မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

C++ အိမ်စာများ(၁)

ကျွန်တော့်ရဲ့ မေဂျာရင်းက EC ပေမယ့် လောလောဆယ်ယူရမယ့်ဘွဲ့က IT ဖြစ်နေတော့ ပထမနှစ်အနေနဲ့ C++ နဲ့ MabLAB တွေသင်နေရပါတယ်။

ကျွန်တော်နဲ့ အတူ ကျောင်းသား ၃၀ လောက် C++ သင်ယူနေကြရာမှာ ကျွန်တော်တို့အားလုံး အပတ်တိုင်း ပရိုဂမ်တွေ (အတူတူ) ရေးနေကြရပါတယ်။ ခုမှ တစ်လမပြည့်သေးတာမို့ အိမ်စာတွေကနည်းနေပါသေးတယ်။ ဒါပေမယ့်လည်း ဧည့်သည်တော်တွေ (စိတ်ဝင်စားမယ်ဆိုရင်) လိုက်ရေးကြည့်မယ်ဆိုရင် ကျွန်တော်လည်း အကူအညီ ရမှာပါပဲ။ ပြန်လည် စာနွှေးပြီးသားလည်း ရတာပေါ့ခင်ဗျာ။

အခုမှ ကကြီးရေကမို့ ဘာက ဘာကြောင့်တွေတော့ မသိဘူးနော်။ ကျွန်တော်ရေးပြမှာက ကျွန်တော်တို့ရဲ့ အိမ်စာတွေပါပဲ။ အိမ်စာတွေကို ကျောင်းက အစဉ်လိုက်လေးအတိုင်း အခြေခံ့ အခြေခံလေးက စရေးမယ်နော်။ ကျွန်တော်ကလည်း အဲဒီလောက်ပဲသိတာကိုးဗျ။

တစ်ခုသောအတန်းချိန်မှာပေါ့ဗျာ ...
ကျွန်တော်တို့ဆရာမက ကျွန်တော့်ကို a နဲ့ b integer နှစ်ခုကို ရိုက်ထည့်ရင် a ရဲ့ အဖြေက b ထွက် b ရဲ့ အဖြေက a ထွက် နေရာလည်း ထုတ်ပေးပါတဲ့။ သူကပြောသေးတယ်ဗျ။ a နဲ့ b ကလွဲလို့ တခြားဟာတွေ မသုံးရဘူးတဲ့။ အဲဒါနဲ့ပဲ ကျွန်တော်က အောက်ပါအတိုင်း စာရွက်ပေါ်မှာ ရေးပြလိုက်တယ်ခင်ဗျာ။

Code:
#include <iostream.h>
#include
<conio.h>
void main ()
{
int a,b;
cout<<"a="; cin>>a;
cout<<"b="; cin>>b;
cout<<"a="<
<b; cout<<"b="<<a;


ဆရာမက ရယ်တာပေါ့ဗျာ။ မဟုတ်သေးဘူးတဲ့။ တွက်ချက်ပြီးမှ ပြတဲ့။ equation နဲ့ တွက်ဦးတဲ့ဗျာ။ ဘာရမလဲ အောက်ကအတိုင်းရေးပြလိုက်တယ်။


Code:
#include <iostream.h>
#include
<conio.h>
void main ()
{
int a,b,x,y;
cout<<"a="; cin>>a;
cout<<"b="; cin>>b;
x=a;
y=b;
cout<<"a="<<y; cout<<"b="<<x;


အဲဒီလိုပြတော့ ဆရာမက အဲလို လိုချင်တာလည်း မဟုတ်ဘူးတဲ့ဗျ။ x နဲ့ y ကိုလည်း မပါချင်တော့ ပြန်ပါဘူးတဲ့။ a နဲ့ b သာပါရမယ်တဲ့။ ကျွန်တော် စဉ်းစားမိတယ် a=b ဒါဆို b ထဲကဟာ a ထဲထည့်။ a နဲ့ b က တူသွားပြန်ပြီ။ b=a ဆိုပြီး ထပ်ရေးတော့ b ထဲကို a ကဟာထည့်တော့ ဘာထူးလည်း ဗျာ a နဲ့ b ဟာ b တန်ဖိုးတိုင်းရတော့တာပဲလေ။ ဟုတ်ပါ့မလား ဆရာမရယ် ဆိုတော့ လည်း ဆရာမက ဟုတ်တယ် စဉ်းစားတဲ့။ သူက ကူပြောပါသေးတယ် +-*/ သုံးလို့ ရတယ်တဲ့။

ဒါနဲ့ပဲ စဉ်းစားလိုက်ရတာဗျာ။

x=a;
y=b;

ဒီနေရာမှာ ပြင်ဖို့အရေး စဉ်းစားရာက နောက်ဆုံးမှာတော့ ဒါလေးစဉ်းစားမိတယ်ဗျ။

a=10 b=9 ဆိုရင် a-b=1 အဲဒီ 1 ကို b နဲ့ ပေါင်းရင် a နဲ့တူပြီး b ကို ရမယ်လေ။ အဲဒီရတဲ့ b ထဲက 1 ကို နှုတ်ရင် a ကိုရရောပေါ့။

a=a-b;
b=a+b;
a=b-a;

အဲလို ရေးတော့မှ မှန်သွားသတဲ့ဗျာ။ တတ်လည်း တတ်နိုင်တဲ့ ဆရာမပဲ။

Code:
#include <iostream.h>
#include
<conio.h>
void main ()
{
int a,b;
cout<<"a="; cin>>a;
cout<<"b="; cin>>b;
a=a-b;
b=a+b;
a=b-a;
cout<<"a="<<a; cout<<"b="<<b;


Run တဲ့ပုံကတော့

a=31
b=25
a=25
b=31


ပေါ့နော်။

ဆက်လက်တင်ပြပါ့မယ်ခင်ဗျာ။


Comments :

0 comments to “C++ အိမ်စာများ(၁)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်