မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

Auto-CAD 3D-examples (၆)

အောက်က ပုံလေးအတိုင်းသွားပြီး ဒုပုံကို ကြည့်လို့ရပါတယ်။ ဒါပေမယ့် အပြင်ဘက် စတုဂံတုံးကိုပဲ မြင်နေရပါလိမ့်မယ်။ အထဲက အတုံးက ကွယ်နေမှာပါ။ အပြင်ဘက်ထဲမှ အထဲတုံးကို နှုတ်ခြင်းအားဖြင့်ခွက်ရပါလိမ့်မယ်။
ဒုပုံကနေ ဆွဲလို့ရမယ့်ပုံကိုတော့ အောက်ပါပုံအတိုင်းပြန်ပြောင်းပါခင်ဗျ။
နှုတ်ဖို့အတွက် su ကိုရိုက်ပါမယ်။ enter ခေါက်ချိန်မှာ Object ရွေးခိုင်းပါလိမ့်မယ်။ အစိမ်းရောင်နေရာကို click ပါမယ်။ enter ခေါက်ပါ့မယ်။ နောက်တစ်ခါထပ်ရွေးခိုင်းပါတယ်။ ပန်းရောင်နေရာကို click ပြီး enter ခေါက်ပါ့မယ်။
ဒီအချိန်မှာ ကျွန်တော်တို့ ပုံလေးကို click ကြည့်ပါ။ တစ်ခုလုံး အတူတကွ တစ်ပေါင်းတည်း ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်ခင်ဗျ။ View>Shape>Gouraud Shaded ကိုရွေးပြီး ဒုပုံကို မြင်နိုင်ပါပြီ။ အောက်က ပုံအတိုင်း လှည့်ကြည့်လို့ရတဲ့ tool လေးဆီသွားမယ်ဆိုရင်တော့ အောက်က ပုံလို အဖက်ဖက်က လှည့်ကြည့်လို့ ရပါပြီခင်ဗျ။
mouse နဲ့ လက်သရမ်းလိုက်မယ်ဆိုရင်တော့ အောက်က ပုံလို ချာချာလည်အောင် လှည့်ကြည့်နှိုင်ပါပြီခင်ဗျာ။
ကျွန်တော်တော့ ဇက်ကြောတွေတက်နေပါပြီဗျာ။ ဒီနေ့အဖို့တော့ ဒီလောက်ပါပဲဗျာ။ မနက်ဖန်ဆက်ရန် ...

Comments :

0 comments to “Auto-CAD 3D-examples (၆)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်