

လက်တွေ့သင်တန်းဆိုတာရော ထားစရာလို့ ထင်ကြလို့လား။ ကလေးတွေ လက်တွေ့အားနည်းတယ်ဆိုတာ လက်တွေ့ပိုင်းမှာ လိုအပ်တဲ့ ဆရာတွေအပြစ်ဖြစ်တာကြောင့်တစ်ခုတည်းမဟုတ်ပါဘူး။ ကလေးတွေကို နှိမ်ချင်နေတဲ့ မိဘတွေရဲ့ အထင်သေးမှု၊ အားမပေးမှုကြောင့်လည်းပါပါတယ်။

ကျောင်းသားတွေကိုလည်း အားပေးလေ့ရှိပါတယ်။ လက်တွေ့ပိုင်းလေ့လာကြဖို့ပေါ့ဗျာ။ ကျောင်းသားဆိုတာကလည်း စာနဲ့ ပတ်သတ်ကြသူမို့ သီအိုရီနဲ့ လက်တွေ့ယှဉ်ရင် သီအိုရီကို ပိုချစ်ကြပါတယ်။ လက်တွေ့ပိုင်းကို မသိဘဲ သီအိုရီပဲ စွတ်ရွတ်အထင်ကြီးတာမျိုးကိုတော့ ကျွန်တော့်ကန့်ကွက်ပါတယ်။ သူတို့ဆရာ ကျွန်တော်တောင်မှ လက်တွေ့ပစ္စည်းတွေနဲ့ အဆက်ပြတ်နေရင် ထားဝယ်က လက်တွေ့ဆိုင် နှစ်ဆိုင်မှာ သွားမေးလေ့ရှိပါတယ်။ မော်နီတာတွင်း MOSFET တစ်လုံးပျက်တာကို ဆိုင်က အစ်ကိုတစ်ယောက်အကူအညီနဲ့ အပျက်ရှာရင်း ရန်ကုန်တောင်ပစ္စည်းမှာဖူးပါတယ်။ လက်တွေ့သင်တန်းတွဲဖွင့်ဖို့ ကမ်းလှမ်းခံရဖူးပါတယ်။

လောလောဆယ် ၀င်ငွေအတွက် ကျွန်တော်သင်တန်းသားရှာရင် လွယ်လွယ်လေးရတာပေါ့ဗျာ။ ကျွန်တော် တာဝန်ကျရာက ပြန်သွားရင် ဒီသင်တန်းလေး ကျောင်းရဲ့အပြင် အရပ်ထဲမှာ ရှင်သန်သွားမယ်။ ကျောင်းသားတွေ အပြင်မှာပဲ အားကိုးမယ်၊ ဒို့ကျောင်းကိုများ အထင်သေးချည်ရဲ့ဆိုတဲ့ အတ္တလေးနဲ့ မလုပ်ခဲ့ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့အတွက် အခြေခံဆားကစ်တွေဆင်ပြ၊ Oscilloscope တစ်လုံးနဲ့ ချွေးပျံအောင်တိုင်းပြပေးခဲ့တဲ့အပြင် အီလက်ထရောနစ်လက်စွဲစာအုပ် နှစ်အုပ် နုတ်ထုတ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာတော့ GTC BE Cource နဲ့ အကြုံးဝင်မယ့် သီအိုရီတွေနဲ့ အခြေခံ ဆားကစ် ၂၀ ခန့်ရွေးပေးခဲ့ပါတယ်။ Refence ၁၅ အုပ်လောက်သုံးပြီး လုပ်ပေးခဲ့ပါတာ။ ထွက်သမျှ မြန်မာဆားကစ်လက်စွဲစာအုပ် တော်တော်များများပါပါတယ်။ ဒီဘလော့မှာရေးသမျှက အဲဒီစာအုပ်နှစ်အုပ်ထဲက ကျွန်တော်မှတ်မိသမျှ တိုတိုထွာထွာ ထုတ်ရေးတာပါ။ ခုထိကျောင်းသားတွေဆီမှာ ရှိပါသေးတယ်။ ဒါလည်း ဆရာဘ၀အမှတ်တရတစ်ခုပါပဲ။

