၁။ Capacitor သို့ ဗို့အားမသိုမှီအခြေအနေဒီပုံလေးမှာ ခလုပ်လေးကို off အောင်လုပ်ထားပါတယ်။ ဒီနေရာမှာ ခလုပ်အဖွင့်အပိတ်အခေါ်အဝေါ်လေးကို ပြောပြချင်ပါသေးတယ်။
ဝေါဟာတွေ Switch ON/ Switch OFF/ Switch Closed/ Switch Opened ဆိုပြီး ၄ ခုရှိပါတယ်။ အောက်ကပုံလေးအတိုင်းခွဲခြားလို့ရပါတယ်။အဲဒီလို ခလုပ်လေးကို လျှပ်စစ်မစီးအောင်လုပ်ထားတော့ Capacitor ထဲက ဘာအားမှ ၀င်မလာဘူးပေါ့ဗျာ။ ဒီအချိန်မှာ Capacitor Voltage က 0V ပေါ့ဗျာ။ Current ရောလို့ စစ်စစ်ပေါက်ပေါက်မေးရင် 0A လိုပဲဖြေရပါလိမ့်မယ်။
ဟိုးအရင်က သိုလှောင်ခဲ့တာလေးများ လက်ကျန်ရှိသေးရင်ရောလို့ စောဒကတက်ရင်တော့ ဟုတ်ပါတယ် မဆိုသလောက်လေးကျန်မှာပါဗျာလို့ ၀န်ခံရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတာဆက်လေ့လာကြစို့ဗျာ။
Transient Analysis (၃)
ကိုပခန်း, Friday, 24 July 2009Transient Analysis (၂)
ကိုပခန်း,အပေါ်ကပုံတွေကို နားလည်ဖို့ရာ ပထမဆုံး Capacitor ရဲ့ သဘောသဘာဝလေးကို ပထမသိဖို့လိုပါတယ်။ နည်းနည်းလောက်တွေးကြည့်ကြမယ်လေ။
Capacitor တစ်လုံးဟာ အားသွင်းမခံရဘူးဆိုရင် သူ့မှာ အားမရှိဘူး။ တစ်နည်းအားဖြင့် Voltage မရှိဘူးဆိုရမယ်။ ဒီတော့ Resistance သုညဖြစ်နေတဲ့ ကြိုးတစ်ချောင်းနဲ့ အလားသဏ္ဍန်တူတယ်လို့ ပြောလို့ရတယ်။ Current တော့ စီးနေနိုင်ပါတယ်။ ဒါပေမယ့် Voltage တော့ မရှိဘူးလေ။ ဒီလိုအချက်တွေကြောင့်
Capacitor ရဲ့ အားမဲ့အခြေအနေ (before Charging & after Recharging) ဟာ Short Circuit တိုက်ရိုက်ဖြတ်စီးနေတဲ့ ကြိုတစ်ချောင်းနဲ့ တူပါတယ်၊
ဒါဆိုရင် အားပြည့်တဲ့ အခါဘာနဲ့တူမလဲ တွေးဖို့လိုလာပါပြီ။ အားပြည့်တယ်ဆိုတော့ Voltage အပြည့်ရတာပေါ့လေ။ ဒီတော့ Current မစီးတော့ပါဘူး။ Resistance အနန္တဖြစ်စေတဲ့ ပြတ်နေတဲ့ကြိုးနဲ့ အလားသဏ္ဍန်တူပါမယ်။
ဒီလိုအချက်တွေကြောင့်
Capacitor ရဲ့ အားရှိအခြေအနေ (after Charging & before Recharging) ဟာ Open Circuit ပြတ်တောင်းနေတဲ့ ကြိုတစ်ချောင်းနဲ့ တူပါတယ်။
ဒါဆိုရင် အပေါ်က ပုံလေးတွေနဲ့ယှဉ်တွဲကြည့်လိုက်ကြရအောင်ဗျာ။
Transient Analysis (၁)
ကိုပခနျး, Thursday, 23 July 2009နွေရာသီကျောင်းပိတ်ရက်အစမှာ လည်လို့လည်းအားရသွားတော့ ဘလော့လေးဆီပြန်ရောက်ပါတယ်ခင်ဗျာ။
ဒီနေ့မှာပဲ ကျွန်တော့်ရဲ့ ခေါင်းစဉ်အသစ် Transient Analysis ကိုစတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီဘာသာရပ်ဟာ အီလက်ထရောနစ်သမားများအတွက် အင်မတန်လွယ်ကူကောင်း လွယ်ကူနေနိုင်ပေမယ့်၊ ကျောင်းသားများအဖို့တော့ မျက်စိအင်မတန်လည်တတ်တဲ့ ဘာသာရပ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကတော့ ဟိုစဉ်က မှတ်သားကခဲ့တာလေးတွေ ပြန်လည်ခေါ်ယူလို့ ဆားကစ်လေးတွေ စီရရီလုပ်ကြည့်ပါတော့မယ်။
ပထမဆုံး Capacitor ရဲ့ Voltage သွင်းယူပုံနဲ့ ထုတ်ပစ်လိုက်ပုံကို အလွယ်ဆုံးဆားကစ်လေးနဲ့ ပုံဖေါ်လိုက်ပါတော့မယ်။ လောလောဆယ်အကြမ်းဖျဉ်း စဉ်ကြည့်လိုက်ရင် အောက်ကဆားကစ်ပုံ ၅ ပုံကို CircuitMaker ကနေဆွဲယူလိုက်ပါတယ်။
အရင်ကပုံတွေနဲ့စာရင်တိုးလာတာတဲ့ နှစ်ခုကိုအောက်ကပုံလေးအတိုင်းအရင်ရှာယူလိုက်ပါခင်ဗျ။၁။ Capacitor သို့ ဗို့အားမသိုမှီအခြေအနေ
၂။ Capacitor မှ ဗို့အားသိုလှောင်ဆဲအခြေအနေ
၃။ Capacitor မှ ဗို့အားရပြီးအခြေအနေ
၎။ Capacitor မှ ဗို့အားပြန်ထုတ်ဆဲအခြေအနေ
၅။ Capacitor မှ ဗို့အားပြန်ထုတ်ပြီးအခြေအနေ
ဒီအခြေအနေ ၅မျိုးမှာ ၁ ၃ ၅ တို့ဟာ တည်ငြိမ်နေတဲ့အပိုင်းတွေလို့ဆိုရပါမယ်။ ၂ နဲ့ ၃ တို့ဟာ လှုပ်ရှားတဲ့အပိုင်းတွေပါ။ အဲလို လှုပ်ရှားတဲ့အပိုင်းတွေကိုလေ့လာတာကို Transient Analysis လို့ခေါ်ဟန်ရှိပါတယ်။
အပေါ်က flow လေးကမိတ်ဆက်ပေါ့နော်။ နောက်ပို့စ်တွေမှာတော့ အခြေအနေတစ်ခုချင်းရော၊ တစ်ခုနဲ့တစ်ခုရောယှက်လို့ရော မွှေနှောက်ကြတာပေါ့ဗျာ။