ဒီ သီချင်းလေး စမ်းရေးကြည့်စေချင်ပါတယ်ဗျာ။ ကြားဖူးကြမှာပါဗျာ။ ဟိတ် ဟိတ် နောက်လှည့်ကာလေ မကြည့်နဲ့ ... ဆိုတဲ့ သီချင်းအလိုက်လေးပါဗျာ။



နောက်လာမယ့် ပိုစ့်တွေမှာ ဒရမ်သံတွေ ဘေ့စ်သံတွေကို ဖြတ်တောက်မြည်လာအောင်ပြင်ကြပါစို့ခင်ဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၁၄)
ကိုပခနျး, Friday, 22 May 2009သံစဉ်လေးများဖန်တီးခြင်း(၁၃)
ကိုပခနျး,ဒီတစ်ခါမှာတော့ နုတ်ကို စိတ်တိုင်းကျပြင်နိုင်ဖို့ပါ။ အောက်မှာပြထားတဲ့ icon ကနေပဲ ပူးတွဲပါ box ကို ကြည့်နိုင်ပြင်နိုင်ပါတယ်ဗျာ။


စိတ်တိုင်းကျ တိုရှည်ဆွဲလို့ ပြုပြင်နိုင်ပါပြီဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၁၂)
ကိုပခနျး,အခုတစ်ခါ နုတ်တွေထဲက # သံရေးပုံလေးတွေ လေ့လာကြပါစို့။
အောက်က နမူနာလေးအတိုင်းစမ်းကြည့်ကြတာပေါ့ဗျာ။
တီ လာ ဆို ဖီ မီ ရေ မီ ဒို မှာ တီ လာ ဆို ဖါ မီ ရေ မီ ဒို ဆိုရင် နားထောင်လို့မကောင်းတော့ဘူးလေ။
အောက်က ပုံလေးအတိုင်း အစမှာတော့ 4# နေရာမှာ 4 ကိုရေးပါတယ်။ ပြီးမှ 4 ကို click ပြီး အ၀ိုင်းပြထားတဲ့ နေရာမှာ ပုံအတိုင်း ပြောင်းသွားအောင် နေရာ ရွှေ့ပြီး ရေးနိုင်ပါတယ်ခင်ဗျာ။ နောက်ထပ်ရေးနည်းတွေလည်း ရှိပါသေးတယ်ခင်ဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၁၁)
ကိုပခန်း,ဒီ
ဟာလေးကိုရှာ click လိုက်ဗျာ။ ပြီးရင် Opt ဆိုတဲ့
ဒီပုံလေးကို click ဗျာ
ပေါ်လာတဲ့ထဲက ဒီနေရာမှာ
ဒါလေး
ပြောင်းဗျာ ပြီးရင် OK မယ်ပေါ့ဗျာ။ ဘာတွေပြောင်းသွားလဲလေ့လာကြပါစို့။
မပြောင်းခင်က ဒိုရေမီဖာကို ပုံမှန်ပဲပြနေပါတယ်။ အောက်ကပုံအတိုင်းပါ။
အပေါ်ပုံကနေ အောက်ကပုံကိုပြောင်းသွားပါတယ်ခင်ဗျာ။
ပြောင်းပြီးသွားတဲ့ အခါနုတ်တွေက ပြောင်းသွားပါတယ်။ ကော့အလိုက်ပြောင်းသွားပါတယ်။ D Chord အတွက်နေရာမှာ နဂိုက G Key ဆို ဟာ D Key အတွက် ဒိုဖြစ်သွားပါတယ်။ ဒိုမီဆို Chord ဖွဲ့စည်းပုံကို လေ့လာလို့ရနိုင်ပြီပေါ့ခင်ဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၁၀)
ကိုပခနျး,အောက်ကပုံအတိုင်းပဲလုပ်ကြည့်လိုက်မယ်ဆိုရင် drum ကို ဘယ်လိုတီးခတ်တယ်ဆိုတာ ကြည့်နိုင်ပါသေးတယ်ခင်ဗျာ။
အဲဒီ display မှာ လိုက်ကလိယင်တော့ ဘေးနားကလူနားညီးအောင်သံစုံထွက်လာမှာပါဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၉)