ဒါတွေကတော့ ကျွန်တော် ဆရာတစ်ယောက်အနေနဲ့ တွေးမိတာပါ။ တခြားရှုထောင့်တွေကတော့ အဖြေအမျိုးမျိုး စောကြောချက် အမျိုးမျိုးရှိနိုင်ပါသေးတယ်။ ဒါတွေကတော့ ကျွန်တော်တွေးစရာ ခံစားစရာ အလုပ်မဟုတ်တော့ပါဘူး။ ဆရာအလုပ်နဲ့ အသက်မွေးသူမို့ ကျောင်းသားနဲ့ ဆရာသာလျှင် ကျွန်တော်တွေးစရာလိုတာပါ။ ခုနကိစ္စမှာတောင် မိဘတွေပါလာလို့ ပတ်သတ်တာပါ။

ပြောရင်တော့ မဆုံးဘူးပေါ့ဗျာ။
သေချာတာတစ်ခုကတော့ အီလက်ထရောနစ်ပစ္စည်းလေးတွေ ကွန်ပျူတာပျက်လေးတွေ တွေ့ရင် ကျောင်းသားတွေ ရှေ့မှာပြင်ရရင်ဆိုတဲ့ အတွေးပေါ်ပေါ်လာတာပါပဲ။ ဟိုစဉ်ကဆို ကျွန်တော့်ဌာနမှာ အပျက်လေးတွေ စုပုံနေကြတာပေါ့ဗျာ။ အပျက်လေးတွေ့ရင် ဆရာများ ပြင်နိုင်မလားဆိုတဲ့ အတွေးနဲ့ ဌာနကို ယူယူလာကြတဲ့ ကျွန်တော့်တပည့်လေးတွေပေါ့ဗျာ။ တကယ်တော့ ပစ္စည်းအလုပ်လုပ်ပုံအကြမ်းဖျဉ်းလောက်ထက် ပိုမပြောနိုင်တဲ့ ကျောင်းဆရာညံ့ညံ့ ကျွန်တော်ရယ်ပါ။

မှတ်မိပါသေးတယ်။
စာသင်ခန်း စ၀င်စ ဆရာပေါက်စကျွန်တော့် အဖြစ်ပေါ့ဗျာ။ စာတစ်ပုဒ်ကို သင်ရင်း သင်ရင်း ချာချာလည်နေတယ်လေ။ ကျွန်တော်က တခြားလူတွေကိုသာ လိမ်ချင်လိမ်မယ် ကလေးတွေကိုတော့ မလိမ်ချင်တဲ့သူပါ။ ကျွန်တော်မရှင်းနိုင်ရင် တွက်ရင်းတွက်ရင်း ချာချာလည်နေရင် ဆရာခဏ စဉ်းစားဦးမယ် ခဏငြိမ်ပါဆိုပြီး ထိုင်စဉ်းစားတာ။ ဘယ်တော့မှာ ညာဖြီးဖို့ စိတ်ကူးမရှိပါဘူး။

ကျောင်းသားဘ၀ တစ်ဘာသာ တစ်ညဖတ်ဖြေလာတဲ့ အကျိုးကျေးဇူးတွေအတွက် ဆရာဘ၀မှာ စာတစ်ပုဒ်ကို ည ၇ နာရီလောက်ကနေ ည ၂ နာရီထိ မနက်ဖန်ဘယ်လို ရှင်းပြမယ်ဆိုတဲ့ ပြင်ဆင်မှုရသည့်တိုင် ကြိတ်မှိတ်ကြိုးစားရတာတွေနဲ့ ပေးဆပ်ရပါတော့တယ်။

ကျွန်တော့်ကျောင်းသားတွေက ချီးမွှမ်းကြတယ်။ ဆရာတော်တယ်ဆိုတာတော့မဟုတ်ဘူးဗျ။ ဆရာကတော်တော်ကြိုးစားတာပဲတဲ့။ အဲဒါလေးကို ကျွန်တော်သိပ်သဘောကျတယ်ဗျာ။ ဘာ့ကြောင့်လဲ ဆိုတာပြောပြချင်ပါသေးတယ်။

