ခုအခါမှာတော့ အဖြူရောင်တွေကို ဖျောက်သင့်ပါပြီခင်ဗျ။ အောက်ကပုံလေးအတိုင်း အဖြူကိုဖျောက်ပါ့မယ်။ အဲ အဖြူဖျောက်ပြီး အဖြူကို ရွေးမိလို့ ငါ့ပုံလေးပျောက်သွားပြီ ဖြစ်သွားဦးမယ်ဗျနော်။ အဖြူကို မီးပတ်ပြီး အစိမ်းကို click မှ ဖြစ်မှာနော်။
လုပ်လိုက်ရင် ဒီလိုမြင်ရပါလိမ့်မယ်ခင်ဗျ။ပိုနေတာလေးကို ဖြတ်ပါမယ်။ ကျွန်တော်ကြိုက်တဲ့ အစွန်းဖြတ်နည်းကတော့ tr ရိုက်ပြီး enter နှစ်ချက် ဆင့်ခေါက်ပါ။ ပြီးရင် ဟို ပိုနေတဲ့ကောင်ကို ဖြတ်ထုတ်လိုက်ပါ။(ကလစ်လိုက်ယုံနဲ့ ပြတ်သွားပါလိမ့်မယ်ခင်ဗျ။)
ဒီလိုလေးရပြီပေါ့နော်။
ပြီးရင်တော့ ဆက်တာလေးကို မှတ်မိဦးမယ်ထင်ပါတယ်။ pe ကိုရိုက် m နဲ့ဘာညာ join လိုက်ပါတော့ ခင်ဗျာ။ တစ်လက်စတည်း အမြင့် 13 ရအောင် ext ဒုတင်လိုက်ပါဦး။ တစ်ခါတည်း ဖျောက်ထားတဲ့ အဖြူ layer လေးပြန်ဖေါ်လိုက်ပေါ့။ အဲဗျာ တစ်ဆက်တည်းပဲ အဖြူတည်းက အစိမ်းကို su ရိုက်ပြီး နှုတ်လိုက်တဲ့ အခါ လိုချင်တဲ့ ဒီပုံလေးရတာပေါ့ခင်ဗျာ။
Auto-CAD 3D-examples (၉)
ကိုပခန်း, Friday, 22 May 2009
Subscribe to:
Post Comments (Atom)
Comments :
Post a Comment