ကိုပခနျး,အောက်ကပုံလေးအတိုင်းပါပဲ PIANO ဘယ်လိုတီးခတ်တယ်ဆိုတာကြည့်နိုင်ပါသေးတယ်ခင်ဗျာ။
melody ကနေ keyboard တီးပုံကိုကြည့်နိုင်ပါသေးတယ်ဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၈)
ကိုပခနျး,အောက်မှာပြထားတဲ့ ပုံက မြားအစဉ်လေးအတိုင်း အဲဒီ box လေးကို ဆွဲထုတ်လိုက်မယ်ဆိုရင် အပေါ်က သီချင်းလေးမှာ ဂစ်တာက ဘယ်လိုတီးခတ်သွားတယ်ဆိုတာကို ပြပါတယ်ခင်ဗျာ။
Guitar channal ကိုလည်း ဘယ်လိုတီးမယ်ဆိုတာကြည့်နိုင်ပါတယ်ခင်ဗျာ။ လက်ခတ်ပုံလေးတွေပေါ့ဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၇)
ကိုပခနျး,နောက်တစ်ဆင့်အနေနဲ့ Cord လေးတွေနဲ့ စမ်းကြပါစို့ဗျာ။
အောက်ကပုံလေးအတိုင်း ပြင်လိုက်ပါဦးခင်ဗျာ။
အောက်ကပုံလေးအတိုင်း Chord ပြင်လို့ရအောင် click ပြီး Key ကို G Key ကိုပြင်လိုက်ကြပါစို့ခင်ဗျာ။
လိုချင်တဲ့နေရာမှာ ကောဒ့်ထည့်ဖို့ ထည့်လိုရာ တတိယဘားမှာ Right Click ပြီးသွားကြည့်ပါခင်ဗျာ။
ပေါ်လာတဲ့ Cord Builder ဇယားကို နေရာလေးရွှေ့ပြီး အနီမြှားလေးအတိုင်း အစဉ်လိုက် click ယုံမျှနဲ့ တတိယဘားဟာ Am ဖြစ်သွားပါတယ်။
အားလုံးထည့်လိုက်မယ်ဆိုရင်တော့ ဒီလိုပုံပေါ့ဗျာ။ သူ့ကိုပဲ အနီဝိုင်းလေးတွေကို တဆင့်ချင်း CLICK သွားမယ်ဆိုရင် အောက်ဆုံးက ပုံကိုရပါမယ်ခင်ဗျ။
play ကြည့်လိုက်ပါဦးခင်ဗျာ။ အခုဆိုရင် သံစဉ်လေးတစ်ခုကို ကချော်ကချွတ်တော့ အသံထွက်အောင် လုပ်လို့ရပြီပေါ့နော်။ အပျင်းပြေပေါ့ဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၆)
ကိုပခနျး,ကဲဗျာ ကျွန်တော်တို့သံစဉ်လေးတွေဆီပြန်ဆက်ကြပါစို့ဗျာ။
အောက်ကပုံလေးအတိုင်း အနီဝိုင်းထားတာလေးတွေပြင်ကြည့်ပါခင်ဗျာ။ ပြီးသွားရင် Melody အတွက် မိုးရေကျသံလေးနဲ့ ဆင်ယင်ပြီးသွားပြီပေါ့ခင်ဗျာ။
နောက်တစ်ဆင့်အနေနဲ့ အောက်မှပြထားတဲ့ပုံလေးအတိုင်း ဒုတိယ Soloist အတွက်ပြင်လိုက်ပါဦးခင်ဗျာ။
ပြီးရင် အောက်မှာပြထားတဲ့ပုံလေးအတိုင်း သူ့အတွက်ရေးပါ့မယ် ခင်ဗျာ။ ဒါလေးကတော့နောက်က လိုက်လာမယ့် string သံလေးတွေပါ။ Melody ကနေ တစ်ဘားခွာပြီး ချုံ့ထားတာပါ။
ကဲဗျာ play လုပ်ပြီးနားဆင်ကြည့်ပါဦးဗျာ။ စိတ်တိုင်းကျသံစဉ်လေးတွေရွေးပြီး ကြည်နူးနိုင်ပါ့စေခင်ဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၅)
ကိုပခနျး,ဒီတစ်ခါတော့ ဒီနုတ်လေးတွေ စမ်းရေးကြပါစို့ဗျာ။