ကျွန်တော့်ဖေဖေနဲ့ မေမေက အလယ်တန်းပြ ကျောင်းဆရာဆရာမတွေပါ။ ကျွန်တော် ဆရာလုပ်မယ်ဆိုတော့ လက်ဆောင်ကောင်းလေးပေးလိုက်တာလေး သတိရလို့ပါ။ ဖေဖေနဲ့မေမေကပြောတယ်။ သား ဆရာတစ်ယောက်ဟာ ကျောင်းသားချစ်အောင်ဆိုပြီး ဘာနဲ့မှ မစည်းရုံးနဲ့ မျှော်လည်း မမျှော်လင့်နဲ့တဲ့။ ကျောင်းသားဆိုတာ တကယ်စာသင်တဲ့ ဆရာကို ချစ်တာတဲ့။ ကျောင်းသားတွေ ချစ်အောင်ဆိုပြီး ကြိုးစားသင်တာတော့မဟုတ်ပါဘူးဗျာ။

ငါဘာလဲ ဆိုတာ စဉ်းစားမိတိုင်း စာသင်ရမယ်ဆိုတာ တွေးတွေးနေတဲ့ ကျွန်တော် ဆရာပေါက်စလေးပေါ့ဗျာ။

ကျွန်တော်ကြိုးစားသမျှလေးတွေရဲ့ အကျိုးရလဒ်ရယ်လို့ ကျွန်တော်မှတ်ထင်တဲ့ အကျိုးဆက်ကာလလေးကတော့ ကျွန်တော် မန္တလေးကိုကျောင်းသွားတက်ဖို့ ထားဝယ်လေယဉ်ကွင်းမှာ နှုတ်ဆက်ကြတဲ့ အချိန်အခိုက်အတန့်လေးပေါ့ဗျာ။ သူတို့မျက်နှာလေးတွေကို ဒီနေ့ထိ မမေ့ပါဘူးဗျာ။

ဆရာ ထားဝယ်ကို လာလည်ပါတဲ့။ သွားလည်ချင်ပါတယ်ဗျာ။ နီးဖို့ရာထက် ပိုပိုပြီးတောင်ဝေးနေပါတော့တယ်။ ခုဆိုရင် မိုင်ပေါင်းထောင်ချီနေပြန်ပါတော့တယ်။ ဒီကပြန်ရင်တောင် မြို့ကြီးတစ်မြို့မှာ ထက် နယ်ကျောင်းလေးတစ်ကျောင်းမှာ တာဝန်ထမ်းဆောင်ချင်နေပါသေးတယ်ဗျာ။ (အိမ်ထောင်ဖက်ဖြစ်မယ့် (တကယ်မရှိသေးတဲ့) ကောင်မလေးက သဘောတူရင်ပေါ့ဗျာ။)

ဒီလောက်ထိဖတ်ပေးတဲ့ ဧည့်သည်တော်ကို အားနာလှလို့ ဒီမှာပဲ ကျွန်တော့်ပေါက်တတ်ကရတွေ ရပ်လိုက်ပါတယ်ဗျာ။

Auto-CAD 3D-examples (၄၈)

ကျောင်းလေးပိတ်တုန်း နားကောင်းကောင်းနဲ့ နားလိုက်တာဗျာ မိသားစုနဲ့ တော်တော်လေးတောင် အဆက်ပြတ်သွားပါတယ်ခင်ဗျ။ ကဲဗျာ ပုံလေးတွေ ဆက်ဆွဲကြပါစို့ခင်ဗျ။ ပေးထားတဲ့ပုံက အောက်မှာပါ။
ပထမဆုံးတော့ အောက်ကပုံလေးအတိုင်းပဲ အလျှားအနံအမြင့်ရှိတဲ့ ကိုယ်ထည်လေး ဆွဲလိုက်ပါတယ်ခင်ဗျ။
ပြီးတာနဲ့ layer လေးတွေ အောက်ကအတိုင်း ၀ါစိမ်းနီပြာရယ်လို့ ထားလိုက်ပါတယ်။

