မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

Auto-CAD 3D-examples (၄၈)

ကျောင်းလေးပိတ်တုန်း နားကောင်းကောင်းနဲ့ နားလိုက်တာဗျာ မိသားစုနဲ့ တော်တော်လေးတောင် အဆက်ပြတ်သွားပါတယ်ခင်ဗျ။ ကဲဗျာ ပုံလေးတွေ ဆက်ဆွဲကြပါစို့ခင်ဗျ။ ပေးထားတဲ့ပုံက အောက်မှာပါ။
ပထမဆုံးတော့ အောက်ကပုံလေးအတိုင်းပဲ အလျှားအနံအမြင့်ရှိတဲ့ ကိုယ်ထည်လေး ဆွဲလိုက်ပါတယ်ခင်ဗျ။
ပြီးတာနဲ့ layer လေးတွေ အောက်ကအတိုင်း ၀ါစိမ်းနီပြာရယ်လို့ ထားလိုက်ပါတယ်။

အ၀ါနဲ့ စ ဆွဲမှာနော်။ ထောင့်မှန်စတုဂံတုံးရဲ့ အလယ်ကို မသိလို့ ကန့်လန့်ဖြတ်မျဉ်းလေးဆွဲပြီး Center ရှာလိုက်ပါတယ်။
အချင်း ၄၀ အမြင့် ၃၀ တုံးလေး လုပ်လိုက်ပါတယ်။ သူ့ရဲ့ အပေါ်မျက်နှာပြင်မှာ အစိမ်းရောင် layer ကို သုံးပြီး အချင်း ၆၀ အမြင့် ၄၀ ဆလင်ဒါကို ဆွဲလိုက်ပါတယ်။
ပြီးတော့ အနီရောင် layer ကိုသုံးပြီး အချင်း ၁၂၀ အမြင့် ၁၈၀ ဆလင်ဒါကို ဆွဲလိုက်ပါတယ်ခင်ဗျ။
ဒါက အကြမ်းထည်ပါ ကျွန်တော်တို့ အောက်ကပုံလေးရအောင် ဆက်လက် ဖြတ်ထုတ်ကြပါစို့ဗျာ။

Transient Analysis (၅)

၃။ Capacitor မှ ဗို့အားရပြီးအခြေအနေ
ုသူကတော့ အရင်ပို့စ်မှာ တင်ပြခဲ့ပြီးပါပြီခင်ဗျ။

၎။ Capacitor မှ ဗို့အားပြန်ထုတ်ဆဲအခြေအနေ
ဒီအခြေအနေမှာလည်း အပိုင်းလိုက်လေးနှစ်ပိုင်းခွဲပြီး လေ့လာတာပိုကောင်းမယ်ဗျ။
(၁) ဘယ်အမြင့်ထိ (ဘယ်တန်းဖိုးထိ) ပြန်ထုတ်မှာလဲ။
(၂) ဘယ်လိုနှုန်းနဲ့ ပြန်ထုတ်မှာလဲ။ (အချိန်ဘယ်လောက်ယူမှာလဲ။)

(၁) ဘယ်အမြင့်ထိ (ဘယ်တန်းဖိုးထိ) ပြန်ထုတ်မှာလဲ။
ပြန်ထုတ်မှတော့ ကုန်အောင်ထုတ်မှာပေါ့ဗျာ။ ဘယ်လောက်ကနေလဲဆို အစက သိုလှောင်ခဲ့သလောက်ကနေလို့ပြောရမှာပေါ့ဗျာ။ အပေါ်က ဆားကစ်လေးမှာတော့ အချိန်တွေအကြာကြီးသိုလှောင်ခဲ့လို့ 5V ရခဲ့တယ်လို့ ယူဆလိုက်ပြီနော်။

ဒီတော့ 5V ကနေ 0V ထိပြန်ထုတ်မယ်လို့ ပြောလို့ရပြီပေါ့ဗျာ။

(၂) ဘယ်လိုနှုန်းနဲ့ ပြန်ထုတ်မှာလဲ။ (အချိန်ဘယ်လောက်ယူမှာလဲ။)

အချိန်ဘယ်လောက်ယူမှာလဲဆိုတာကတော့ Infinity ထိလို့ပြောရပါမယ်။ ကနဦး 5V မှသည် နောက်ဆုံး 0V ထိ ကြာချိန်ဟာ Infinity ရှိပါတယ်။ ဘယ်တော့မှ ကုန်မှာ မဟုတ်ဘူးပေါ့ဗျာ။

ပြန်ထုတ်နှုန်းလေးတော့ရှိပါတယ်။ function ပုံစံနဲ့ပြရရင်
ဖန်ရှင်လေးကရှင်းပါတယ်။ time=0s မှာဆို e power သုညမို့ 1 ဖြစ်မယ်။ နဂိုက 5V ပဲရှိနေမှာပါ။ time=infinity မှာတော့ e powe infinity မို့ 0 ဖြစ်မယ်။

ဒီသဘောတွေပေါင်းပြီး အပေါ်က ဆားကစ်အတွက် Requ ကို Capacitor ဆီကနေ အောက်က ပုံလေးအတိုင်း လှမ်းမျှော်ကြည့်လိုက်ပါတယ်ခင်ဗျာ။ ( အားသွင်းစဉ်က လမ်းကြောင်းနဲ့ ပြန်ထုတ်တဲ့ လမ်းကောင်းမတူတော့တာကို သတိပြုစေချင်ပါတယ်ခင်ဗျာ။)
Requ က 1 ရပါတယ်။ C တန်းဖိုးလေးထည့်တာနဲ့ပဲ အပေါ်က Curve ကိုတည်ဆောက်လို့ ရပြီပေါ့ခင်ဗျာ။