တစ်ဆင့်ချင်းလေးသွားကြတာပေါ့ဗျာ။ အောက်ကပုံလေးအတိုင်း ပထမနှစ်ကန့်ကနုတ်တွေကို mouse နဲ့ချိန်ပြီး click လိုက်ပါမယ်ခင်ဗျာ။ မှားသွားရင် Right Click နဲ့ Delete Notes လုပ်လို့ရသလို Left Click နဲ့ Drag ဆွဲပြင်လို့ရပါတယ်ခင်ဗျာ။
နောက်နှစ်ဘားစာကိုလည်း ဒီလိုပဲ Click သွားပါမယ်ခင်ဗျ။
နောက်ဆုံးဘားလေးကို အောက်ပါပုံအတိုင်း ကလစ်ချသွားရင်းက နောက်ဆုံးပိုင်းမှာ မလိုတာလေးပါနေတာကိုတွေ့ရပါတယ်။
သူ့ကိုပြင်ဖို့အောက်ပုံမှာပြထားတဲ့အတိုင်း REST ကို clicl ပြီးမြှားပြထားတဲ့နေရာမှာ click ရပ်ခိုင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ။
play လေးနှိပ်ပြီးနားဆင်ကြည့်ကြပါဦးခင်ဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၄)
ကိုပခနျး,နုတ်ရေးမယ့်ဧရိယာအပြင်နောက်ထပ် အရေးကြီးတာက ဘားအယူအဆပါ။
တခါတည်း တွဲရေးသွားတာပေါ့ဗျာ။ စည်းချက်တချက်စီရှိနေတဲ့ ဒိုရေမီဖာဆိုလာတီကိုရေးပါ့မယ်။
ဒီနေရာမှာ အခြေခံဆိုတာလေးတွေနဲ့ မိတ်ဆက်ကြပါစို့။
ဂီတဆိုတာ ဖွဲ့နွဲ့ကြတယ်ဆိုရာမှာ လူ့အသံကို တုပခြင်းမျိုးပါ။ လူတွေရဲ့စကားသံဟာ ကီးအမျိုး အနိမ့်အကျ အမျိုးဖွဲ့စည်းထားပါတယ်။ မသာယာဘူးပေါ့ဗျာ။ သာယာတဲ့အသံလေးတွေစုထားတာကို သံစဉ်လို့ခေါ်တော့ သံစဉ်ဆိုရာမှာ မကွာဝေးလှတဲ့ frequency လေးတွေရှိနေပါတယ်။
တီတီတာတာ ဆိုတတ်တဲ့ ကလေးတစ်ယောက်ရဲ့ အသံမှာ အနိမ့်အမြင့်တွေ နည်းနေပါမယ်။ အဆိုတော် တစ်ယောက်မှာတော့ အနိမ့်အမြင့်တွေများလာမယ်ပေါ့။ ဟိုတုန်းအခါက ဂီတမှာ သံစဉ် ၅ ခုပဲရှိပါတယ်။ ဒီကနေတိုးတက်လာတော့ ၇ သံစဉ်ရှိလာတယ်။ အများသိတဲ့ ဒိုရေမီဖာဆိုလာတီ ပေါ့။
ဒါက ကျွန်တော်တို့နားက လွယ်လွယ်လက်ခံတာပါ။ နောက်တော့ frequency သဘောတရားတွေထွန်းကားလာတော့ အဲဒီ ဒိုရေမီဖာဆိုလာတီ ရဲ့ကြားမှာ တခြားအသံလေးတွေ ရှိနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒို ဒီ ရေ ရီ မီ ဖာ ဖီ ဆို ဆီ လာ ထာ တီ ဆိုပြီး ၁၂ လုံးဖြစ်လာပါတယ်။ သူ့ကို ၁၂ သံချီလို့ခေါ်ပါတယ်။
ဒီနေရာမှာ ၁၂ သံချီက ၇ သံချီထက် အဆင့်မြင့်တယ်ဆိုပြီး ၇ သံချီသုံးတဲ့ မြန့်မာ့ဂီတကို အထင်သေးနိုင်ပါတယ်။ အထင်မသေးသင့်တာကို မယ်ဒလင်တီးဖူးတဲ့သူ စန္တရားတီးဖူးတဲ့သူတွေသိမှာပါ။ မြန်မာ့ဂီတမှာသုံးတဲ့ လုံးတွဲတွေကိုကြည့်ရင်သိနိုင်ပါတယ်။ လုံးတွဲဆိုတာ အမျိုးမတူတဲ့အသံတွေတွဲတာကိုပါ။ နောက်ပိုင်းမှာ ပြုစုသွားဖို့စိတ်ကူးရှိပါတယ်။ ၁၂ သံချီလေးပြန်ဆက်ကြပါစို့ဗျာ။