အ၀ါနဲ့ စ ဆွဲမှာနော်။ ထောင့်မှန်စတုဂံတုံးရဲ့ အလယ်ကို မသိလို့ ကန့်လန့်ဖြတ်မျဉ်းလေးဆွဲပြီး Center ရှာလိုက်ပါတယ်။
အချင်း ၄၀ အမြင့် ၃၀ တုံးလေး လုပ်လိုက်ပါတယ်။ သူ့ရဲ့ အပေါ်မျက်နှာပြင်မှာ အစိမ်းရောင် layer ကို သုံးပြီး အချင်း ၆၀ အမြင့် ၄၀ ဆလင်ဒါကို ဆွဲလိုက်ပါတယ်။
ပြီးတော့ အနီရောင် layer ကိုသုံးပြီး အချင်း ၁၂၀ အမြင့် ၁၈၀ ဆလင်ဒါကို ဆွဲလိုက်ပါတယ်ခင်ဗျ။
ဒါက အကြမ်းထည်ပါ ကျွန်တော်တို့ အောက်ကပုံလေးရအောင် ဆက်လက် ဖြတ်ထုတ်ကြပါစို့ဗျာ။

Transient Analysis (၅)

၃။ Capacitor မှ ဗို့အားရပြီးအခြေအနေ
ုသူကတော့ အရင်ပို့စ်မှာ တင်ပြခဲ့ပြီးပါပြီခင်ဗျ။

၎။ Capacitor မှ ဗို့အားပြန်ထုတ်ဆဲအခြေအနေ
ဒီအခြေအနေမှာလည်း အပိုင်းလိုက်လေးနှစ်ပိုင်းခွဲပြီး လေ့လာတာပိုကောင်းမယ်ဗျ။
(၁) ဘယ်အမြင့်ထိ (ဘယ်တန်းဖိုးထိ) ပြန်ထုတ်မှာလဲ။
(၂) ဘယ်လိုနှုန်းနဲ့ ပြန်ထုတ်မှာလဲ။ (အချိန်ဘယ်လောက်ယူမှာလဲ။)

(၁) ဘယ်အမြင့်ထိ (ဘယ်တန်းဖိုးထိ) ပြန်ထုတ်မှာလဲ။
ပြန်ထုတ်မှတော့ ကုန်အောင်ထုတ်မှာပေါ့ဗျာ။ ဘယ်လောက်ကနေလဲဆို အစက သိုလှောင်ခဲ့သလောက်ကနေလို့ပြောရမှာပေါ့ဗျာ။ အပေါ်က ဆားကစ်လေးမှာတော့ အချိန်တွေအကြာကြီးသိုလှောင်ခဲ့လို့ 5V ရခဲ့တယ်လို့ ယူဆလိုက်ပြီနော်။

ဒီတော့ 5V ကနေ 0V ထိပြန်ထုတ်မယ်လို့ ပြောလို့ရပြီပေါ့ဗျာ။

(၂) ဘယ်လိုနှုန်းနဲ့ ပြန်ထုတ်မှာလဲ။ (အချိန်ဘယ်လောက်ယူမှာလဲ။)

အချိန်ဘယ်လောက်ယူမှာလဲဆိုတာကတော့ Infinity ထိလို့ပြောရပါမယ်။ ကနဦး 5V မှသည် နောက်ဆုံး 0V ထိ ကြာချိန်ဟာ Infinity ရှိပါတယ်။ ဘယ်တော့မှ ကုန်မှာ မဟုတ်ဘူးပေါ့ဗျာ။

ပြန်ထုတ်နှုန်းလေးတော့ရှိပါတယ်။ function ပုံစံနဲ့ပြရရင်
ဖန်ရှင်လေးကရှင်းပါတယ်။ time=0s မှာဆို e power သုညမို့ 1 ဖြစ်မယ်။ နဂိုက 5V ပဲရှိနေမှာပါ။ time=infinity မှာတော့ e powe infinity မို့ 0 ဖြစ်မယ်။

ဒီသဘောတွေပေါင်းပြီး အပေါ်က ဆားကစ်အတွက် Requ ကို Capacitor ဆီကနေ အောက်က ပုံလေးအတိုင်း လှမ်းမျှော်ကြည့်လိုက်ပါတယ်ခင်ဗျာ။ ( အားသွင်းစဉ်က လမ်းကြောင်းနဲ့ ပြန်ထုတ်တဲ့ လမ်းကောင်းမတူတော့တာကို သတိပြုစေချင်ပါတယ်ခင်ဗျာ။)
Requ က 1 ရပါတယ်။ C တန်းဖိုးလေးထည့်တာနဲ့ပဲ အပေါ်က Curve ကိုတည်ဆောက်လို့ ရပြီပေါ့ခင်ဗျာ။

