နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ရထားတဲ့ ဇလားကနေ အောက်ပါပုံအတိုင်း ထွင်းထုတ်တာကိုပြောပြပါ့မယ်။ ဘေးမှာဆွဲပြီမှ လာထပ် ပြီးမှနှုတ်လို့ ရပေမယ့် layer တွေအကြောင်းပြောချင်လို့ သူ့ထဲမှာတင်ထပ်ဆွဲပြီး နှုတ်ပြပါ့မယ်။ကဲဗျာ အောက်ပုံလေးအရင်ရအောင် ကြိုးစားကြပါစို့ဗျာ။ အောက်ကပုံမှာ အဖြူရောင်နဲ့ဆွဲထားတဲ့ (လေးထောင့်ခွက်ပုံ) တစ်လွှာနဲ့ အစိမ်းရောင်နဲ့ဆွဲထားတဲ့ (လေးထောင့်တုံးပုံ) layer ဆိုပြီး layer နှစ်ခုရှိပါတယ်။
ဒါ့ကြောင့် လုပ်ငန်းစဉ်လေးခွဲလိုက်ပါ့မယ်။
(၁) အစိမ်းရောင် layer လေးကို ပထမဖန်တီးပါ့မယ်။
(၂) အဖြူရောင်မှာ ကပ်မြှောင်ပြီး ဒုတင်ရန်အဆင်သင့်ဖြစ်တဲ့ အစိမ်းရောင်အောက်ခြေကို (အဖြူရောင် layer ကို ခဏဖြောက်ပြီး) ဆွဲပါ့မယ်။
(၃) အစိမ်းရောင်အခြေကို ဒုတင်ပြီး အဖြူရောင် ပုံထဲက နှုတ်ပါမယ်ခင်ဗျ။
ကဲဗျာ နံပတ်မှာ (၁) layer အသစ်ဖြစ်စေ ...
layer ဆိုပြီးရိုက်ထည့်လို့ ဖြစ်စေ အောက်ကပုံလေးအတိုင်းဖြစ်စေ layer BOX ကိုခေါ်ပြီး အောက်က ပုံလေးအတိုင်းပဲ အစိမ်းရောင် layer ကို ဖန်တီးနိုင်ပါတယ်။ok တွေ နှိပ်ပြီးတဲ့ အခါ အစိမ်းရောင် layer ကို ဖန်တီးပြီးပါပြီ။ အောက်ပုံလေးအတိုင်း အစိမ်းရောင် layer ကနေ ဆွဲနိုင်ပါပြီ။ ကလစ်လိုက်ပါနော်။
layer သစ်နဲ့ ပွဲသစ်စစို့ဗျာ။
Auto-CAD 3D-examples (၇)
ကိုပခန်း, Friday, 22 May 2009
Subscribe to:
Post Comments (Atom)
Comments :
Post a Comment