ဒို=1=C
ရေ=2=D
မီ=3=E
ဖာ=4=F
ဆို=5=G
လာ=6=A
တီ=7=B အစရှိတဲ့ သံစဉ်တွေဟာ
ဒို ဒီ ရေ ရီ မီ ဖာ ဖီ ဆို ဆီ လာ ထာ တီ
1 1# 2 2# 3 4 4# 5 5# 6 6# 7 1
1 2b 2 3b 3 4 5b 5 6b 6 7b 7 1
C C# D D# E F F# G G# A A# B C
C Db D Eb E F Gb G Ab A Bb B C ဆိုတာတွေ ဖြစ်လာပါတယ်။
အောက်ကပုံလေးဟာ [ 1 2 3 4 ][ 5 6 7 1] ဆိုတဲ့ တစ်သံကို စည်းတစ်ချက်စာနဲ့ သံစဉ်ဖြစ်ပါတယ်။ ညာဘက်စွန်က တစ်ပေါ်က တချက်က အကန့် ၆ ကိုရောက်သွားလို့ပါ။
အဆင်မပြေရင် Right Click မှ Delete Note လုပ်ပြီး အသစ်ပြန်ရေးပေါ့ဗျာ။ C5 D5 E5 F5 G5 A5 B5 C6 တိုကိုရေးလိုက်တယ်ဆိုတာကို အပေါ်ကပ်ရပ်မှာ ပြောင်းလဲဖေါ်ပြနေတာကိုသတိပြုပါခင်ဗျာ။
Play လုပ်ပြီးနားဆင်ကြည့်ပါခင်ဗျာ
သံစဉ်လေးများဖန်တီးခြင်း(၃)
ကိုပခနျး,ဒီခါတော့ တေးသွားလေးတစ်ခုစတင်ဖန်တီးကြပါစို့ဗျာ။
ဒီနေရာမှာ ဂီတအခြေခံလေးတွေလိုလာပါပြီ။ အောက်ကပုံက ရေးလို့ရတဲ့ နုတ်ဇယားအကြမ်းပါ။ C0 ကနေ B9 အထိ ၁၀ ကန့်ရှိပါတယ်။ ဒိုရေမီဖာဆိုလာတီ ကို အသံအနိမ့်ကနေ အမြင့်ထိပေါ့ဗျာ။
ယေဘူယျအားဖြင့်ကတော့ molody part မှာ နံပတ် ၅ အကန့်ရဲ့(CDEFGAB) ကို ပုံမှန်အလယ်သံ နံပတ် ၄ အကန့်ရဲ့ (CDEFGAB) ကို အနိမ့်သံ နံပတ် ၆ အကန့်ရဲ့ (CDEFGAB) ကို အမြင့်သံအနေနဲ့သုံးပါတယ်။ ဂီတမျဉ်းပြိုင် ၁၁ လိုင်းထဲက G ကလပ် ၀န်းကျင်ဖြစ်မယ်ထင်ပါတယ်။ အသေးစိတ်ကိုတော့ ဒီသင်တန်းရဲ့ http://www.myanmarfamily.org/forum/showthread.php?t=6487 မှာဖတ်နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ ရေးလို့ဖြစ်ယုံပဲပြောမှာပါ။ သိတာကလည်း အဲလောက်ပါပဲခင်ဗျ။
ကျွန်တော်တို့ အလုပ်လုပ်မယ့် ဧရိယာလေးကိုအောက်မှာပြထားပါတယ်။ ပထမဆုံးအတွဲက ပုံမှန်သံအတွဲ(နံပတ် ၅ အကန့်) ဒုတိယအတွဲကအနိမ့်သံအတွဲ(နံပတ် ၄ အကန့်) တတိယအတွဲကအမြင့်သံအတွဲ(နံပတ် ၆ အကန့်)တွေပါ။
သံစဉ်လေးများဖန်တီးခြင်း(၂)
ကိုပခနျး,ကဲဗျာ အပြေးအလွှားလေးအသံကြားရအောင်ကြိုးစားကြစို့
Styles > Choose from 24 'Built-in' Styles > Reggage O ကိုရွေးလိုက်ဗျာ
ပြီးရင်ဒီ
ဟာလေးကိုရှာ click လိုက်ဗျာ
ပြီးရင် Opt ဆိုတဲ့
ဒီပုံလေးကို click ဗျာ
ပေါ်လာတဲ့ထဲက ဒီနေရာမှာ
ဒါလေး
