မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

စောင့်မျှော်ဖတ်ရှုပါရန်

အခြေခံ waveform အနေနဲ့ အတော်အတန်သင့် ပြည့်စုံပြီလို့ ယူဆပါတယ်။ အခြေခံ law တွေလည်း တင်ပြခဲ့ပါပြီ။ ဒါ့ကြောင့် ဆက်လက်တင်ပြဖို့ ရည်ရွယ်ထားတဲ့ ခေါင်းစဉ်လေးတွေကြေညာချင်ပါတယ်။
နောက်ထပ်အသစ်ဖွင့်မယ့် ခေါင်းစဉ်က ...

  • Transient Analysis
နည်းပညာတက္ကသိုလ် Btech year I (တတိယနှစ်) EP မှာ သင်ရတဲ့ခေါင်းစဉ်တစ်ခုပါ။ အထူးသဖြင့် သိုလှောင်တတ်တဲ့ Capacitor နဲ့ Inductor တွေရဲ့ ပြုမူပုံကို လှုပ်ရှားပြောင်းလဲမယ့် အပိုင်းလေးကိုပဲ ဖြတ်ထုတ်လေ့လာတဲ့ ဘာသာရပ်ပါ။ သိုလှောင်လို့(သို့)ပြန်ထုတ်လို့ ၀ပြီးတဲ့ အခြေအနေမဟုတ်ဘဲ သိုလှောင်စ(သို့)ပြန်ထုတ်စ အခြေအနေကို အသေးစိတ်တဲ့ ကဏ္ဍလေးပါ။
ဒီ့နောက်မှာတော့ ...
  • Transistors
Amplifier အမျိုးမျိုးကို စုဆောင်းတင်ပြမှာဖြစ်ပါတယ်။ အီလက်ထရောနစ် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာကျောင်းသားတွေ အတန်းတိုင်းလိုလို ပြေးမလွတ်တဲ့ Transistor တွေအကြောင်းပေါ့ဗျာ။
  • OpAmp IC
Transistor တွေပေါင်းပြီးတည်ဆောက်ထားတဲ့ အခြေခံ IC အကြောင်းပါ။ Analog Electronics မှာ မပါမဖြစ်ပေါ့ဗျာ။
  • AC to DC Converter (Rectifier)
အခြေခံ waveform မှာဖေါ်ပြခဲ့သော်လည်း Diodes ကိုသုံးတယ်လို့ပဲ ပါခဲ့တာပါ။ ဒီအပိုင်းမှာတော့ Rectify လုပ်ရာမှာ Transistor တွေ IC သေးတွေ နဲ့ Inductor တွေ Capacitor တွေသုံးပုံပါရွေးချယ်တင်ပြပါ့မယ်။
  • Thyristor
အခြေခံ SCR ကနေစလို့ လက်လှမ်းမှီသလောက် စုဆောင်းတင်ပြပါမယ်။ waveform တွေလည်း တော်တော်လေး ရှုပ်ထွေးနေပါလိမ့်မယ်။
  • 555/556 IC
အသုံးအများဆုံးနဲ့ အခြေခံအကျဆုံး IC ဖြစ်ပါတယ်။ တည်ဆောက်ပုံနဲ့ အသုံးဝင်ပုံများ တင်ပြပေးပါမယ်။
  • DC to AC Converter (Inverter)
555 လည်းတင်ပြပြီးပြီ Transistor တွေလည်း တင်ပြပြီးပြှီSCR တွေလည်း ပြောပြီးပြီဆိုတော့ Inverter တွေအကြောင်းပြောလို့ရပြီပေါ့ခင်ဗျာ။ နည်းပညာပညာတက္ကသိုယ် BE တန်းမှာ သင်ရတဲ့ DC to AC နဲ့ AC to DC Converter တွေအကြောင်း ခြုံငုံမိနိုင်ပါပြီလို့ ထင်ပါတယ်။
  • Basic Electronic Circuits
အပေါ်က ခေါင်းစဉ်တွေ လေ့လာမိပြီဆိုရင်တော့ အခြေခံ ဆားကစ်လေးတွေ ရှာဖွေစမ်းသပ် လေ့လာကြနိုင်ပြီပေါ့ဗျာ။
  • Digital Electronics
ကျယ်ပြန့်လွန်းတဲ့ ခေါင်းစဉ်ကြီးတစ်ခုပါပဲဗျာ။ သူ့အတွက်တော့ ခေါင်းစဉ်တွေ အပိုင်းတွေ ခွဲစိတ်ဖို့ မစဉ်းစားရသေးပါဘူးခင်ဗျာ။
  • Advanced Electronics
ဒါကိုလည်း သေချာ မစဉ်းစားရသေးပါဘူးခင်ဗျာ။ လေ့လာစုဆောင်းဖြစ်မယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။

ကျွန်တော်က ကျောင်းသားတစ်ယောက်ဆိုတာ မိတ်ဆက်ပြီးခဲ့ပါပြီ။ ကျွန်တော်ကျောင်းတက်နေရချိန် နက်သုံးနေရချိန် (နောက် ၃ နှစ်တာ ကာလ) အတွင်း ကျောင်းသားဘ၀အမှတ်တရဖြစ်အောင် ဒါလေးတွေ စုဆောင်းတင်ပြသွားချင်ပါတယ်။
စောင့်မျှော်ဖတ်ရှုကြပါရန် အီလက်ထရောနစ်ဝါသနာအိုးများအား သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

