မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

C++ အိမ်စာများ(၁)

ကျွန်တော့်ရဲ့ မေဂျာရင်းက EC ပေမယ့် လောလောဆယ်ယူရမယ့်ဘွဲ့က IT ဖြစ်နေတော့ ပထမနှစ်အနေနဲ့ C++ နဲ့ MabLAB တွေသင်နေရပါတယ်။

ကျွန်တော်နဲ့ အတူ ကျောင်းသား ၃၀ လောက် C++ သင်ယူနေကြရာမှာ ကျွန်တော်တို့အားလုံး အပတ်တိုင်း ပရိုဂမ်တွေ (အတူတူ) ရေးနေကြရပါတယ်။ ခုမှ တစ်လမပြည့်သေးတာမို့ အိမ်စာတွေကနည်းနေပါသေးတယ်။ ဒါပေမယ့်လည်း ဧည့်သည်တော်တွေ (စိတ်ဝင်စားမယ်ဆိုရင်) လိုက်ရေးကြည့်မယ်ဆိုရင် ကျွန်တော်လည်း အကူအညီ ရမှာပါပဲ။ ပြန်လည် စာနွှေးပြီးသားလည်း ရတာပေါ့ခင်ဗျာ။

အခုမှ ကကြီးရေကမို့ ဘာက ဘာကြောင့်တွေတော့ မသိဘူးနော်။ ကျွန်တော်ရေးပြမှာက ကျွန်တော်တို့ရဲ့ အိမ်စာတွေပါပဲ။ အိမ်စာတွေကို ကျောင်းက အစဉ်လိုက်လေးအတိုင်း အခြေခံ့ အခြေခံလေးက စရေးမယ်နော်။ ကျွန်တော်ကလည်း အဲဒီလောက်ပဲသိတာကိုးဗျ။

တစ်ခုသောအတန်းချိန်မှာပေါ့ဗျာ ...
ကျွန်တော်တို့ဆရာမက ကျွန်တော့်ကို a နဲ့ b integer နှစ်ခုကို ရိုက်ထည့်ရင် a ရဲ့ အဖြေက b ထွက် b ရဲ့ အဖြေက a ထွက် နေရာလည်း ထုတ်ပေးပါတဲ့။ သူကပြောသေးတယ်ဗျ။ a နဲ့ b ကလွဲလို့ တခြားဟာတွေ မသုံးရဘူးတဲ့။ အဲဒါနဲ့ပဲ ကျွန်တော်က အောက်ပါအတိုင်း စာရွက်ပေါ်မှာ ရေးပြလိုက်တယ်ခင်ဗျာ။

Code:
#include <iostream.h>
#include
<conio.h>
void main ()
{
int a,b;
cout<<"a="; cin>>a;
cout<<"b="; cin>>b;
cout<<"a="<
<b; cout<<"b="<<a;


ဆရာမက ရယ်တာပေါ့ဗျာ။ မဟုတ်သေးဘူးတဲ့။ တွက်ချက်ပြီးမှ ပြတဲ့။ equation နဲ့ တွက်ဦးတဲ့ဗျာ။ ဘာရမလဲ အောက်ကအတိုင်းရေးပြလိုက်တယ်။


Code:
#include <iostream.h>
#include
<conio.h>
void main ()
{
int a,b,x,y;
cout<<"a="; cin>>a;
cout<<"b="; cin>>b;
x=a;
y=b;
cout<<"a="<<y; cout<<"b="<<x;


အဲဒီလိုပြတော့ ဆရာမက အဲလို လိုချင်တာလည်း မဟုတ်ဘူးတဲ့ဗျ။ x နဲ့ y ကိုလည်း မပါချင်တော့ ပြန်ပါဘူးတဲ့။ a နဲ့ b သာပါရမယ်တဲ့။ ကျွန်တော် စဉ်းစားမိတယ် a=b ဒါဆို b ထဲကဟာ a ထဲထည့်။ a နဲ့ b က တူသွားပြန်ပြီ။ b=a ဆိုပြီး ထပ်ရေးတော့ b ထဲကို a ကဟာထည့်တော့ ဘာထူးလည်း ဗျာ a နဲ့ b ဟာ b တန်ဖိုးတိုင်းရတော့တာပဲလေ။ ဟုတ်ပါ့မလား ဆရာမရယ် ဆိုတော့ လည်း ဆရာမက ဟုတ်တယ် စဉ်းစားတဲ့။ သူက ကူပြောပါသေးတယ် +-*/ သုံးလို့ ရတယ်တဲ့။