ခဏနားဦးမယ်ဗျာ။

Transient Analysis (၄)

၂။ Capacitor မှ ဗို့အားသိုလှောင်ဆဲအခြေအနေ
ဒီအခြေအနေမှာ အပိုင်းလိုက်လေးနှစ်ပိုင်းခွဲပြီး လေ့လာတာပိုကောင်းမယ်ဗျ။
၁။ ဘယ်အမြင့်ထိ (ဘယ်တန်းဖိုးထိ) သိုလှောင်မှာလဲ။
၂။ ဘယ်လိုနှုန်းနဲ့ သိုလှောင်မှာလဲ။ (အချိန်ဘယ်လောက်ယူမှာလဲ။)

၁။ ဘယ်အမြင့်ထိ (ဘယ်တန်းဖိုးထိ) သိုလှောင်မှာလဲ။
အစကတော့ ဘာမှမရှိတဲ့ သုညပေါ့ဗျာ။ ဘယ်အမြင့်ထိသိုလှောင်မှာလဲ ဆိုတာကတော့ ဟိုးအပေါ်ပိုစ့်မှာ ကျွန်တော်ရေးခဲ့တဲ့ အားပြည့်သွားစဉ်အခြေအနေနဲ့ ယှဉ်တွဲလေ့လာရပါမယ်။

Capacitor အားပြည့်စဉ်မှာ Opened ဖြစ်နေကြောင်း ပြောခဲ့ပါတယ်။ ဒါလေးကိုသုံးပြီး ရမယ့် Voltage ကိုရှာကြည့်မယ်ဗျာ။Opened လုပ်ကြည့်လိုက်တော့ Vc (Capacitor Voltage) ဟာ သူနဲ့အပြိုင် Resistor ရဲ့ Volyage တန်ဖိုးအတိုင်းရလာပါမယ်။ 5V ပေါ့ဗျာ။

(နောက်ပိုင်းမှာ နမူဏာပုံစံတွေ စုံအောင်ထည့်ပေးပါ့မယ်ခင်ဗျ။)

၂။ ဘယ်လိုနှုန်းနဲ့ သိုလှောင်မှာလဲ။ (အချိန်ဘယ်လောက်ယူမှာလဲ။)

အချိန်ဘယ်လောက်ယူမှာလဲဆိုတာကတော့ Infinity ထိလို့ပြောရပါမယ်။ ကနဦး 0V မှာသည် နောက်ဆုံး 5V ပြည့်အောင်ထိ ကြာချိန်ဟာ Infinity ရှိပါတယ်။ ဘယ်တော့မှ ပြည့်မှာ မဟုတ်ဘူးပေါ့ဗျာ။

သိုလှောင်နှုန်းလေးတော့ရှိပါတယ်။ function ပုံစံနဲ့ပြရရင်
ဖန်ရှင်လေးကရှင်းပါတယ်။ time=0s မှာဆို e power သုညမို့ 1 ဖြစ်မယ်။ ၁ ထဲက ၁ နှုတ်ပြီး Vc က 0V ရသွားတာပါပဲ။ time=infinity မှာတော့ e powe infinity မို့ 0 ဖြစ်မယ်။ ၁ ထဲက ၀ နှုတ်ပြီး Vc က Vcf( final Capacitor Voltage) နဲ့တူသွားဖို့ပါပဲ။

ဒီနေရာမှာ 1/(RC) အချိုးလေးက အသက်လို့ပြောရပါမယ်။ အဲဒီထဲကမှ Requ (R equivalent) က ပိုပြီးတော့ အရေးကြီးပါတယ်။

equivalent Resistance ဟာ ဒီနေရာမှာ Capacitor က နေ ခံစားရတဲ့ effect ဖြစ်တာကြောင့် Capacitor မှ မြင်ရတဲ့ Resistance အားသာ ဖြစ်မှာပါတယ်။

ဒီနေရာမှာ ဟိုစဉ်ကတွေးခဲ့တဲ့ equivalent သဘာဝတွေ ပါဝင်လာပြန်ပါတယ်။ တခြားတော့မဟုတ်ပါဘူး။ Voltage Source နဲ့ Current Source ရဲ့ Resistance အပေါ်အားပေးမှုပါ။ ပြန်အစကောက်ပေးပါ့မယ်ခင်ဗျာ။ Voltage Source ရဲ့ စီးဆင်းစေမှုအားဟာ Circuit ရဲ့ Resistance ကိုလျော့ကျစေပါတယ်။ ဒါ့ကြောင့် R equivalent တွက်ရာမှာ Voltage Source ကို Short လုပ်ထားရပါတယ်။ Current Source ကိုတော့ Short လုပ်ထားရပါတယ်။

ဒီသဘောတွေပေါင်းပြီး အပေါ်က ဆားကစ်အတွက် Requ ကို Capacitor ဆီကနေ အောက်က ပုံလေးအတိုင်း လှမ်းမျှော်ကြည့်လိုက်ပါတယ်ခင်ဗျာ။
Requ က 0.5 ရပါတယ်။ C တန်းဖိုးလေးထည့်တာနဲ့ပဲ အပေါ်က Curve ကိုတည်ဆောက်လို့ ရပြီပေါ့ခင်ဗျာ။

ခဏနားဦးမယ်ဗျာ။

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်