မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

Auto-CAD 3D-examples (၅)

အပြင်ဘက် စတုဂံကို ဒုတင်ဖို့ ကြိုးစားကြစို့ဗျာ။
ဒုတင်ဖို့အတွက် လိုအပ်ချက်ကတော့ တင်မယ့်မျက်နှာပြင်ဟာ အပြည့်ဖြစ်ရပါမယ်။ သဘောကတော့ ကျွန်တော်တို့ ဆွဲထားတာတွေဟာ အပြင်ဘက် စတုဂံဟာ မျဉ်း ၄ ကြောင်းပေါင်းထားပါတယ်။ အတွင်းဘက်စတုဂံဟာ မျဉ်း ၅ ခုပေါင်းထားပါတယ်။ မျဉ်းတွေ တေ့ထားခြင်းသာ ဖြစ်နေပါတယ်။ ဒုတင်လို့ရတဲ့ မျက်နှာပြင်တစ်ခု မဟုတ်သေးပါခင်ဗျာ။
ဒီတော့ပေါင်းမယ်ခင်ဗျ။ မပေါင်းခင် esc လေး နှစ်ချက်သုံးချက်ပုတ်လိုက်ပါဦးခင်ဗျ။ (တခါတလေ command တွေ က မရှင်းလို့ အခက်တွေ့နေတတ်လို့ပါ။)
ပြီးရင် pe ဆိုတာလေးရိုက်လိုက်ပါ m လေးရိုက်ပြီး enter ခေါက်ပါ။ object တွေကို select ခိုင်းနေပါပြီ။ အောက်က ပုံလေးအတိုင်း ဆွဲ select လိုက်ပါ။
ပုံတစ်လုံးကို ခြုံမိရမယ်ပေါ့ဗျာ။
အစက်လေးတွေနဲ့ select မိပြီဆိုတော့ enter ခေါက်လိုက်ပါ။ ကိုပြထားပြီးသားမို့ ENTER တစ်ချက်ထပ်ခေါက်ပါ။ ဒီအခါမှာ ဒီစာတန်းလေးပေါ်နေပါပြီ။
Enter an option [Close/Open/Join/Width/Fit/Spline/Decurve/Ltype gen/Undo]: လို့ပေါ်နေပါတယ်။ ဆက်မှာမို့ Join ချင်ပါတယ်။ j ကို ရိုက်လိုက်ပါ။ enter နှစ်ချက်ဆင့်ခေါက်လိုက်ပါ။
ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ စတုဂံလေးတွေပေါ်ကို ကလစ်ခြင်းဖြင့် စတုဂံတစ်ခုလုံး လိုက်ပါ select နေတာကို တွေ့ရပါပြီခင်ဗျ။

အပြင်ဘက် စတုဂံကို ၃၀ အမြင့်တင်ဖို့ ကြိုးစားကြပါစို့။
extude ထုထည်တင်ဖို့ ext ကိုရိုက်ပါ။ Select object တောင်းပါလိမ့်မယ်။ အပြင်က စတုဂံကို Click ပါ။ enter ခေါက်ပါ။ အမြင့်တောင်းလို့ 30 ရိုက်ပြီး enter ခေါက်ပါ။ ချိုးမယ့် angle မေးပါတယ်။ တည့် z direction အတိုင်းထောင်မှာမို့ နဂိုပေးထားတဲ့ 0 အတိုင်း enter သာ ဆက်ခေါက်လိုက်ပါခင်ဗျ။ ဒီအခါမှာ အောက်ကပုံအတိုင်းရပါလိမ့်မယ်။
ဒီအခါမှာ နံပတ် (၂) ပြီးပါတယ်။ နံပတ်သုံးကိုလည်း ext က စလို့ အလယ်စတုဂံကို ကလစ်ပြီး ၂၅ အမြင့်တင်ခြင်းအားဖြင့် နံပတ် (၃) ပြီးပါတယ်။
နံပတ် (၃) အပြီးမှာတော့ အောက်က ပုံအတိုင်း မြင်ရပါမယ်။
နံပတ် (၄) ဆီချီတက်ကြပါစို့ဗျာ။

Comments :

0 comments to “Auto-CAD 3D-examples (၅)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်