ဒါနဲ့ပဲ စဉ်းစားလိုက်ရတာဗျာ။

x=a;
y=b;

ဒီနေရာမှာ ပြင်ဖို့အရေး စဉ်းစားရာက နောက်ဆုံးမှာတော့ ဒါလေးစဉ်းစားမိတယ်ဗျ။

a=10 b=9 ဆိုရင် a-b=1 အဲဒီ 1 ကို b နဲ့ ပေါင်းရင် a နဲ့တူပြီး b ကို ရမယ်လေ။ အဲဒီရတဲ့ b ထဲက 1 ကို နှုတ်ရင် a ကိုရရောပေါ့။

a=a-b;
b=a+b;
a=b-a;

အဲလို ရေးတော့မှ မှန်သွားသတဲ့ဗျာ။ တတ်လည်း တတ်နိုင်တဲ့ ဆရာမပဲ။

Code:
#include <iostream.h>
#include
<conio.h>
void main ()
{
int a,b;
cout<<"a="; cin>>a;
cout<<"b="; cin>>b;
a=a-b;
b=a+b;
a=b-a;
cout<<"a="<<a; cout<<"b="<<b;


Run တဲ့ပုံကတော့

a=31
b=25
a=25
b=31


ပေါ့နော်။

ဆက်လက်တင်ပြပါ့မယ်ခင်ဗျာ။


Guitar ပေါ်က မြန်မာသံ

အွန်လိုင်းပေါ်က မြန်မာမောင်နှမများအတွက် အပမ်းတော်ပြေစေခြင်းအလို့ငှာ လက်ထဲရှိတဲ့ ဂစ်တာလေးကို ကာပိုလေးတပ်ပြီး မယ်ဒလင်လိုကြိုးညှိပြီး "ချစ်ပြုံးနှင်းဆီ" သီချင်းလေးနဲ့ ဖျော်ဖြေလိုက်ပါတယ်ခင်ဗျာ။

ကျွန်တော့်ကို မယ်ဒလင်သင်ပေးခဲ့တဲ မန္တလေးနည်းပညာတက္ကသိုလ် မက္ခရာဆောင် စာဖိုဆောင်က ကိုကြီးကိုစိုးကို ဂါရ၀ပြုလျှက် ကျွန်တော်ပထမဆုံးမယ်ဒလင်စတီးတတ်တဲ့ သီချင်းလေးနဲ့ အမှတ်တရ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။




ချစ်ပြုံးနှင်းဆီ

ဖြူ ပြာ လဲ့ မူယာသွယ်နွဲ့ ချစ်တဲ့သူခင်ရယ် ...
မာန်ငြိုမျက်နှာထားတွေရယ် အငြိုးကြီးနဲ့ စိမ်းနိုင်လေအားတယ် ...
ရွှေနှင်းဆီ ငုံလေးရယ် နှုတ်ခမ်းတော် ဆူလွန်းတယ် ...

နေ့စဉ်စောင့်ပါလို့ရယ် နေပေမယ့်ကွယ်
ပွင့်နှိုင်ခဲပါဘိတယ် သန္တာလဲ့ရယ်
ဘယ်ခါချစ်ပြုံးမာလာကိုကွယ် ခူးဆွတ်လို့ ဘုန်းမောင်နမ်းလာမယ် ...