ပြောင်းဗျာ ပြီးရင် OK မယ်ပေါ့ဗျာ
နောက်ပြီးဒါလေး
ကို Click ရင်အောက်မှာ အောက်ပါပုံလေးနဲ့အတူဒေါင်လိုက်မျဉ်းလေးတွေရလာပါပြီ 
ဒေါင်လိုက်မျဉ်လေးတွေပေါ်မှာ Cursor ပြေးတာနဲအမျှ အပေါ်ပုံက A7 နေရာလေးမှာ C,D,E,F,G,A,B တို့ကို 1 ကနေ 7 ထိ ကစားနေတာတွေ့ရမှာပါ
အစမ်းသဘောအနေနဲ့လျှောက်ကလစ်ကြည့်မယ် ဥပမာ ဒီလိုလေးပေါ့ဗျာ
ပြီးယင်
လိုက်ရင် တေးသံတော့တေးသံပေါ့ဗျာ နားထောင်မကောင်းတာတွေထွက်လာမယ်ဗျ
အဲလိုမဟုတ်ပဲ ဒါလေးနဲ့တူအောင်
click နိုင်ရင်တော့ ကြားဖူးနေကျတေးသွားလေးကြားရပါမယ်
စမ်းသပ်ကြည့်ကြပါဦးခင်ဗျာ
သံစဉ်လေးများဖန်တီးခြင်း(၁)
ကိုပခန်း,မဂၤလာပါခင္ဗ်ာ
ဂီတကိုဝါသနာပါသောညီကိုမောင်နှမများအတွက် Band-in-a-box အမည်ရ Music-Software လေးတစ်ခုအကြောင်းကို တတ်စွမ်းသမျှပညာနုံ့နုံ့လေးနဲ့ ကျွန်တော်အမောင် ကြိုးစားတင်ဆက်လိုက်ပါတယ်။
Music-Software တွေအများကြီးရှိတဲ့အထဲက သူ့ကိုမှ ဘာလို့ရွေးပြောရပါသလဲလို့မေးလာရင် အမောင့်မှာ အဖြေသုံးခုရှိပါတယ်။
ပထမအချက်က သုံးရလွယ်လို့ပါ သုံးရလွယ်တယ်ဆိုရာမှာ Melody channal လေးနဲ့ Cordလေးတွေကို စီစဉ်လိုက်တာနဲ့ Bass Piano Drum နဲ့ Guitar တွေကို နှစ်သက်ရာ စတိုင်အလိုက် ကူညီဖွဲ့စည်းပေးလို့ပါပဲ။
ဒုတိယအချက်က ဒီလိုကူညီတီးခတ်ပေးပုံတွေကို ကီးဘုတ်ပုံစံတွေ ဂစ်တာလက်ကွက်တွေ Drum set Display တွေနဲ့လွယ်ကူစွာမြင်နိုင်သင်ကြားနိုင်လို့ဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ကတော့ နုတ်လေးတွေကို စုတုပြုရင်း စိတ်ကူးထဲရှိသမျှသံစဉ်လေးတွေ ထုတ်ဖေါ်နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။
အမောင်လည်း သိလို့တတ်လို့ရယ်မဟုတ်ပါဘူး သိတာလေးတွေဝေငှရင်း တိုးတက်ဖြစ်ထွန်းလာမယ့် ညီကိုမောင်နှမများရဲ့အစွမ်းကို ဆွတ်ယူပန်ဆင်လိုလို့လည်း အစပြုပေးတာဖြစ်ပါတယ်။ ညီကိုမောင်နှမများရဲ့ အကြံဉာဏ်များကိုမျှော်လင့်လျှက်ပါခင်ဗျာ။
မိတ်ဆက်ပဏာမအနေနဲ့ သီချင်းတစ်ပုဒ်ကို Cord ရှာခိုင်းမယ်ပေါ့ဗျာ
ဖွင့်ရင်တော့ဒီကစမှာပါ
ဒီပုံလေးအတိုင်းသွားမယ် File > Open audio W/cord(WVA/WMA/MP3/WMV/CDA.....)
ပြီးရင် သီချင်းတစ်ပုဒ်(ဥပမာ ချစ်သူ့ရင်ခွင်သီချင်း)ကိုရွေးလိုက်မယ်ဆိုရင်အောက်ပါဘောက်လေးပွင့်လာမယ်
ဒီပုံမှာဆိုရင် အဲဒီသီချင်းရဲ့ တိုင်မင် အပါအ၀င် c ကီးအတွက် ကောဒ့်တွေရလာပါပြီဗျာ။


