မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

C++ အခြေခံများ

ကဲလာပါပြီ ....စာမေးပွဲ ကဒီနေ့မှ နှုတ်ဖြေပြီးလို့ ဗျို့။တစ်ခုနဲ့ တစ်ခုကြားlinkingတော်တော်ပြတ်သွားလို့ တောင်း ပန်ပါတယ်ဗျာ။စာမေးပွဲနဲ့ မအားလို့ပါ။ဆက်ရေးပါ့မယ်။အရင်တစ်ခေါက်တုန်းက conio.hမှာပြီးသွားတာ။ ဆက် ရေးမယ်နောက်ထပ်ကျန်တာလေးတွေပေါ့။ကဲစမယ်...................

5.Standar Library Header File(stdlib.h)
1)abs(int var)-အင်တီဂျာခေါ်ကိန်းပြည့် တန်ဖိုးတိတိကျကျရဖို့အတွက်။
2)atof(const char*s)-အက္ခရာကနေ floating pointလို့ခေါ်တဲ့ ဒဿမကိန်းပြောင်းဖို့အတွက်။
3)atoi(const char*s)-အက္ခရာကနေ intergerလို့ခေါ်တဲ့ ကိန်းပြည့်ပြောင်းဖို့အတွက်။
4)atol(const char*s)-အက္ခရာကနေ long integerလို့ခေါ်တဲ့တန်ဖိုးကြီးလွန်းသောကိန်းပြည့်ပြောင်းဖို့အတွက်။
5)div(int,int)-ကိန်းပြည့်နှစ်ခုစားပြီးနောက် စားလဒ်နဲ့ အကြွင်းတန်ဖိုးတွေကို ပြဖို့အတွက်ပါ။
ဥပမာ ဗျာ(x=div(15,4); x.quot=3 (စားလဒ်) x.rem=3(အကြွင်း))ပေါ့။
6)ltoa(long int)-ဒါကတော့ atolရဲ့ပြောင်းပြန် long integerလို့ခေါ်တဲ့တန်ဖိုးကြီးလွန်းသောကိန်းပြည့် က နေ အက္ခရာကိုပြောင်းဖို့အတွက်။
7)itoa(int)-ဒါလေးကျတော့ atoiရဲ့ပြောင်းပြန်ကိန်းပြည့်ကနေအက္ခရာကိုပြောင်းဖို့အတွက်။
8)rand( )%int-ဒါလေးက randomကိန်းသုံးဖို့ ။
ဥပမာဗျာ ၁ကနေ ၅၀အတွင်းကိန်းတွေကို ကိုယ်က ကီးဘုတ်ကနေရိုက်ထည့်စရာမလိုပဲ programက အော် တိုသုံးသွားအောင်သုံးရတာ ...ဒါဆိုရင်ဒီလိုလေးရေးလိုက်ပေါ့ a[i]=rand( )%50။

6.Character Type Header File(ctype.h)
1)toupper(int char)-ဒါလေးက အက္ခရာကို အက္ခရာအကြီး ပြောင်းဖို့ပေါ့။ဥပမာ a,b,cကနေA,B,C ဆိုပြီးပြောင်းတာ။
2)tolower(int char)-ဒါလေးက အက္ခရာကို အသေး ပြောင်းဖို့ပေါ့။ဥပမာA,B,Cကနေ a,b,cဆိုပြီးပြောင်းတာ။
3)toascii(int char)-ဒါကတော့အက္ခရာကို ASCII ကုဒ်ကို ပြောင်းဖို့ပါ။အရှည်ကတော့ American Stardar Code for Information Interchange ပါ။ASCII codeကို အသေးစိတ်လေ့လာချင်တယ် ဆိုရင်တော့ http://en.wikipedia.org/wiki/ASCII

7.Mathematical Header File(math.h)
1)sin(value)
2)cos(value)
3)tan(value)
4)sqrt(value)-square root တွက်ဖို့ပါ။
5)log(value)-natural logarithm တွက်ဖို့ပါ။(သင်္ချာမှာဆို ln လို့ရေးတာပေါ့ဗျာ...)
6)exp(value)-exponential functionတွက်ဖို့ ပါတဲ့။(သချာင်္မှာဆိုရင် e to the power x ပေါ့)
7)pow(base,exp)-ဒါက ကိန်းတွေကို ထပ်ညွှန်းတင်ဖို့သုံးတာ။ရှင်းပါတယ်။ 10 to the power 5 ဆိုရင် 10က base ၊5က expပေါ့။
8)ceil(x)-xထက်ငယ်တဲ့ အငယ်ဆုံးကိန်းပြည့်ကို ရှာဖို့ပါ။ဥပမာ x=3ဆိုရင် 3ထက်ငယ်တဲ့ ကိန်းကိုရှာပေးမှာပါ။ ကဲဒါတွေကတော့ C++မှာ ကျွန်တော်သိသမျှ Header Fileအကုန်ပါပဲ။အမှားပါရင်လည်း commentပေးပြီး ကူညီကျပါအုံး။စာရိုက်တာ အမှားပါမှာဆိုးလို့ပါ။ပြီးတော့ ကျွန်တော်လည်း အခုမှစလေ့လာသူပါ။ကျွန်တော် သိတာလေးကို လုံးဝမသိတဲ့ စတင်လေ့လာသူတွေကို ပြန်ပြောပြတဲ့သဘောပါ။ အခုလို့ လေ့လာသွားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။နောက်လည်းဆက်ရေးသွားပါအုံးမယ်။

Comments :

0 comments to “C++ အခြေခံများ”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်