မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

စောင့်မျှော်ဖတ်ရှုပါရန်

အခြေခံ waveform အနေနဲ့ အတော်အတန်သင့် ပြည့်စုံပြီလို့ ယူဆပါတယ်။ အခြေခံ law တွေလည်း တင်ပြခဲ့ပါပြီ။ ဒါ့ကြောင့် ဆက်လက်တင်ပြဖို့ ရည်ရွယ်ထားတဲ့ ခေါင်းစဉ်လေးတွေကြေညာချင်ပါတယ်။
နောက်ထပ်အသစ်ဖွင့်မယ့် ခေါင်းစဉ်က ...

  • Transient Analysis
နည်းပညာတက္ကသိုလ် Btech year I (တတိယနှစ်) EP မှာ သင်ရတဲ့ခေါင်းစဉ်တစ်ခုပါ။ အထူးသဖြင့် သိုလှောင်တတ်တဲ့ Capacitor နဲ့ Inductor တွေရဲ့ ပြုမူပုံကို လှုပ်ရှားပြောင်းလဲမယ့် အပိုင်းလေးကိုပဲ ဖြတ်ထုတ်လေ့လာတဲ့ ဘာသာရပ်ပါ။ သိုလှောင်လို့(သို့)ပြန်ထုတ်လို့ ၀ပြီးတဲ့ အခြေအနေမဟုတ်ဘဲ သိုလှောင်စ(သို့)ပြန်ထုတ်စ အခြေအနေကို အသေးစိတ်တဲ့ ကဏ္ဍလေးပါ။
ဒီ့နောက်မှာတော့ ...
  • Transistors
Amplifier အမျိုးမျိုးကို စုဆောင်းတင်ပြမှာဖြစ်ပါတယ်။ အီလက်ထရောနစ် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာကျောင်းသားတွေ အတန်းတိုင်းလိုလို ပြေးမလွတ်တဲ့ Transistor တွေအကြောင်းပေါ့ဗျာ။
  • OpAmp IC
Transistor တွေပေါင်းပြီးတည်ဆောက်ထားတဲ့ အခြေခံ IC အကြောင်းပါ။ Analog Electronics မှာ မပါမဖြစ်ပေါ့ဗျာ။
  • AC to DC Converter (Rectifier)
အခြေခံ waveform မှာဖေါ်ပြခဲ့သော်လည်း Diodes ကိုသုံးတယ်လို့ပဲ ပါခဲ့တာပါ။ ဒီအပိုင်းမှာတော့ Rectify လုပ်ရာမှာ Transistor တွေ IC သေးတွေ နဲ့ Inductor တွေ Capacitor တွေသုံးပုံပါရွေးချယ်တင်ပြပါ့မယ်။
  • Thyristor
အခြေခံ SCR ကနေစလို့ လက်လှမ်းမှီသလောက် စုဆောင်းတင်ပြပါမယ်။ waveform တွေလည်း တော်တော်လေး ရှုပ်ထွေးနေပါလိမ့်မယ်။
  • 555/556 IC
အသုံးအများဆုံးနဲ့ အခြေခံအကျဆုံး IC ဖြစ်ပါတယ်။ တည်ဆောက်ပုံနဲ့ အသုံးဝင်ပုံများ တင်ပြပေးပါမယ်။
  • DC to AC Converter (Inverter)
555 လည်းတင်ပြပြီးပြီ Transistor တွေလည်း တင်ပြပြီးပြှီSCR တွေလည်း ပြောပြီးပြီဆိုတော့ Inverter တွေအကြောင်းပြောလို့ရပြီပေါ့ခင်ဗျာ။ နည်းပညာပညာတက္ကသိုယ် BE တန်းမှာ သင်ရတဲ့ DC to AC နဲ့ AC to DC Converter တွေအကြောင်း ခြုံငုံမိနိုင်ပါပြီလို့ ထင်ပါတယ်။
  • Basic Electronic Circuits
အပေါ်က ခေါင်းစဉ်တွေ လေ့လာမိပြီဆိုရင်တော့ အခြေခံ ဆားကစ်လေးတွေ ရှာဖွေစမ်းသပ် လေ့လာကြနိုင်ပြီပေါ့ဗျာ။
  • Digital Electronics
ကျယ်ပြန့်လွန်းတဲ့ ခေါင်းစဉ်ကြီးတစ်ခုပါပဲဗျာ။ သူ့အတွက်တော့ ခေါင်းစဉ်တွေ အပိုင်းတွေ ခွဲစိတ်ဖို့ မစဉ်းစားရသေးပါဘူးခင်ဗျာ။
  • Advanced Electronics
ဒါကိုလည်း သေချာ မစဉ်းစားရသေးပါဘူးခင်ဗျာ။ လေ့လာစုဆောင်းဖြစ်မယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။

ကျွန်တော်က ကျောင်းသားတစ်ယောက်ဆိုတာ မိတ်ဆက်ပြီးခဲ့ပါပြီ။ ကျွန်တော်ကျောင်းတက်နေရချိန် နက်သုံးနေရချိန် (နောက် ၃ နှစ်တာ ကာလ) အတွင်း ကျောင်းသားဘ၀အမှတ်တရဖြစ်အောင် ဒါလေးတွေ စုဆောင်းတင်ပြသွားချင်ပါတယ်။
စောင့်မျှော်ဖတ်ရှုကြပါရန် အီလက်ထရောနစ်ဝါသနာအိုးများအား သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

Comments :

3 comments to “စောင့်မျှော်ဖတ်ရှုပါရန်”
Unknown said...
on 

ကျေးဇူးတင်ပါတယ်...။စောင့်မျှော်ဖတ်ရှုမှာပါ...။

ကိုပခန်း said...
on 

ကျွန်တော်လည်း ကြိုးစားပါ့မယ်ခင်ဗျာ။

Unknown said...
on 

thanks bro

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်