ချစ်ပြုံးနှင်းဆီတစ်ပွင့်ကို မျှော်ကာတလင့်လင့် ကြိုတင်မှန်းဆရွယ် ...
ဘယ်ရာသီဝယ် မာလာရယ်ပွင့်မှာလဲ အချစ်ရယ် ...
တစ်ငုံတည်း မစုံဘဲ နည်းနည်းလေး လျှော့စေချင်ပါတယ် ...
သဘာဝတရားရဲ့ မတားသာဘဲမို့ကွယ် ...
ပြုံးလိုက်ပါတော့လားကွယ် သနားမမျှတဲ့ လှနှင်းဆီရယ် ...

အနီးစပ်ဆုံး နုတ်ထုတ်ပေးလိုက်ပါတယ်ခင်ဗျာ။

နုတ်လေးတွေ ခွဲထားပုံကို (အနောက်တိုင်းစတိုင်နဲ့) နားထောင်ကြည့်လိုတယ်ဆိုရင်တော့ ဒီမှာကလစ်ပါ။

အချိန်ပေးပြီး မြန်မာ့ဂီတအကြောင်း ကျွန်တော်သိသလောက် မွှားတိမွှားတားလေးတွေနဲ့ မယ်ဒလင်တီးတတ်သလောက် သင်ပေးချင်ပါသေးတယ်ခင်ဗျာ။

ဆင်နွှဲခဲ့တဲ့ အာဆီယံပွဲတော်



သိပ်မကြာခင်ကာလကပဲ အပေါ်က ပွဲတော်လေးဆီ ရောက်သွားဖြစ်ခဲ့ပါတယ်။ အားလုံးပဲ အပန်းတော်ပြေစေဖို့ အာဆီယံက နှမများနဲ့တကွ ဦးရွှေရိုးဒေါ်မိုးအကနဲ့ ဖျော်ဖြေလိုက်ရပါတယ်ခင်ဗျာ။

ဒီအကကတော့ ဘယ်နိုင်ငံက တင်ဆက်သွားလိုက်မှန်းမသိပါဘူးခင်ဗျ။ (အင်ဒိုနီးရှားထင်ပါတယ်။) နှစ်ယောက်ထဲနဲ့ ပွဲကြမ်းသွားတာ ကောင်လေးတွေလား ကောင်မလေးတွေလားတောင် မသိလိုက်ပါဘူး။


ဒါကတော့ လာအိုမလေးတွေရဲ့ ပထမ ကကွက်တွေပါ။ သူတို့တတွေကတော့ မော်စကိုမှာ စီးပွားရေးတက္ကသိုလ်လာတက်တဲ့ ကျောင်းသူလေးတွေပါတဲ့။ ၆ နှစ်တောင် တက်ကြမှာလို့ ဆိုပါတယ်ခင်ဗျ။ ကျွန်တော်တို့နဲ့တော့ တော်တော်လေး ရင်းနှီးသွားပါတယ်။ :D


ဒါကတော့ကျွန်တော်တို့ရဲ့ ဦးရွှေရိုးဒေါ်မိုးအကပါ။ ပွဲမှာတော့ အမြိုင်ဆိုင်ဆုံးနဲ့ အတက်ကြွဆုံး ဖျော်ဖြေဖြစ်ခဲ့တယ်လို့ ထင်ပါတယ်ခင်ဗျ။


ဒါကတော့ တစ်ယောက်တည်း လာကဲတဲ့ ဗီယက်နမ်မမပါ။ ကျွန်တော်တို့ ယောက်ျားလေးတွေကြား အေးအေးဆေးဆေးပဲ ၀င်လာပြီး တစ်ယောက်တည်းထိုင် အလှပြင်တယ်။ အေးဆေးပဲ။ ပြုံးပြုံး ပြုံးပြုံးနဲ့ ဖျော်ဖြေသွားတော့လည်း တကယ့်ဒေါင်းမလေးလိုပါပဲ။


ဒါကတော့ ပွဲသိမ်းအက လာအိုမလေးတွေဖြစ်ပါတယ်။ အားပေးလိုက်ကြပါဦးဗျာ။


ဒါတွေကို မှတ်တမ်းတင်ပေးတဲ့ အစ်ကိုကြီးကို ကျေးဇူးတင်လျှက်ပါ။

ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြပါစေခင်ဗျာ။

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်