မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

Auto-CAD 3D-examples (၁၂)

ဒီနေ့ ကျွန်တော်ဆွဲမှာကတော့ အောက်ကပုံလေးအတိုင်းပဲ မူလပုံကနေ သုံးမြှောင့်တုံးလေးထပ်ပေါင်းမှာပါခင်ဗျ။
ဒီနေရာ ယေဘုယျအားဖြင့် ဆွဲနည်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးက အရင်က ပြခဲ့သလို မူလပုံမှာ ထပ်ဆွဲမှာပါ။ ဒုတိယ တစ်မျိုးကတော့ သင့်တော်ရာ နေရာတစ်ခုမှာ ဆွဲပြီး ရွှေ့ပြီးမှ ပေါင်းမှာပါ။ ဒုတိယ တစ်မျိုးနဲ့ပဲ ပြပါ့မယ်။
ဒီတော့ ပထမ နေရာတစ်နေရာမှာ လိုချင်တဲ့ သုံးမြှောင့်တုံးကို ဆွဲမယ်။ ဒုတိယရွှေ့မယ်။ ပြီးမှ မူလ ဖရိမ်နဲ့ ပေါင်းလိုက်ပါမယ်။
ပထမ သုံးမြှောင့်တုံးကို ဆွဲရာမှာ နှစ်မျိုးခွဲနိုင်ပါသေးတယ်။ တစ်မျိုးက စတုဂံတုံး ဆွဲပြီးမှ ခြမ်းမယ်။ ဒုတိယ တစ်မျိုးက (UCS ကိုလှည့်ပြီး) ဒေါင်လိုက် တြိဂံဆွဲပြီး အမြင့်တင်လိုက်တာပါ။ လောလောဆယ် UCS တွေ မသုံးချင်သေးပါဘူး။ စာများသွားမှာ စိုးတာနဲ့ မသုံးမဖြစ်အခြေအနေလည်း မဟုတ်တာရယ်ကြောင့်ပါ။ ပြီးတော့ အတုံးလေးတွေ ရွှေ့တာလည်းပြောချင်လို့ပါ။ ကဲဗျာ ပြောရင်း ရှည်တောင် သွားပါပြီ။ စလိုက်ကြပါစို့ဗျာ။
အောက်ကပုံလေးအတိုင်း သင့်တော်ရာမှာ အလျား ၁၀ အနံ ၅ ရှိတဲ့ စတုဂံလေး ဆွဲလိုက်ပါခင်ဗျ။
ပြီးရင် pe ရိုက်ပေါင်းလိုက်ပါ။ အမြင့် (-)၁၀ ကို ext ရိုက်ပြီး ဒုတင်လိုက်ပါခင်ဗျ။ ရိုးရိုးအတိုင်း (အနှုတ်မဟုတ်လည်း) အမြင့်တင်လည်းရပါတယ်။ တင်ပြီးတဲ့အခါ အောက်ကပုံလေး အတိုင်းမြင်ရပါပြီခင်ဗျ။
ဒါလေးကို တခြမ်းခြမ်းကြစို့ဗျာ။

Comments :

0 comments to “Auto-CAD 3D-examples (၁၂)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်