ခဏနားဦးမယ်ဗျာ။

Transient Analysis (၄)

၂။ Capacitor မှ ဗို့အားသိုလှောင်ဆဲအခြေအနေ
ဒီအခြေအနေမှာ အပိုင်းလိုက်လေးနှစ်ပိုင်းခွဲပြီး လေ့လာတာပိုကောင်းမယ်ဗျ။
၁။ ဘယ်အမြင့်ထိ (ဘယ်တန်းဖိုးထိ) သိုလှောင်မှာလဲ။
၂။ ဘယ်လိုနှုန်းနဲ့ သိုလှောင်မှာလဲ။ (အချိန်ဘယ်လောက်ယူမှာလဲ။)

၁။ ဘယ်အမြင့်ထိ (ဘယ်တန်းဖိုးထိ) သိုလှောင်မှာလဲ။
အစကတော့ ဘာမှမရှိတဲ့ သုညပေါ့ဗျာ။ ဘယ်အမြင့်ထိသိုလှောင်မှာလဲ ဆိုတာကတော့ ဟိုးအပေါ်ပိုစ့်မှာ ကျွန်တော်ရေးခဲ့တဲ့ အားပြည့်သွားစဉ်အခြေအနေနဲ့ ယှဉ်တွဲလေ့လာရပါမယ်။

Capacitor အားပြည့်စဉ်မှာ Opened ဖြစ်နေကြောင်း ပြောခဲ့ပါတယ်။ ဒါလေးကိုသုံးပြီး ရမယ့် Voltage ကိုရှာကြည့်မယ်ဗျာ။Opened လုပ်ကြည့်လိုက်တော့ Vc (Capacitor Voltage) ဟာ သူနဲ့အပြိုင် Resistor ရဲ့ Volyage တန်ဖိုးအတိုင်းရလာပါမယ်။ 5V ပေါ့ဗျာ။

(နောက်ပိုင်းမှာ နမူဏာပုံစံတွေ စုံအောင်ထည့်ပေးပါ့မယ်ခင်ဗျ။)

၂။ ဘယ်လိုနှုန်းနဲ့ သိုလှောင်မှာလဲ။ (အချိန်ဘယ်လောက်ယူမှာလဲ။)

အချိန်ဘယ်လောက်ယူမှာလဲဆိုတာကတော့ Infinity ထိလို့ပြောရပါမယ်။ ကနဦး 0V မှာသည် နောက်ဆုံး 5V ပြည့်အောင်ထိ ကြာချိန်ဟာ Infinity ရှိပါတယ်။ ဘယ်တော့မှ ပြည့်မှာ မဟုတ်ဘူးပေါ့ဗျာ။

သိုလှောင်နှုန်းလေးတော့ရှိပါတယ်။ function ပုံစံနဲ့ပြရရင်
ဖန်ရှင်လေးကရှင်းပါတယ်။ time=0s မှာဆို e power သုညမို့ 1 ဖြစ်မယ်။ ၁ ထဲက ၁ နှုတ်ပြီး Vc က 0V ရသွားတာပါပဲ။ time=infinity မှာတော့ e powe infinity မို့ 0 ဖြစ်မယ်။ ၁ ထဲက ၀ နှုတ်ပြီး Vc က Vcf( final Capacitor Voltage) နဲ့တူသွားဖို့ပါပဲ။

ဒီနေရာမှာ 1/(RC) အချိုးလေးက အသက်လို့ပြောရပါမယ်။ အဲဒီထဲကမှ Requ (R equivalent) က ပိုပြီးတော့ အရေးကြီးပါတယ်။

equivalent Resistance ဟာ ဒီနေရာမှာ Capacitor က နေ ခံစားရတဲ့ effect ဖြစ်တာကြောင့် Capacitor မှ မြင်ရတဲ့ Resistance အားသာ ဖြစ်မှာပါတယ်။

