နောက်တစ်ဆင့်အနေနဲ့ Cord လေးတွေနဲ့ စမ်းကြပါစို့ဗျာ။
အောက်ကပုံလေးအတိုင်း ပြင်လိုက်ပါဦးခင်ဗျာ။အောက်ကပုံလေးအတိုင်း Chord ပြင်လို့ရအောင် click ပြီး Key ကို G Key ကိုပြင်လိုက်ကြပါစို့ခင်ဗျာ။
လိုချင်တဲ့နေရာမှာ ကောဒ့်ထည့်ဖို့ ထည့်လိုရာ တတိယဘားမှာ Right Click ပြီးသွားကြည့်ပါခင်ဗျာ။
ပေါ်လာတဲ့ Cord Builder ဇယားကို နေရာလေးရွှေ့ပြီး အနီမြှားလေးအတိုင်း အစဉ်လိုက် click ယုံမျှနဲ့ တတိယဘားဟာ Am ဖြစ်သွားပါတယ်။
အားလုံးထည့်လိုက်မယ်ဆိုရင်တော့ ဒီလိုပုံပေါ့ဗျာ။ သူ့ကိုပဲ အနီဝိုင်းလေးတွေကို တဆင့်ချင်း CLICK သွားမယ်ဆိုရင် အောက်ဆုံးက ပုံကိုရပါမယ်ခင်ဗျ။
play ကြည့်လိုက်ပါဦးခင်ဗျာ။ အခုဆိုရင် သံစဉ်လေးတစ်ခုကို ကချော်ကချွတ်တော့ အသံထွက်အောင် လုပ်လို့ရပြီပေါ့နော်။ အပျင်းပြေပေါ့ဗျာ။
သံစဉ်လေးများဖန်တီးခြင်း(၇)
ကိုပခန်း, Friday, 22 May 2009
Labels:
သံစဉ်လေးများဖန်တီးခြင်း
Subscribe to:
Post Comments (Atom)
Comments :
Post a Comment