မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

သံစဉ်လေးများဖန်တီးခြင်း(၄)

နုတ်ရေးမယ့်ဧရိယာအပြင်နောက်ထပ် အရေးကြီးတာက ဘားအယူအဆပါ။
တခါတည်း တွဲရေးသွားတာပေါ့ဗျာ။ စည်းချက်တချက်စီရှိနေတဲ့ ဒိုရေမီဖာဆိုလာတီကိုရေးပါ့မယ်။
ဒီနေရာမှာ အခြေခံဆိုတာလေးတွေနဲ့ မိတ်ဆက်ကြပါစို့။

ဂီတဆိုတာ ဖွဲ့နွဲ့ကြတယ်ဆိုရာမှာ လူ့အသံကို တုပခြင်းမျိုးပါ။ လူတွေရဲ့စကားသံဟာ ကီးအမျိုး အနိမ့်အကျ အမျိုးဖွဲ့စည်းထားပါတယ်။ မသာယာဘူးပေါ့ဗျာ။ သာယာတဲ့အသံလေးတွေစုထားတာကို သံစဉ်လို့ခေါ်တော့ သံစဉ်ဆိုရာမှာ မကွာဝေးလှတဲ့ frequency လေးတွေရှိနေပါတယ်။

တီတီတာတာ ဆိုတတ်တဲ့ ကလေးတစ်ယောက်ရဲ့ အသံမှာ အနိမ့်အမြင့်တွေ နည်းနေပါမယ်။ အဆိုတော် တစ်ယောက်မှာတော့ အနိမ့်အမြင့်တွေများလာမယ်ပေါ့။ ဟိုတုန်းအခါက ဂီတမှာ သံစဉ် ၅ ခုပဲရှိပါတယ်။ ဒီကနေတိုးတက်လာတော့ ၇ သံစဉ်ရှိလာတယ်။ အများသိတဲ့ ဒိုရေမီဖာဆိုလာတီ ပေါ့။
ဒါက ကျွန်တော်တို့နားက လွယ်လွယ်လက်ခံတာပါ။ နောက်တော့ frequency သဘောတရားတွေထွန်းကားလာတော့ အဲဒီ ဒိုရေမီဖာဆိုလာတီ ရဲ့ကြားမှာ တခြားအသံလေးတွေ ရှိနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒို ဒီ ရေ ရီ မီ ဖာ ဖီ ဆို ဆီ လာ ထာ တီ ဆိုပြီး ၁၂ လုံးဖြစ်လာပါတယ်။ သူ့ကို ၁၂ သံချီလို့ခေါ်ပါတယ်။

ဒီနေရာမှာ ၁၂ သံချီက ၇ သံချီထက် အဆင့်မြင့်တယ်ဆိုပြီး ၇ သံချီသုံးတဲ့ မြန့်မာ့ဂီတကို အထင်သေးနိုင်ပါတယ်။ အထင်မသေးသင့်တာကို မယ်ဒလင်တီးဖူးတဲ့သူ စန္တရားတီးဖူးတဲ့သူတွေသိမှာပါ။ မြန်မာ့ဂီတမှာသုံးတဲ့ လုံးတွဲတွေကိုကြည့်ရင်သိနိုင်ပါတယ်။ လုံးတွဲဆိုတာ အမျိုးမတူတဲ့အသံတွေတွဲတာကိုပါ။ နောက်ပိုင်းမှာ ပြုစုသွားဖို့စိတ်ကူးရှိပါတယ်။ ၁၂ သံချီလေးပြန်ဆက်ကြပါစို့ဗျာ။

ဒို=1=C
ရေ=2=D
မီ=3=E
ဖာ=4=F
ဆို=5=G
လာ=6=A
တီ=7=B အစရှိတဲ့ သံစဉ်တွေဟာ
ဒို ဒီ ရေ ရီ မီ ဖာ ဖီ ဆို ဆီ လာ ထာ တီ
1 1# 2 2# 3 4 4# 5 5# 6 6# 7 1
1 2b 2 3b 3 4 5b 5 6b 6 7b 7 1
C C# D D# E F F# G G# A A# B C
C Db D Eb E F Gb G Ab A Bb B C ဆိုတာတွေ ဖြစ်လာပါတယ်။
အောက်ကပုံလေးဟာ [ 1 2 3 4 ][ 5 6 7 1] ဆိုတဲ့ တစ်သံကို စည်းတစ်ချက်စာနဲ့ သံစဉ်ဖြစ်ပါတယ်။ ညာဘက်စွန်က တစ်ပေါ်က တချက်က အကန့် ၆ ကိုရောက်သွားလို့ပါ။
အဆင်မပြေရင် Right Click မှ Delete Note လုပ်ပြီး အသစ်ပြန်ရေးပေါ့ဗျာ။ C5 D5 E5 F5 G5 A5 B5 C6 တိုကိုရေးလိုက်တယ်ဆိုတာကို အပေါ်ကပ်ရပ်မှာ ပြောင်းလဲဖေါ်ပြနေတာကိုသတိပြုပါခင်ဗျာ။

Play လုပ်ပြီးနားဆင်ကြည့်ပါခင်ဗျာ

Comments :

0 comments to “သံစဉ်လေးများဖန်တီးခြင်း(၄)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်