မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

C++ အိမ်စာများ(၁၀)

အကြောင်းကြောင်းကြောင့် ပိုစ့်မတင်ဖြစ်တာကြာပြီမို့ စရေးရမှာတောင် တွန့်ဆုတ်ဆုတ်ဖြစ်နေတယ်ဗျာ။
အိမ်စာလေးတွေကို ဆက်ရေးကြပါစို့ခင်ဗျ။

ပုစ္ဆာကတော့ ရုရှားဘာသာစကားနဲ့ ဖြစ်တာမို့ ဗမာလိုပဲ တင်ပြလိုက်ပါတယ်။
?1022? ဆိုတဲ့ ဂဏန်းလေးကို အကယ်၍ ၇ ၈ ၉ နဲ့ စားလို့ပြတ်မယ်ဆိုရင် ? နေရာများကို ကိန်းတစ်ခု အစားထိုးမယ်မယ်ဆိုရင် ထိုကိန်းဂဏန်းဟာ ဘာပါလဲလို့လည်း မေးထားပါတယ်။


#include<iostream.h>
#include<conio.h>
void main()
{
long i,j,k;
for (int i=0; i<10; i++)
for (int j=0; j<10; j++)
{
k=(100000*i+1022*10+j);
if(k%7==0&&k%8==0&&k%9==0)
cout<<"the answer="<<k;
}
getch();
}

အဖြေကတော့ the answer=910224 ဖြစ်ပါတယ်ခင်ဗျာ။

ရှင်းလင်းချက်။  ။ဒီပုစ္ဆာမှာ အဓိက သော့ချက်က နေရာလိုက် ကိန်းတွေရဲ့ တန်ဖိုးပါ။ k=(100000*i+1022*10+j); ဒါလေးကို အရင် စဉ်းစားနိုင်မှ ဖြစ်ပါမယ်။ i နဲ့ j တို့နေရာဟာ 0 ကနေ 9 အထိ ၁၀ လုံးရှိနေမယ်ဆိုရင်လေး အရင်တွေးနိုင်မှ ဖြစ်ပါမယ်။ စားလို့ပြတ်တယ်ဆိုတာဟာ အကြွင်း သုညဖြစ်တာကို သိထားတော့ အကြွင်းကို % နဲ့ သုံးရှာပြီး သုညနဲ့ ညီတော့ စားလို့ပြတ်တာပေါ့ခင်ဗျာ။ သုံးလုံးတောင် တစ်ပြိုင်တည်းပြတ်ချင်တော့ ကြားထဲမှာ && လေးတွေ ခံရေးလိုက်ပြီး စစ်ခိုင်းတော့ အဖြေရပြီပေါ့ခင်ဗျာ။

Comments :

0 comments to “C++ အိမ်စာများ(၁၀)”

Post a Comment

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်