ဒီနေရာမှာ ဟိုစဉ်ကတွေးခဲ့တဲ့ equivalent သဘာဝတွေ ပါဝင်လာပြန်ပါတယ်။ တခြားတော့မဟုတ်ပါဘူး။ Voltage Source နဲ့ Current Source ရဲ့ Resistance အပေါ်အားပေးမှုပါ။ ပြန်အစကောက်ပေးပါ့မယ်ခင်ဗျာ။ Voltage Source ရဲ့ စီးဆင်းစေမှုအားဟာ Circuit ရဲ့ Resistance ကိုလျော့ကျစေပါတယ်။ ဒါ့ကြောင့် R equivalent တွက်ရာမှာ Voltage Source ကို Short လုပ်ထားရပါတယ်။ Current Source ကိုတော့ Short လုပ်ထားရပါတယ်။

ဒီသဘောတွေပေါင်းပြီး အပေါ်က ဆားကစ်အတွက် Requ ကို Capacitor ဆီကနေ အောက်က ပုံလေးအတိုင်း လှမ်းမျှော်ကြည့်လိုက်ပါတယ်ခင်ဗျာ။
Requ က 0.5 ရပါတယ်။ C တန်းဖိုးလေးထည့်တာနဲ့ပဲ အပေါ်က Curve ကိုတည်ဆောက်လို့ ရပြီပေါ့ခင်ဗျာ။

ခဏနားဦးမယ်ဗျာ။

Transient Analysis (၃)

၁။ Capacitor သို့ ဗို့အားမသိုမှီအခြေအနေ
ဒီပုံလေးမှာ ခလုပ်လေးကို off အောင်လုပ်ထားပါတယ်။ ဒီနေရာမှာ ခလုပ်အဖွင့်အပိတ်အခေါ်အဝေါ်လေးကို ပြောပြချင်ပါသေးတယ်။
ဝေါဟာတွေ Switch ON/ Switch OFF/ Switch Closed/ Switch Opened ဆိုပြီး ၄ ခုရှိပါတယ်။ အောက်ကပုံလေးအတိုင်းခွဲခြားလို့ရပါတယ်။
အဲဒီလို ခလုပ်လေးကို လျှပ်စစ်မစီးအောင်လုပ်ထားတော့ Capacitor ထဲက ဘာအားမှ ၀င်မလာဘူးပေါ့ဗျာ။ ဒီအချိန်မှာ Capacitor Voltage က 0V ပေါ့ဗျာ။ Current ရောလို့ စစ်စစ်ပေါက်ပေါက်မေးရင် 0A လိုပဲဖြေရပါလိမ့်မယ်။

ဟိုးအရင်က သိုလှောင်ခဲ့တာလေးများ လက်ကျန်ရှိသေးရင်ရောလို့ စောဒကတက်ရင်တော့ ဟုတ်ပါတယ် မဆိုသလောက်လေးကျန်မှာပါဗျာလို့ ၀န်ခံရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတာဆက်လေ့လာကြစို့ဗျာ။

Transient Analysis (၂)

အပေါ်ကပုံတွေကို နားလည်ဖို့ရာ ပထမဆုံး Capacitor ရဲ့ သဘောသဘာဝလေးကို ပထမသိဖို့လိုပါတယ်။ နည်းနည်းလောက်တွေးကြည့်ကြမယ်လေ။

Capacitor တစ်လုံးဟာ အားသွင်းမခံရဘူးဆိုရင် သူ့မှာ အားမရှိဘူး။ တစ်နည်းအားဖြင့် Voltage မရှိဘူးဆိုရမယ်။ ဒီတော့ Resistance သုညဖြစ်နေတဲ့ ကြိုးတစ်ချောင်းနဲ့ အလားသဏ္ဍန်တူတယ်လို့ ပြောလို့ရတယ်။ Current တော့ စီးနေနိုင်ပါတယ်။ ဒါပေမယ့် Voltage တော့ မရှိဘူးလေ။ ဒီလိုအချက်တွေကြောင့်

Capacitor ရဲ့ အားမဲ့အခြေအနေ (before Charging & after Recharging) ဟာ Short Circuit တိုက်ရိုက်ဖြတ်စီးနေတဲ့ ကြိုတစ်ချောင်းနဲ့ တူပါတယ်၊

