မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

EC,EP အခြေခံ waveform များ(၁)

GTC TU AGTI electronic electrical ကျောင်းသားများအတွက် ရည်ရွယ်ပြီး ဒီတော့ပစ်ကို ဖွင့်လိုက်ပါတယ်။ အဓိကထားပြီး ဆွေးနွေးမှာက electronic ပစ္စည်းတွေတိုင်းတာပုံနဲ့ ပတ်သတ်လို့ CircuitMaker software လေးကို သုံးပြီး waveform တွေကို နားလည်ဖို့ရည်ရွယ်ပါတယ်ခင်ဗျ။ ကျွန်တော်က wave တွေ နားလည်လို့လားဆိုတော့လည်း ဟုတ်သေးပါဘူး။ လေ့လာဆဲပါဗျာ။ မှားနေတာရှိရင်လည်း ပြင်ပေးစေချင်ပါတယ်ခင်ဗျာ။

ဒီဟာလေးကို စတွေ့တာက ၂၀၀၃ ၀န်းကျင်လောက်ကပါ။ ဟောင်းလည်း ဟောင်းနေပါပြီ။ တခြားဆင်တူတွေရှိပေမယ့် သူ့ကိုပဲ သဘောကျတယ်ခင်ဗျ။ သူက စာသင်ရာမှာ အထောက်အကူပြုလို့ပါ။ ၂၀၀၇ ၀န်းကျင်မှာ oscilloscope အကူအညီနဲ့ အပြိုင်တိုင်းတာခဲ့ဖူးပါတယ်။ နည်းပညာတက္ကသိုလ် ep နောက်ဆုံးနှစ်မှာ IEC ဘာသာမှာ converter တွေအကြောင်းသင်တုန်းကပါ။

ပစ္စည်းတွေအလကားရနေပေမယ့် မြန်မာပြည်မှာ လွယ်လွယ်ဝယ်ရတဲ့ transistor ဥပမာ C945 တို့ A564 တို့လို အမျိုးအစားတွေတော့ မပါဘူးခင်ဗျ။ ဒါ့ကြောင့် အပြင်က ပစ္စည်းတွေအတိုင်းတော့ တိုင်းမရနိုင်ပါဘူး။ သေချာတာတစ်ခုကတော့ ကျောင်းသူကျောင်းသားတွေအတွက်တော့ လုံးဝ အကျိုးရှိပါတယ်ဗျာ။

ကျောင်းသားတွေအတွက်ရည်ရွယ်တော့ လေ့လာပြီးသားသူတွေအတွက် ရယ်စရာဖြစ်နေရင် စေတနာလေးပေါ့လို့ သဘောထားပြီး နားလည်ပေးပြီး ၀ိုင်းဝန်းဆွေးနွေးပေးကြပါ။ ဖြစ်ချင်တာကတော့ လက်တွေ့ရနိုင်မယ့် ပစ္စည်းတွေ အတွက် ရည်ရွယ်ချင်ပေမယ့် လောလောဆယ် မှီငြမ်းဖို့ စာအုပ်တောင် မရှာနိုင်သေးပါဘူး။ လက်ထဲမှာလည်း မရှိသေးဘူးဗျ။ ဖြစ်နိုင်ရင် electronic & device စာအုပ်ကို 3rd edition လောက်ပဲရရ ကူညီကြပါခင်ဗျာ။

လောလောဆယ်တော့ ဟိုးကလေးဘ၀ ၉ တန်းဘ၀လောက်က စကြတာပေါ့ဗျာ။
နမူနာ run လိုမယ့် waveform နဲ့ DC-average ကိုအောက်ကပုံလေးအတိုင်း တိုင်းတာနိုင်ပါတယ်။


Comments :

0 comments to “EC,EP အခြေခံ waveform များ(၁)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်