မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

EC,EP အခြေခံ waveform များ(၂၆)

ဒီတစ်ခါတော့ ဘေးက ပုံအတိုင်းတပ်ပါ့မယ်။ ဘက်ထရီရဲ့ အနှုတ်စွန်းက ပိုနေပါတယ်ဆိုတဲ့ အီလက်ထရွန်တွေဟာ ဒိုင်အုပ်ရဲ့ အီလက်ထရွန်လိုနေပါတယ်ဆိုတဲ့ p-type နဲ့ သွားတွေ့တဲ့ အခါ သူ့တို့နှစ်ခုကြားတင် ဆွဲငင်အားသဖွယ်ဖြစ်စေပါတယ်။
ဒီလိုပါပဲ ဘက်ထရီရဲ့ အပေါင်းခြမ်းမှာလည်း သူ့တို့ဖာသာ ဆွဲငင်ကြတော့ ဒိုင်အုပ်ကိုဖြတ် အီလက်ထရွန်စီးဖို့ မဖြစ်နိုင်တော့ ပါဘူး။ တနည်းအားဖြင့် ဒိုင်အုပ်ကို Current မစီးနိုင်တော့ ပါဘူး။
ဒါကိုပဲ ဒိုင်အုပ် off တယ်ဆိုပါတယ်။
ဒိုင်အုပ် off ရင် Current မစီးဘူး။( တကယ်က စီးတယ်ဆိုယုံလေးတော့ စီးပါသေးတယ်။ နည်းလွန်းတာပါ။)
ဒိုင်အုပ်ကို ခွတိုင်းရင် battery ကို ဒိုင်အုပ်မပါပဲ တိုင်းသလို ဖြစ်လို့ မူလ battery Voltage အတိုင်းရပါ့မယ်ခင်ဗျာ။
ဒါမျိုးကတော့ ဘယ်ဘက်ထရီကို သွားစမ်းစမ်းရတယ်။ ဘယ်လောက်ဗို့များများလို့လည်း ပြောမရပြန်ပါဘူး။ သူ့မှာလည်း အကန့်အသတ်ရှိပြန်ပါတယ်။ ဒီ ဗို့ ကိုပဲ ဒိုင်အုပ်ရဲ့ ခံနိုင်ရည်လို့ ခေါ်ကြတာပါပဲဗျာ။ ကဲဗျာ ဒိုင်အုပ်ပြုမူပုံလေး ဆက်လေ့လာကြစို့ဗျာ။

Comments :

0 comments to “EC,EP အခြေခံ waveform များ(၂၆)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်