မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

Auto-CAD 3D-examples (၁၇)

ညာဘက်ဘေးက အစွန်းကို ဆွဲပါ့မယ်ခင်ဗျ။ အောက်က ပုံမှာပြထားတဲ့အတိုင်း ပန်းရောင်က ၁၅၊ အ၀ါက ၂၂.၅၊ အနီရောင်က ၈ ဆွဲလိုက်ပါမယ်ခင်ဗျ။
အဖြူရောင်ကို ဖျောက်ပြီး အောက်က ပုံအတိုင်း ဆက်ဆွဲပါမယ်။ 10 အချင်းရှိတဲ့ circle နဲ့ ၂၂.၅ ၁၅ နဲ့ ၄၅ ရှိတဲ့ မျဉ်းသုံးကြောင်းပါဆက်ဆွဲလိုက်ပါမယ်။
ပြီးတော့ အနားထောင့်လေးနှစ်ဖက်ကို အချင်းဝက် ၈ နဲ့ လုံးချင်ပါသေးတယ်။ ( ရှည်ရှည်ဝေးဝေးဆွဲချင်ရင်တော့ လုံးချင်တဲ့အနားတွေဆီက လုံးချင်တဲ့ အချင်းဝက် အလျှားအတိုင်း မျဉ်းပြိုင်နှစ်ကြောင်းပြစ်ပြီး ဆုံမှတ်ကိုရှာ။ အဲဒီအမှတ်ကနေ circle သို့မဟုတ် arc ဆွဲ ပိုတာဖြတ်လို့လည်း ရနိုင်ပါတယ်။ ဒါပေမယ့် fillet ကို ပြောချင်သေးတာဗျ။)
f ကိုရိုက် enter ခေါက်လိုက်ပါ။ Polyline/Radius/Trim ဆိုပြီး တစ်ခုကို ရွေးခိုင်းပါတယ်။ r ကိုရိုက် enter ခေါက်လိုက်ပါ။ radius မေးပါတယ်။ 8 ကိုရိုက် enter ခေါက်လိုက်ပါ။ first object ဆိုပြီး တောင်းပါတယ်။ ကွေးချင်တဲ့ အနားနှစ်ဖက်က ပထမအနားကို ကလစ်ပါ။ second object ဆိုပြီးမေးပြန်ပါတယ်။ ဒုတိယအနားကို ကလစ်လိုက်ပါ။ အောက်က ပထမပုံမှာ ကလစ်ရမယ့် နေရာနှစ်ခုကို ပြထားပါတယ်။ ဒုတိယပုံက second object ရွေးအပြီးမှာ ရလာမယ့် result ပါ။
ုပြီးတာနဲ့ enter တစ်ချက်ထပ်ခေါက်ပါ။ enter တစ်ချက်ထပ်ခေါက်တာဟာ နဂိုက f ကိုပဲ ပြန်ညွှန်းပါတယ်။ အသစ်ရိုက်ရသက်သာတာပေါ့ဗျာ။ ဒီလိုနဲ့ပဲ အောက်ကပုံလိုဖြစ်အောင် ကွေးလိုက်ပါဦးခင်ဗျ။
သူ့ကို တစ်စုတည်းဖြစ်အောင် pe နဲ့ပေါင်းလိုက်ပါမယ်။ ပြီးရင် အမြင့် ၈ နဲ့ ဒုတင်ပါမယ်။ ပြီးရင် အလယ်က စလင်ဒါကို အပြင်ဘက်ထဲက နှုတ်ပါမယ်။ အောက်ကပုံလေးအတိုင်းရပါလိမ့်မယ်ခင်ဗျ။
အဖြူရောင် layer ကို ပြန်ဖေါ်ပြီး သူနဲ့ ပေါင်းလိုက်တဲ့ အခါ ဒီလိုလေးရလာပါမယ်ခင်ဗျ။
သူ့ကို section ခွဲ color ခြယ်လိုက်ရင် ပြီးသွားပြီပေါ့နော်။

Comments :

0 comments to “Auto-CAD 3D-examples (၁၇)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်