မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

Auto-CAD 3D-examples (၁)

ကျွန်တော်က Auto CAD နဲ့ ဘယ်လိုမှမပတ်သတ်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့လူပါ။ ဒါပေမယ့် ပုံဆွဲတာကတော့ ဒီအရွယ်ကြီးထိပါပဲ။ အတန်းထဲမှာ ပျင်းရင် ရှေ့က ဆရာမသိအောင် ကျောင်းစာအုပ်တွေထဲမှာ ပုံတွေကြိတ်ဆွဲတယ်။ များသောအားဖြင့် မိန်းမလှလေးတွေပုံပေါ့ဗျာ ဟဲဟဲ။

ဒီလိုနဲ့ ၂၀၀၅ ခုနှစ်လောက်မှာ Auto CAD အရမ်းကျွမ်းပါတယ်ဆိုတဲ့သူနဲ့ အခန်းတူနေရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီကာလမှာ ကျွန်တော့်ကို အမတစ်ယောက်က Auto CAD သင်ပေးဖို့ ပူစာတဲ့အချိန်လည်း ဖြစ်နေပြန်ရောဗျ။ ကျွန်တော်လည်း တတ်ချင်တာနဲ့ အာမခံလိုက်တယ်။ ဒါပေမယ့် အော်တိုက ဘယ်လို ကတ်တယ်ကို မသိဘဲနဲ့ပေါ့ဗျာ။ ဒီလိုနဲ့ပဲ မီးတစ်နေ့ ၃ နာရီလောက်လာတဲ့ ဒေသမှာ မီးမလာခင် သူက အလွတ်ပြောပြ၊ ကျွန်တော်က လိုက်မှတ်၊ မီးလာတဲ့အချိန် ဟိုအမဆီပြေး၊ ကိုယ်က အရင်စမ်း ပြီးမှ သူ့ပြန်ပြောနဲ့ ကျွန်တော် တစ်လအတွင်း 3D ၁၀ပုံလောက် ဆွဲတတ်ခဲ့၊ ပြန်သင်ခဲ့ပါတယ်။ ဒီကြားထည်း နားမလည်ရင် သင်တဲ့သူကိုမေး သူကလည်း ဆွဲပြဖူးတဲ့ အခါတွေရှိပါတယ်။ သူဆွဲပြစဉ်တွေမှာ ကီးဘုတ်တဖြောင်းဖြောင်းနဲ့ MOUSE ကိုင်တယ်မရှိသလောက်ပါပဲ။ ကျွန်တော့်မှာ မှတ်လိုက်ရတာဗျာ။

ဆွဲယုံဆွဲတတ်တာဖြစ်ပြီး ဘယ်နေရာမှလဲ စနစ်တကျ အသုံးမချခဲ့ရပါဘူး။ စနစ်လည်းမကျပါဘူး။ ဒီလိုနဲ့ပဲ မတောက်တစ်ခေါက်တတ်ခဲ့ပါတယ်။
ခုလည်း ကျောင်းက Minor ဘာသာအဖြစ် Drawing သင်တော့ 3D ၈ ပုံလောက် ဆွဲခဲ့ရပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ စကားစမြည်ပြောရင်း သူကလည်း 3D ဆွဲချင်ပါတယ်တဲ့။ ဆွဲပုံဆွဲနည်း ပြောပြပါလားတဲ့။ ကျွန်တော်ကလည်း သိတာလေးတော့ အလွန်ပြောချင်တဲ့သူကိုးဗျ။ ဒါ့ကြောင့် ပြောတော့ပြောမယ်။ ကိုယ်လည်း မပိုင်၊ အရမ်းလည်း ကျယ်ပြန့်တဲ့ဘာသာမို့ ခြုံငုံမိအောင် မပြောနိုင်ပါဘူး။ အပြင်မှာ ဘယ်လို သုံးမယ်ဆိုတာလည်း မကြုံဖူးပါဘူး။

ဒါ့ကြောင့် ကျွန်တော်ပြောနိုင်တာ တစ်ခုပဲ ရှိပါတယ်။ တကယ်လို့ ကျွန်တော့်လို ဘယ်လိုမှ မရင်းနှီးတဲ့သူတွေကို ကျွန်တော့်လောက်လေး ဆွဲတတ်အောင်တော့ ပြောပြမယ်( ကျွန်တော်ဆွဲတတ်တဲ့ပုံတွေကို ကျွန်တော်သိသလောက်လေးနဲ့ပေါ့ဗျာ။) အဲလိုဆိုရော ရလားဆိုတော့ သူကလည်း ရတာပေါ့ဗျတဲ့။ ဒါနဲ့ပဲ သူငယ်ချင်းတစ်ယောက် ဖိတ်ခေါ်ချက်ကြောင့် ဒီနေရာလေးမှာ ဒါတွေ လာရေးပါတယ်။ ကျောင်းသားတစ်ယောက်မို့ မအားတာက များပါတယ်။ အထူးသဖြင့် chat နေရတဲ့ အချိန်လေးတွေပေါ့ဗျာ။
chat တဲ့အချိန်လေးထဲကနေ ခွဲပြီး ဒါလေးတွေရေးရပါတယ်။

သိလိုတာတွေမေးရင် သိတဲ့သူတွေ ပြန်ဖြေကြပါလိမ့်မယ်ခင်ဗျ။ ကျွန်တော်ကတော့ ပေးထားတဲ့ပုံကနေ ဆွဲပြီးတဲ့ ပုံထိ ဘယ်လို ဆွဲတယ်ဆိုတာပဲရေးမှာပါခင်ဗျ။ လောလောဆယ်တော့ ကျောင်းက section ခွဲခိုင်းတဲ့ ပုံလေး လေးပုံကို အရင် ဆွဲပါ့မယ်ခင်ဗျ။ ဖတ်မိတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ မှားတာလေးတွေ ပြင်ပေးကြပါခင်ဗျား။
ကျောင်းကဆရာက ဒီပုံပေးထားပါတယ်။
ကျွန်တော်တို့က section ဖြတ်ပြီး သုံပုံခွဲရပါမယ်တဲ့။ အောက်မှာ ပေးထားချက်နဲ့ output ပြထားပါတယ်။ တစ်ဆင့်ချင်းဆက်ရေးပါ့မယ်ခင်ဗျာ။ ( တစ်ခါမှ auto CAD မသုံးဘူးတဲ့သူတွေအတွက်ပါနော်။)

Comments :

0 comments to “Auto-CAD 3D-examples (၁)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်