EC,EP အခြေခံ waveform များ(၅၁)

ပုံမှန်တွေ့နေကျ INDUCTOR လေးတွေကတော့ ဒီပုံစံလေးတွေပါ။
အလယ်မှာတော့ လေထုအပြင်အခြားကြားခံတွေပါရှိနေနိုင်ပါတယ်ခင်ဗျ။
ဒါလေးတွေတွေ့လို့လဲ Capacitor လို့မှတ်မသွားပါနဲ့ဦးခင်ဗျ။
ဒါလေးတွေတွေ့လို့လဲ Resistor လို့ မမှတ်လိုက်ပါနဲ့ဗျ။
ဒါလေးတွေကတော့ Transformer တွေပဲလို့လည်း မထင်ပါနဲ့ဗျာ။ (အစွန်းလေးတွေကြည့်သိနိုင်ပါတယ်ခင်ဗျ။)
ဒီလိုပုံစံချစ်စရာလေးလည်း ထုပ်ပိုးထားတတ်ပြန်ပါတယ်။
ပေါက်တိပေါက်ရှာ ဒီလို ပေတီးပေစုတ်လေးတွေလည်းရှိပါသေးတယ်။ inductance နည်းနည်းလေးတွေပေါ့ဗျာ။
ပုံတွေကိုတော့ Google image ကလျှောက်ရှာထားတာပါခင်ဗျ။

EC,EP အခြေခံ waveform များ(၅၀)

အသစ်မရေးဖြစ်တာကြာလာလို့ ရေးချင်တာနဲ့ပဲ စာမေးပွဲကာလကနေ အသစ်ထရေးလိုက်ပါတယ်ခင်ဗျာ။

ကျွန်တော် အောက်ကပုံအတိုင်းပဲ ဆားကစ်လေးဆောက်ပြီး ပေးတဲ့ Voltage နဲ့ ဖြစ်ပေါ်လာမယ့် Current တွေကို တိုင်းပြလိုက်ပါတယ်ခင်ဗျ။
ဒီနှစ်ပုံကို တိုင်းတာ WAVE ထုတ်ရာမှာ Voltage နဲ့ Current ဖြစ်တာကြောင့် အဆင်မပြောတာတွေရှိနိုင်ပါတယ်။ Current ဟာ သိသိသာသာ မမြင်နိုင်လောက်အောင် သေးနေမယ်ဆိုရင် Current တိုင်းရာ Probe(ထောက်တံ) အရောင်အရ wave ပေါ်ရာရဲ့ ၀ဲဖက်က A B တို့ကို ရွေးပြီး တစ်ခုချင်းကို အနိမ့်အမြင့် ညှိနိုင်ကြောင်းပါခင်ဗျ။ Inductor ကို General မှာလွယ်လွယ်ကူကူ ရှာလို့ ရနိုင်ပါတယ်ခင်ဗျာ။

အပေါ်ကနှစ်ပုံမှာတော့ Voltage ထွက်စနဲ့ Current ထွက်စဟာ အချိန်တစ်ခုတည်းဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ ကွာလာပါတယ်။ လုံလောက်တဲ့ မျှခြေ(ပုံမှန်ချိန်) တစ်ခုမှာတော့ အောက်ကပုံအတိုင်း တိုင်းတာရပါတယ်ခင်ဗျ။
ပုံထဲမှာ Current ဟာ Voltage စချိန်နောက် (ပန်းရောင်မြှားပြအစနေရာ) မှ စတင်မြင့်တယ်လို့ ထင်လာရပါတယ်။ တနည်းအားဖြင့် Current ဟာ နောက်ကျတယ်လို့ လွယ်လွယ်ပြောနိုင်ပါတယ်။

ဘာ့ကြောင့်လွယ်လွယ်လို့ ပြောနိုင်သလဲဆိုတော့ အရမ်းနောက်ကျလွန်းတော့လည်း စောတယ်လို့ ပြောလို့ ရသွားနိုင်တယ်လေ။ တစ်ပတ် (1 cycle)ပြီး တစ်ပတ်(1 cycle) စဉ်ဆက်မပြတ်တဲ့ Wave တွေကိုးခင်ဗျ။

ခုဆိုရင်တော့ ကျွန်တော်တို့ရတဲ့ လျှပ်စစ်မှာ Current နောက်ကျတာစောတာ ရှိနေနိုင်ပြီလို့ တွေးလို့ ရနိုင်လောက်ပါပြီခင်ဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကို လျှပ်စစ်အားပေးတဲ့ Generator တွေမှာ inductance ကို ဖြစ်စေတဲ့ wire ကြိုးခွေတွေ ပါနေလို့ပေါ့ခင်ဗျ။ Generator ပေါ်က name-plate မှာ Ø ဆိုတာလေးကို တွေ့ဖူးနိုင်ပါတယ်ခင်ဗျ။ အပေါ်ကပုံမှာတော့ 30' နီးပါးနောက်ကျနေတဲ့ Current ကိုတွေ့ရပါတယ်ခင်ဗျ။

တွေ့ရလွယ်တဲ့ မြင်နေကျ inductor လေးတွေ လျှောက်ရှာကြစို့ဗျာ ...

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်