မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

EC,EP အခြေခံ waveform များ(၂၇)

Diode Characteristics ကို ဒီပုံလေးအတိုင်းတိုင်းတာနိုင်ပါတယ်။

  • VoltMeter လေးနဲ့ AmMetter လေးကိုသုံး Variable Resister လေးအကူအညီနဲ့ ဒိုင်အုပ်ကို သက်ရောက်မယ့် Volt နဲ့ စီးဝင်မယ့် Ampere လေးကို မှတ်သားပြီး အောက်က Curve ကို ရနိုင်ပါတယ်ခင်ဗျာ။ကွန်တော်တို့မှာ ဒိုင်အုပ်သုံးဖို့ အခြေံခံလိုအပ်ချက်(၂)ခုရှိပါတယ်။ ဒါလေးကိုကြည့်ပါ။(၁) ဒိုင်အုပ် on စဉ်မှာ voltage လေး နည်းနည်းလေးနဲ့ Current တွေအများကြီးစီးစေချင်ပါတယ်။ ဒိုင်အုပ်ကိုက အဖွင့်အပိတ်ကို စီရင်မှာမို့ သူက voltage တွေ အများကြီးစားတာ မဖြစ်စေချင်ပါဘူး။ သူ့က လမ်းမှာရပ်မှာဆိုတော့ များများစီးတာကိုတော့ ခွင့်ပြုရမယ်လေ။
ဒီနှစ်ချက်ကို သိရင် သူ့ ON သဘာဝကို လွယ်ကူစွာနားလည်နိုင်ပါပြီ။ ညာဘက်က ON အခြမ်းကို ကြည့်ပါ။ Current တွေမြင့်လာသော်လည်း Voltage က 0.6V ခန့်မှာ ရှိနေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ပထမလိုအပ်ချက်ပါ။
  • (၂)ဒိုင်အုပ် off စဉ်မှာ Voltage တွေ အရမ်းများလာသော်လည်း Current ဟာ nano လောက်မှာတည်နေပါတယ်။ ဒါ့ကြောင့် ဒိုင်အုပ်ဟာ ၁၀၀ ဗို့လောက်ကို Current မစီးပါဘူးပြောလောက်အောင် ဖြတ်တောက်ထားတာကို တွေ့ရပါတယ်။ ဒါဟာလည်း ကျွန်တော်တို့လိုချင်တဲ့ ပိတ်ခလုပ်တစ်ခုပါ။

အပေါ်နှစ်ချက်ကို ဆုံးဖြတ်သွားရာမှာ သတိပြုရမှာက ချိုးသွားတဲ့ ဒေါင့်လေးတွေပါ။ On ခြမ်းကဒေါင့်ဟာ နည်းတဲ့ ဗို့တန်ဖိုးလေးနဲ့ Run ဖို့ကိုဦးတည်ပေမယ့်။ ၀ဲခြမ်းက off ကတော့ 100V ကျော်ရင် Current တွေများလာတာကြီးတွေ့ရလို့ မလိုချင်တဲ့ အခြေအနေကို ဦးတည်ပါတယ်။ ဒါ့ကြောင့် သူဟာ သတိပြုရမယ့် ဗို့တန်ဖိုးပါ။ တနည်းအားဖြင့် Circuit Design မှာ ဒိုင်အုပ် off ကို 100V ခံဒိုင်အုပ်ကို 100V ထက်များမပေးဖို့သတိပြုရပါ့မယ်။
အားလုံးကိုခြုံကြည့်လိုက်ရင်တော့ ဒိုင်အုပ်ဟာ အုမ်းလောကို မလိုက်နာဘူးဆိုတာပါပဲ။ ဒါ့ကြောင့်လည်း Chart မှာ Curve က ကွေးနေတာပေါ့ဗျာ။
ကျွန်တော်တို့ဆက်အလုပ်လုပ်မယ်ဆိုရင်တော့ အများကြီးမလိုအပ်ပါဘူး။ ဒိုင်အုပ် on ရင် 1V မကျော်ဘူး။ off ရင် Current မစီးဘူး။ ဒီလောက်ပဲ ယူဆပြီး ဆားကစ်တွေ လျှောက်ဆင်ကြစို့ဗျာ။

Comments :

0 comments to “EC,EP အခြေခံ waveform များ(၂၇)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်