ဒါဆိုရင် အားပြည့်တဲ့ အခါဘာနဲ့တူမလဲ တွေးဖို့လိုလာပါပြီ။ အားပြည့်တယ်ဆိုတော့ Voltage အပြည့်ရတာပေါ့လေ။ ဒီတော့ Current မစီးတော့ပါဘူး။ Resistance အနန္တဖြစ်စေတဲ့ ပြတ်နေတဲ့ကြိုးနဲ့ အလားသဏ္ဍန်တူပါမယ်။
ဒီလိုအချက်တွေကြောင့်

Capacitor ရဲ့ အားရှိအခြေအနေ (after Charging & before Recharging) ဟာ Open Circuit ပြတ်တောင်းနေတဲ့ ကြိုတစ်ချောင်းနဲ့ တူပါတယ်။

ဒါဆိုရင် အပေါ်က ပုံလေးတွေနဲ့ယှဉ်တွဲကြည့်လိုက်ကြရအောင်ဗျာ။

Transient Analysis (၁)

နွေရာသီကျောင်းပိတ်ရက်အစမှာ လည်လို့လည်းအားရသွားတော့ ဘလော့လေးဆီပြန်ရောက်ပါတယ်ခင်ဗျာ။


ဒီနေ့မှာပဲ ကျွန်တော့်ရဲ့ ခေါင်းစဉ်အသစ် Transient Analysis ကိုစတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီဘာသာရပ်ဟာ အီလက်ထရောနစ်သမားများအတွက် အင်မတန်လွယ်ကူကောင်း လွယ်ကူနေနိုင်ပေမယ့်၊ ကျောင်းသားများအဖို့တော့ မျက်စိအင်မတန်လည်တတ်တဲ့ ဘာသာရပ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကတော့ ဟိုစဉ်က မှတ်သားကခဲ့တာလေးတွေ ပြန်လည်ခေါ်ယူလို့ ဆားကစ်လေးတွေ စီရရီလုပ်ကြည့်ပါတော့မယ်။

ပထမဆုံး Capacitor ရဲ့ Voltage သွင်းယူပုံနဲ့ ထုတ်ပစ်လိုက်ပုံကို အလွယ်ဆုံးဆားကစ်လေးနဲ့ ပုံဖေါ်လိုက်ပါတော့မယ်။ လောလောဆယ်အကြမ်းဖျဉ်း စဉ်ကြည့်လိုက်ရင် အောက်ကဆားကစ်ပုံ ၅ ပုံကို CircuitMaker ကနေဆွဲယူလိုက်ပါတယ်။

အရင်ကပုံတွေနဲ့စာရင်တိုးလာတာတဲ့ နှစ်ခုကိုအောက်ကပုံလေးအတိုင်းအရင်ရှာယူလိုက်ပါခင်ဗျ။
၁။ Capacitor သို့ ဗို့အားမသိုမှီအခြေအနေ
၂။ Capacitor မှ ဗို့အားသိုလှောင်ဆဲအခြေအနေ
၃။ Capacitor မှ ဗို့အားရပြီးအခြေအနေ
၎။ Capacitor မှ ဗို့အားပြန်ထုတ်ဆဲအခြေအနေ
၅။ Capacitor မှ ဗို့အားပြန်ထုတ်ပြီးအခြေအနေ
ဒီအခြေအနေ ၅မျိုးမှာ ၁ ၃ ၅ တို့ဟာ တည်ငြိမ်နေတဲ့အပိုင်းတွေလို့ဆိုရပါမယ်။ ၂ နဲ့ ၃ တို့ဟာ လှုပ်ရှားတဲ့အပိုင်းတွေပါ။ အဲလို လှုပ်ရှားတဲ့အပိုင်းတွေကိုလေ့လာတာကို Transient Analysis လို့ခေါ်ဟန်ရှိပါတယ်။

အပေါ်က flow လေးကမိတ်ဆက်ပေါ့နော်။ နောက်ပို့စ်တွေမှာတော့ အခြေအနေတစ်ခုချင်းရော၊ တစ်ခုနဲ့တစ်ခုရောယှက်လို့ရော မွှေနှောက်ကြတာပေါ့ဗျာ။

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်